2019 - 202 DPC ရာသီအသစ်ရဲ့ ပထမဆုံးမေဂျာပြိုင်ပွဲ MDL Chengdu Dota 2 ချန်ပီယံရှစ်အတွက် တက်ရောက်ခွင့်ရခဲ့တဲ့ အသင်းတွေ ပေါ်ထွက်လာခဲ့ပါပြီ။

   2019-2020 DPC Season ရဲ့ ပထမဦးဆုံး Major ပြိုင်ပွဲကြီးဖြစ်တဲ့ MDL Chengdu Dota2 ပြိုင်ပွဲကြီးအတွက် Qualifier တွေကို Region အလိုက် ကျင်းပပြီးဆုံးသွားပြီဖြစ်တာကြောင့် Major ပြိုင်ပွဲကိုတက်ရောက်ခွင့်ရရှိတဲ့ အသင်းများထွက်ပေါ်လာခဲ့ပါပြီ။


ဒီနှစ်မှာတော့ Qualifier ပြိုင်ပွဲတွေကို အရင်နှစ်တွေကလို Major သပ်သပ် Minor သပ်သပ် ခွဲပြီးမကျင်းပတော့ တစ်ခါတည်းအပြီးကျင်းပခဲ့ပါတယ်။ Major နဲ့ Minor ပြိုင်ပွဲတွေဟာ ဆက်စပ်နေပြီး နှစ်ခုတွဲလာတတ်တာကြောင့် ဒီနှစ်မှာတော့ ယခုလိုပြောင်းလဲခဲ့ခြင်းဖြစ်ပါတယ်။ Major ပြိုင်ပွဲက MDL Chengdu ဖြစ်ပြီး Minor ပြိုင်ပွဲကတော့ Dota Summit 11 ပါ။ Minor ပြိုင်ပွဲမှာချန်ပီယံဖြစ်ခဲ့ရင် Major ပြိုင်ပွဲမှာ ဝင်ရောက်ယှဉ်ပြိုင်ခွင့်တစ်နေရာကိုပါ ရရှိမှာဖြစ်ပါတယ်။




         Qualifier ပြိုင်ပွဲတွေကို Region အလိုက်ကျင်းပခဲ့တာကြောင့် ဝင်ခွင့်ရရှိတဲ့အသင်းတွေကို Region အလိုက်ပဲဖော်ပြသွားပါမယ်။


EUROPE

         MDL Major မှာ Europe Region အတွက် Valve က နေရာ ၂ နေရာသာပေးထားပေမယ့် Europe ရဲ့ အကောင်းဆုံးအသင်းတွေဖြစ်ကြတဲ့ TI နှစ်ထပ်ကွမ်းချန်ပီယံ OG၊ Puppey ရဲ့ Team Secret နဲ့ ပြီးခဲ့တဲ့လကမှ Team Liquid နဲ့လမ်းခွဲခဲ့တဲ့ Kuroky ရဲ့ Squad တို့ ပါဝင်ယှဉ်ပြိုင်ခြင်းမရှိတာကြောင့် မျှတတယ်လို့ ဆိုရမှာပါ။


         Europe Qualifier ကနေ MDL Chengdu ကိုဝင်ရောက်ယှဉ်ပြိုင်ခွင့်ရရှိသွားတဲ့ အသင်း ၂ သင်းကတော့ TI9 Alliance ကစားသမားတွေပါဝင်တဲ့ Team Liquid နဲ့ Fata, 33 တို့ရဲ့ Alliance Squad အသစ်တို့ပဲဖြစ်ပါတယ်။ အပေါ်မှာပြောခဲ့တဲ့ အသင်းကြီးတွေပါဝင်ယှဉ်ပြိုင်ခြင်းမရှိခဲ့တဲ့ မဟာအခွင့်အရေးကြီးကို Alliance နဲ့ Team Liquid တို့က အမိအရဆုပ်ကိုင်နိုင်ခဲ့တယ်လို့ ဆိုရမှာပဲဖြစ်ပါတယ်။


CIS

         Valve ကလည်း CIS Region အတွက် Major ဝင်ခွင့်ကို ၂ နေရာပဲပေးထားပြန်ပါတယ်။ ဝမ်းနည်းစရာတစ်ခုက CIS ဘီလူးကြီးဖြစ်ခဲ့ဖူးတဲ့ Virtus Pro က ဒီ Major ဝင်ခွင့်ကို မအောင်ခဲ့တာပါ။


Minor ဖြစ်တဲ့ Dota Summit 11 ကိုသာ ဝင်ရောက်ယှဉ်ပြိုင်ခွင့်ရရှိခဲ့တဲ့ Virtus Pro အတွက်တော့ ဒီရာသီဟာ ခါးသီးခြင်းတွေနဲ့စတင်ခဲ့ပါတယ်။ ဒီ CIS Qualifier ကနေ Major ဝင်ခွင့်ရရှိသွားတဲ့ အသင်း ၂ သင်းကတော့ Gambit နဲ့ Positive Guy တို့ပဲဖြစ်ပါတယ်။ အသင်းသစ်လူအသစ်အချို့ပါဝင်ပေမယ့် အများစုကတော့ CIS မှာ အချိန်အတော်အကြာ ကျင်လည်ခဲ့ကြတဲ့ အတွေ့အကြုံရှိ ကစားသမားတွေပဲဖြစ်ပါတယ်။


CHINA

         China လို Region ကြီးအတွက် ဝင်ခွင့်နေရာသုံးခုဆိုတာ အမှန်တကယ်တော့ နည်းတောင်နေပါသေးတယ်။ အသင်းကောင်းတွေအများကြီးရှိတဲ့ Region ဖြစ်တာကြောင့် Qualifier တိုင်းလိုလိုဟာ အကျိတ်အနယ်ဖြစ်ခဲ့ပြီး ဒီ Qualifier မှာလည်း ထိုနည်းတူစွာပါပဲ။


PSG.LGD ကတော့ ကစားသမားအချို့ရဲ့ကျန်းမာရေးအခြေအနေတွေကြောင့် ပထမဦးဆုံး Major ကိုဝင်ရောက်ယှဉ်ပြိုင်ခြင်း မရှိခဲ့ပါဘူး။ MDL Chengdu Major မှာ တရုတ်နိုင်ငံကိုကိုယ်စားပြုမယ့် အသင်းတွေကတော့ Vici Gaming, Team Aster နဲ့ Ehome တို့ပဲဖြစ်ပါတယ်။


SEA

         Valve ကတော့ South East Asia Region အတွက် Major ပြိုင်ပွဲမှာ သဘောကောင်းစွာနဲ့ ၃ နေရာတောင်ပေးထားပါတယ်။ SEA လို့ဆိုလိုက်တာနဲ့ လက်စွမ်းအကောင်းဆုံးအသင်းနှစ်သင်းဖြစ်တဲ့ TNC နဲ့ Fnatic တို့ Major ကိုမြေကြီးနဲ့လက်ခက်မလွဲ ဝင်ရောက်ခွင့်ရရှိလိမ့်မယ်လို့တော့ အားလုံးပဲထင်ကြမှာပါ။ ထင်တဲ့အတိုင်းလည်း တကယ်ပဲဝင်ခွင့်ရခဲ့ပါတယ်။


ဒါပေမယ့် တတိယမြောက် ဝင်ခွင့်ရရှိတဲ့အသင်းကတော့ အနည်းငယ်ထူးခြားနေပါတယ်။ လူငယ်မျက်နှာသစ်ကစားသမားတွေနဲ့ ဖွဲ့စည်းထားတဲ့ Team Adriot ဟာ ပထမဦးဆုံး Major Qualifier ကိုဝင်ရောက်ယှဉ်ပြိုင်ခဲ့ပြီး တစ်ခါတည်းနဲ့ ဝင်ခွင့်ရရှိခဲ့ပါတယ်။ ဒါ့အပြင် Team Adriot ကစားသမားတွေဟာ ဖိလစ်ပိုင်နိုင်ငံက SEA Game အတွက်ရွေးချယ်ခြင်းခံထားရတဲ့ ကစားသမားတွေဖြစ်တယ်လို့ သိရပါတယ်။ Kuku, Raven တို့လို့ TNC ကစားသမားဟောင်းတွေပါဝင်တဲ့ Geekfam ကတော့ ဝမ်းနည်းစွာနဲ့ Major ရော Minor ရောကိုပါ ဝင်ရောက်ယှဉ်ပြိုင်ခွင့် လက်လွှတ်ဆုံးရှုံးခဲ့ပါတယ်။


NORTH AMERICA

         North America ဟာလည်း MDL Major အတွက် ၃ နေရာဝင်ခွင့်ကိုရရှိခဲ့ပါတယ်။ မြောက်အမေရိကဘီလူးကြီးဖြစ်တဲ့ Evil Geniuses ကတော့ ကစားသမားတွေပြောင်းထားတာတောင် ထိပ်တန်းအဆင့်ရှိနေသေးတယ်ဆိုတာကို MDL Major ကိုထိပ်ဆုံးကဝင်ပြပြီး သက်သေပြလိုက်ပါတယ်။


နောက်မှာတော့ Fear ကြီးရဲ့ J.Storm နဲ့ Eternal Envy ရဲ့ Fighting PandaS တို့က အသီးသီး Major ကိုဝင်ရောက်ခဲ့ပါတယ်။ Sumail တို့ ညီအစ်ကိုတွေရဲ့ Quincy Crew ကတော့ Minor နဲ့သာကျေနပ်ခဲ့ရပြီး အခုအချိန်မှာတော့ Sumail တစ်ယောက်လည်း Quincy Crew ကနေထွက်ခွာသွားခဲ့ပါတယ်။


SOUTH AMERICA

         နောက်ဆုံးကျန်ရှိတဲ့ South America Region အတွက်တော့ Valve က Major အတွက် ၂ နေရာဝင်ခွင့်ပေးခဲ့ပါတယ်။ အသင်းအရေအတွက်ရော ကစားသမားအရေအတွက်ပါ နည်းလှတဲ့ Region အတွက် ၂ နေရာဆိုတာကတော့ မနည်းလှပါဘူး။


ဒီ Region မှာတော့ TI9 မှာလက်စွမ်းပြခဲ့တဲ့ K1 Hector တို့အုပ်စုက Beastcoast အသင်းအောက်မှာကစားခဲ့ပြီး Major ကိုတစ်စိုက်မတ်မတ်ရောက်ရှိသွားခဲ့ပါတယ်။ Major ကိုတက်ရောက်နိုင်ခဲ့တဲ့ နောက်တစ်သင်းကတော့ SA Region မှာ အချိန်အတော်အကြာအောင် ဖြတ်သန်းလာခဲ့တဲ့ Team Unknown ပဲဖြစ်ပါတယ်။


Written by Myo Thant Kyaw


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က