• Featured

    ထရမ့်ရဲ့ Tweet ကို နားလည်မှုလွဲစေနိုင်တဲ့ အကြောင်းအရာအဖြစ် Twitter သတ်မှတ်

ရွေးကောက်ပဲ မဲပေးမှုနဲ့ ဆိုင်တဲ့ Tweet ပါ

Twitter ဟာ ပထမဆုံးအကြိမ်အဖြစ် သမ္မတတစ်ဦးရဲ့ Tweet ကို မှားယွင်းတဲ့အကြောင်းအရာအဖြစ် သတိပေးမှု လုပ်ဆောင်ခဲ့ပါတယ်။

ဒီတစ်ပတ် အင်္ဂါနေ့မှာ သမ္မတဒေါ်နယ်ထရမ့်ဟာ စာတိုက်ကနေ မဲဆန္ဒရှင်တွေဆီ မဲပြားဝေမှုဟာ သိသာတဲ့ လိမ်ညာမှု လျော့နည်းအောင် လုပ်ပေးနိုင်ဖွယ် မရှိဘူးလို့ ပြောခဲ့ပြီး မရိုးဖြောင့်တဲ့ ရွေးကောက်ပွဲတစ်ခု ဖြစ်နိုင်တယ်လို့ Twitter မှာ ရေးခဲ့တာပါ။ ကိုရိုနာဗိုင်းရပ်စ်ကပ်ဘေးကြောင့် စာတိုက်နဲ့ မဲပေးတဲ့ စနစ် တိုးမြှင့်ဖို့ လုပ်နေတဲ့ ကယ်လီဖိုးနီးယားရဲ့ လုပ်ဆောင်မှုကို အဓိက ပစ်မှတ်ထားပြီး ပြောခဲ့တာ ဖြစ်ပါတယ်။

image

Photo: Financial Times

Twitter ဟာ သမ္မတထရမ့်ရဲ့ Tweet နှစ်ခုအောက်မှာ အချက်အလက်မှန်ကို သွားကြည့်နိုင်မယ့် လင့်ခ်တွေဆီ ပြန်ညွှန်းခဲ့ပါတယ်။ ဒါဟာ ယခုလဆန်းက စတင်ကျင့်သုံးခဲ့တဲ့ Twitter ရဲ့ လူမှုကွန်ရက်ပေါ်က သတင်းမှားနဲ့ အတည်မပြုနိုင်တဲ့ အချက်အလက်တင်သူတွေကို သတိပေးတဲ့ အစီအစဉ် အစိတ်အပိုင်းတစ်ခု ဖြစ်ပါတယ်။

" Tweets ထဲမှာ မဲပေးတဲ့ လုပ်ငန်းစဉ်နဲ့ ပတ်သက်ပြီး အထင်အမြင်လွဲဖွယ်ရှိတဲ့ အကြောင်းအရာတွေ ပါဝင်နေပါတယ်။ ဒီတော့ စာတိုက်ကနေ မဲပေးပို့တဲ့ အကြောင်းအရာနဲ့ ပတ်သက်ပြီး နောက်ထပ် သိသင့်တာတွေကို ပြန်ညွှန်းတာပါ။ " လို့ Twitter ရဲ့ ပြောရေးဆိုခွင့်ရှိသူက ပြောပါတယ်။ အချက်အလက်မှန် စိစစ်ရေးစာမျက်နှာထက်မှာ စာတိုက်ကနေ မဲပေးပို့မှုဟာ မရိုးသားတဲ့ ရွေးကောက်ပွဲ ဖြစ်သွားနိုင်တယ်ဆိုတဲ့ အထောက်အထား မတွေ့ရဘူးလို့ ဆိုပါတယ်။

လက်ရှိသမ္မတဒေါ်နယ်ထရမ့်ကတော့ Twitter ဟာ ၂၀၂၀ သမ္မတရွေးကောက်ပွဲကို စွက်ဖက်နေတယ်လို့ တုန့်ပြန်ခဲ့ပြီး ကုမ္ပဏီအနေနဲ့ လွတ်လပ်စွာ ပြောဆိုမှုကို လုံးဝဖိနှိပ်မှု လုပ်နေတယ်လို့ Tweets တွေနဲ့ ပြန်တုန့်ပြန်ခဲ့ပါတယ်။ လက်ရှိ ကိုရိုနာဗိုင်းရပ်စ်ကာလအတွင်း မဲပေးသူများ ကျန်းမာရေးစိုးရိမ်မှု မဖြစ်စေဖို့ ဝါရှင်တန် ၊ အော်ရီဂွန်နဲ့ ကော်လိုရာဒိုအပါအဝင် အမေရိကန်အနောက်ပိုင်း ၅ ပြည်နယ်ဟာ စာတိုက်မှတစ်ဆင့် မဲပြားပေးပို့မှုကို လုပ်ဆောင်နေပါတယ်။

 

Photo: Financial Times


မေလဆန်းပိုင်းက စပြီး Twitter ဟာ အန္တရာယ်ရှိပြီး မှားယွင်းယူဆသွားနိုင်တဲ့ အကြောင်းအရာ ပျံ့နှံ့မှုကို ကန့်သတ်ဖို့ စတင်နေပါတယ်။ ဒီမူဝါဒသစ်ဟာ လဆန်းပိုင်းက သမ္မတပြောကြားခဲ့တဲ့ ဟိုက်ဒရော့ဆီကလိုရိုကွင်းဟာ COVID-19 ကို ထိထိရောက်ရောက် ကုသနိုင်တယ်ဆိုတဲ့ မှားယွင်းတဲ့ ပြောကြားမှုကိုတော့ အရေးယူမှု မလုပ်ခဲ့ပါဘူး။ 


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က