ရီးရဲလ်မက်ဒရစ်နည်းပြ အန်ဆယ်လော့တီက မန်စီးတီးနဲ့ ထိပ်တိုက်တွေ့ဆုံတဲ့အပေါ် စိုးရိမ်စိတ်မရှိဘဲ အကောင်းမြင်စိတ်ပဲရှိတယ်လို့ ပြောကြားခဲ့ပါတယ်။ ချန်ပီယံလိဂ် ကွာတားဖိုင်နယ်အဆင့်တွေ မဲခွဲတဲ့နေရာမှာ မန်စီးတီးနဲ့ ရီးရဲလ်မက်ဒရစ်တို့ ထိပ်တိုက်တွေ့ခဲ့တာပါ။


အခု ဒီနှစ် ကွာတားဖိုင်နယ်မှာလည်း ထပ်မံထိပ်တိုက်တွေ့ဆုံနေကြပြီး ဒီအပေါ်မှာ အန်ဆယ်လော့တီက ဖွင့်ဟလာခဲ့တာပါ။ အန်ဆယ်လော့တီက “ကွာတားဖိုင်နယ်မဲခွဲပြီးတဲ့နောက် မန်စီးတီးဘက်က စိုးရိမ်နေမလား ကျွန်တော် မသိပါဘူး။ ဒါပေမယ့် ကျွန်တော်တို့ကတော့ စိုးရိမ်ပူပန်မှုမရှိပါဘူး”
“အကောင်းမြင်စိတ်ပဲရှိပါတယ်။ ကျွန်တော်တို့ မန်စီးတီးကို ယုံကြည်ချက်အပြည့်နဲ့ ရင်ဆိုင်မှာပါ။ ပထမတစ်နှစ်မှာ ကျွန်တော်တို့ နိုင်တယ်။ နောက်တစ်နှစ်ကျတော့ သူတို့ ပြန်နိုင်ပါတယ်။ အခု ဒီနှစ်တော့ ဆက်ပြီး စောင့်ကြည့်ကြတာပေါ့” လို့ ပြောကြားသွားခဲ့ပါတယ်။