• မန်စီးတီးမှာ ဖြစ်ပွားနေပုံရတဲ့ အီဒါဆန်နဲ့ အော်တီဂါ ဂိုးသမားနှစ်ယောက်ရဲ့ပြဿနာ

အီဒါဆန်က အသင်းကနေ ထွက်ခွာဖို့ ပြင်ဆင်နေပါပြီ။

မန်စီးတီးဂိုးသမား အီဒါဆန်ဟာ လက်ရှိနွေရာသီမှာ အသင်းကနေ ထွက်ခွာဖို့ ပြင်ဆင်နေပြီး ဒါက ဒုတိယဂိုးသမား အော်တီဂါကို လူတွေရဲ့ ချီးမြှောက်မှုနဲ့ သက်ဆိုင်တယ်လို့ သတင်းထွက်နေပါတယ်။ မန်စီးတီးမှာတော့ အီဒါဆန်က အဓိက​ဦးစားပေး ဂိုးသမားပါ။

image

ဒါပေမယ့် နောက်ပိုင်း ဖလားပွဲတွေမှာ အော်တီဂါက မန်စီးတီးအတွက် အခွင့်အရေး​ရလာသလို အီဒါဆန် မကစားနိုင်ချိန်၊ စပါးနဲ့ ပရီးမီးယားလိဂ်ချန်ပီယံဆု အဆုံးအဖြတ်ပွဲမှာလည်း အော်တီဂါက အကောင်းဆုံး လက်စွမ်းပြခဲ့ပါတယ်။ အဲ့ဒါကြောင့်လည်း ဂွါဒီယိုလာအပါအဝင် မန်စီးတီးပရိသတ်တွေရဲ့ ချီးကျူးအားပေးမှုကို အော်တီဂါက ရရှိလာခဲ့ပါတယ်။

image

ဒါကြောင့်ပဲ အီဒါဆန်က အသင်းကနေ ထွက်ဖို့ ပြင်ဆင်နေတယ်လို့ သတင်းတွေ ထွက်ပေါ်ခဲ့ပြီး အီဒါဆန်ရဲ့ ဇနီးသည် လိုင်အက်စ်က​ “အရင်ဆုံး ပိုကောင်းတဲ့ သတင်းအချက်အလက်ကို သွားယူခဲ့ကြပါ၊ ဒါတွေအကုန်လုံးက သတင်းမှားတွေချည်းပါပဲ” လို့ အင်စတာဂရမ်ကတစ်ဆင့် ပြောကြားခဲ့ပါတယ်။

မန်စီးတီးနည်းပြ ဂွါဒီယိုလာကလည်း အီဒါဆန်ရဲ့ အနာဂတ်နဲ့ ပတ်သက်လို့ အာမခံချက် မပေးထားပါဘူး။ သူကိုယ်တိုင်က အီဒါဆန်ကို အသင်းမှာ ဆက်ရှိစေချင်သည့်တိုင် အီဒါဆန်ကလည်း အသင်းကနေ ထွက်ခွာလိုနေတာကြောင့် ပေါင်သန်း (၄၀) နဲ့ ရောင်းချသွားဖွယ်ရှိပါတယ်။

Share

Loading Next Article...
က္က