May ၂၅ ရက်နေ့ ကျင်းပသွားမှာပါ။

စိုင်းစိုင်းခမ်းလှိုင်တစ်ယောက် မကြာခင် မန္တလေးက ပရိသတ်တွေနဲ့ ဆုံရတော့မှာဖြစ်လို့ ရင်ခုန်နေပါပြီတဲ့။ မေလ ၂၅ ရက်နေ့ဆိုရင် မန္တလေးမှာ Sai Sai Mandalay Show ပွဲကြီးကို ခမ်းခမ်းနားနား ပြုလုပ်တော့မှာဖြစ်ပါတယ်။

Photo: Thein Than Oo



စိုင်းစိုင်းက မကြာခင် မန္တလေးမှာ ပြုလုပ်မယ့် Sai Sai Mandalay Show ပွဲအတွက် စိတ်လှုပ်ရှားလို့နေပါပြီတဲ့။ ခမ်းခမ်းနားနားလုပ်မယ့် ပွဲဖြစ်တာကြောင့်လည်း သူ့အတွက် အမှတ်တရပွဲတစ်ပွဲဖြစ်ဖို့ မျှော်လင့်တယ်လို့ ဆိုပါတယ်။

‘’BIRTHDAY SHOW 19 ရဲ့ Highlight Video အတိုလေး အမှတ်တရ သိမ်းထားပါတယ်။ SAISAI SHOW အားလုံးထဲမှာ ပရိသတ်အများဆုံးနဲ့ အအောင်မြင်ဆုံးပွဲတစ်ခုလည်း ဖြစ်ခဲ့ပါတယ် ။ လာမယ့် မန္တလေးပွဲကျရင်ရော ဒီလိုမျိုး တခဲနက် အားပေးမှုမျိုး ရနိုင်မလား။ကျွန်တော်ရင်တွေခုန်နေပြီ’’ ဆိုပြီးတော့ မေလ ၁၈ ရက်နေ့ မနက် ၁၀နာရီခွဲက သူ့ရဲ့ ဖေ့စ်ဘွတ်ပေ့ချ်မှာရေးသားခဲ့ပါတယ်။ 

Photo: Thein Than Oo

Sai Sai Mandalay Show ပွဲကို မေလ ၂၅ ရက်နေ့ မန္တလာသီရိကွင်းမှာ ကျင်းပပြုလုပ်သွားမယ်လို့ သိရပါတယ်။ ဒီဖျော်ဖြေပွဲကိုလည်း Sai Sai Birthday Show တုန်းကလိုပဲ ခမ်းခမ်းနားနား ကျင်းပပြုလုပ်သွားမယ်လို့ သူ့ရဲ့ ဖေ့စ်ဘွတ်စာမျက်နှာမှာ ရေးသားခဲ့ဖူးပါတယ်။ Show ပွဲ လက်မှတ်တွေကိုတော့ OMG , OZONE , 501 , မန်းသီရိ , လှိုင်း , ကြည်ပြာ တို့မှာ ဝယ်ယူရရှိနိုင်တယ်လို့ ဆိုပါတယ်။

Photo: Thein Than Oo

စိုင်းစိုင်း(Sai Sai)က ၂၀၁၉ ခုနှစ် ဧပြီလ ၁၀ ရက်နေ့မှာ အသက် ၄၀ ပြည့်ခဲ့တာဖြစ်ပါတယ်။ သူဟာ ၁၈ နှစ်အရွယ်ကတည်းက အနုပညာအလုပ်တွေ စတင်လုပ်ဆောင်ခဲ့သူတစ်ယောက် ဖြစ်ပါတယ်။ သူဟာ အခုလို ထိပ်တန်းစာရင်းဝင်အနုပညာရှင်တစ်ယောက်ဖြစ်လာဖို့ အခက်အခဲပေါင်းများစွာကိုလည်း ကျော်ဖြတ်ခဲ့ရပါတယ်တဲ့။ ဒီအခက်အခဲတွေကို ကြံ့ကြံ့ခံ ရင်ဆိုင်နိုင်ခဲ့လို့လည်း အခုလို အောင်မြင်နေရတာဖြစ်တယ်ဆိုတာကို မီဒီယာ အင်တာဗျူးတွေမှာ ဖြေဆိုခဲ့ဖူးပါတယ်။

Photo: Thein Than Oo

သူဟာ ၂၀၁၉ ခုနှစ် ဧပြီလ ၁၀ ရက်နေ့မှာ အသက် ၄၀ ပြည့်ခဲ့တာဖြစ်ပါတယ်။ သူဟာ ၁၈ နှစ်အရွယ်ကတည်းက အနုပညာအလုပ်တွေ စတင်လုပ်ဆောင်ခဲ့သူတစ်ယောက်ဖြစ်ပါတယ်။ သူဟာ အခုလို ထိပ်တန်းစာရင်းဝင်အနုပညာရှင်တစ်ယောက်ဖြစ်လာဖို့ အခက်အခဲပေါင်းများစွာကိုလည်း ကျော်ဖြတ်ခဲ့ရပါတယ်တဲ့။ ဒီအခက်အခဲတွေကို ကြံ့ကြံ့ခံ ရင်ဆိုင်နိုင်ခဲ့လို့လည်း အခုလို အောင်မြင်နေရတာဖြစ်တယ်ဆိုတာကို မီဒီယာ အင်တာဗျူးတွေမှာ ဖြေဆိုခဲ့ဖူးပါတယ်။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က