မန်စီးတီးကို အဝေးကွင်းမှာ လေးဂိုးအထိ ပေးခဲ့ရတာပါ။

ရီးရဲလ်မက်ဒရစ်နည်းပြ အန်ဆယ်လော့တီက မန်စီးတီးကို ၄-၃ ဂိုးနဲ့ ရှုံးနိမ့်ခဲ့တဲ့ ချန်ပီယံလိဂ် ဆီမီးဖိုင်နယ် ပထမအကျော့ပွဲစဥ်မှာ သူ့အသင်းက တိုက်စစ်ဆင်ဖို့ မရည်ရွယ်ခဲ့ကြောင်း၊ ခံစစ်ကို ပိုမိုကောင်းမွန်အောင် ကစားနိုင်ဖို့သာ ပြင်ဆင်ခဲ့ကြောင်း ဖွင့်ဟလိုက်ပါတယ်။



ဒီပွဲမှာ မန်စီးတီးကစားပုံက တော်တော်လေး ကောင်းမွန်ခဲ့ပြီး ဂိုးသွင်းသာ သေချာခဲ့ရင် ရီးရဲလ်မက်ဒရစ်တို့ အခုထက် ပေးဂိုး ပိုမိုများပြားသွားနိုင်ပါတယ်။ ဒါပေမယ့် ရီးရဲလ်မက်ဒရစ်ကလည်း ဘန်ဇီမာရဲ့ ချေပဂိုးနှစ်ဂိုးအပါအဝင် သုံးဂိုးပြန်ရခဲ့ပြီး အပြန်အလှန်သွင်းဂိုးတွေနဲ့ နှစ်သင်းပေါင်း (၇) ဂိုးအထိ သွင်းဂိုးတွေ များပြားခဲ့တာပါ။

ဒီပွဲအတွက် ရီးရဲလ်မက်ဒရစ်နောက်တန်းမှာ ပွဲထွက်လာတဲ့ ကာဗာဟယ်လ်၊ မီလီတာအို၊ အလာဘာ၊ မန်ဒီတို့ ပုံစံကောင်းပြဖို့ ရုန်းကန်ခဲ့ရပြီး ပွဲအပြီးမှာတော့ ဒီပွဲအတွက် ရီးရဲလ်မက်ဒရစ်ရဲ့ နည်းစနစ်ပိုင်းနဲ့ ပတ်သက်လို့ အန်ဆယ်လော့တီက အခုလိုပဲ ထုတ်ဖော်ပြောကြားခဲ့ပါတယ်။ အန်ဆယ်လော့တီက “ကျနော်တို့က တိုက်စစ်ကစားဖို့ ပြင်ဆင်ခဲ့တာ မဟုတ်ပါဘူး”

“တကယ်မဟုတ်ပါဘူး။ ကျနော်တို့ရဲ့ အစီအစဥ်က ခံစစ်ပိုကောင်းအောင် ခုခံကစားနိုင်ဖို့ပါ။ ဒါပေမယ့် ကျနော်တို့က တကယ်ကို ဆိုးရွားတဲ့ပုံစံမျိုးနဲ့ ပွဲကို အစပြုခဲ့ပြီး စောစောစီးစီး နှစ်ဂိုးပေးလိုက်ရပါတယ်။ တခုက ကျနော်တို့ အကောင်းဆုံး တုံ့ပြန်နိုင်ခဲ့ပါတယ်။ ပွဲချိန်တွင်းမှာလည်း အသက်ရှိခဲ့ပါတယ်”

“နောက်ပြီး ဗိုလ်လုပွဲတက်ဖို့အတွက်လည်း မျှော်လင့်ချက်ရှင်သန်နေဆဲဖြစ်ပြီး အိမ်ကွင်းပွဲရှိသေးတာကြောင့် ပရိသတ်တွေက ကျနော်တို့ကို အကူအညီပေးနိုင်ပါလိမ့်မယ်” လို့ ပြောကြားသွားခဲ့ပါတယ်။ ရီးရဲလ်မက်ဒရစ်ဟာ ချန်ပီယံလိဂ်ဆီမီးဖိုင်နယ် ဒုတိယအကျော့အဖြစ် မန်စီးတီးကို လာမယ့်တပတ် အိမ်ကွင်း ဘာနေဗျူးမှာ ဧည့်ခံကစားရမှာပါ။ ခု့ရဲ့ အစီအစ်ဆင်ခားပါတော်မျပ--

Share

Loading Next Article...
က္က