ကေကေမိုးက သူမရဲ့ သီချင်းတိုင်းမှာ ခံစားချက်နဲ့ မတိုက်ဆိုင်ပေမယ့် ‘မောင်’ ၊ ‘ ကျွန်မ’ ဆိုတဲ့ စကားလုံးတွေအမြဲ ပါအောင် ဆိုနေရတဲ့အပေါ် အခုလို ပြောပြလာပါတယ်။
Photo: Kay Kay Moe
ကေကေမိုးကိုတော့ “ကျွန်မ” သီချင်းလေး ကနေတဆင့် ပရိသတ်တွေ အားပေးလာခဲ့ကြတာဖြစ်ပါတယ်။ သူမ ရဲ့ သီချင်းတွေ တိုင်းမှာ “ မောင်” ၊ “ ကျွန်မ” နာမ်စား လေးတွေ အမြဲပါဖြစ်နေတဲ့ အကြောင်းကို Duwun Media အင်တာဗျူးမှာ ပြောပြခဲ့ပါတယ်။
“အလုပ်တွေ နားနေရတဲ့ အချိန်မှာ ကေကေရဲ့ ‘ မောင်နဲ့ ကျွန်မ’ ဆိုတဲ့ သီချင်းလေး ထွက်ထားပါ တယ်။ ကေကေ ဆိုနေကြ သီချင်းမှာဆိုရင် ‘ ကျွန်မ’ ၊ ‘မောင် မငိုရဘူးနော်’ ဒီ သီချင်းလေးတွေ ဆိုတော့ အခု ‘မောင်နဲ့ ကျွန်မ’ ဆိုတဲ့ သီချင်းလေးကလည်း ခံစားချက် မရှိပေမယ့် တိုက်ဆိုင်သွားတာပေါ့နော်။ ‘ကျွန်မ’ ဆိုတဲ့ စကားလုံးကို ကြိုက်တာတော့ မဟုတ်ပေမယ့် ကေ့ ဆီရောက်လာတဲ့ သီချင်းတွေက ထူးထူးဆန်းဆန်းပဲ မောင်တွေ ကျွန်မတွေ ပါနေတော့လည်း တိုက်ဆိုင်သွားတာပေါ့” လို့ သဘောကျရယ်မောရင်း ပြောပြလာပါတယ်။
Photo: Kay Kay Moe
အဆိုတော် ကေကေမိုးကတော့ COVID-19 ကာလမှာ ဂီတလှုပ်ရှားမှုတွေ ရပ်နားထားတာ ဖြစ်ပြီး အလုပ်တွေ ပြန်လုပ်ရမယ့် အချိန်ရောက်ရင်တော့ ပရိသတ်ကို Music Video လေးတွေ နဲ့ မိတ်ဆက်ပေးသွားမယ်လို့ ဆက်လက် ပြောပြလာပါတယ်။
“ အမှန်အတိုင်းပြောရရင် သင်္ကြန်ပြီးရင် ‘သူ’ အခွေထဲက Music Video လေးတစ်ခု လုပ်ထားတာလေး ပရိသတ်ကို မိတ်ဆက်ပေးဖို့လုပ်ထားတာပါ။ အခုက COVID-19 လည်းဖြစ်နေတာ ဆိုတော့ မတင်ဖြစ်သေးဘူး။ ဒါတွေ အားလုံး ပြီးသွားတဲ့ အချိန်ကျမှပဲ ကေကေ ရဲ့ ဒုတိယမြောက်အခွေလေးထဲက သီချင်းတွေကို Music Video ဖန်တီးထားတာလေး တစ်ပုဒ်ပြီး တစ်ပုဒ် လာမှာပါ။ အားပေးကြပါဦးနော်” လို့ သူကဆိုပါတယ်။
Photo: Kay Kay Moe
ကေကေမိုးရဲ့ "ကျွန်မ" သီချင်းဟာ ၂၀၁၇ ခုနှစ်အတွင်းမှာ ထွက်ရှိခဲ့တာဖြစ်ပြီး တေးရေး ဝေကြီး ရေးပေးခဲ့တာဖြစ်ပါတယ်။ ဒီသီချင်းက အခုချိန်ထိ လူငယ် အမျိုးသမီးတွေရဲ့ ပါးစပ်ဖျားမှာ ရေပန်းစားလို့နေပါတယ်။ သီချင်းလေးရဲ့ သံစဉ်ကလည်း အချစ်သီချင်း ချိုချိုလေး တစ်ပုဒ်ဖြစ်ပြီး ခံစားမှုအပြည့်နဲ့ သီဆိုလို့ အကောင်းဆုံး သီချင်းလေး တစ်ပုဒ်ပါ။ ဒါကြောင့်လည်း City FM ရဲ့ (၁၇) နှစ်ပြည့် ဂီတ ဆုပေးပွဲကြီးမှာ သူမက ၂၀၁၈ ခုနှစ်အတွင်း ရေပန်းအစားဆုံး အမျိုးသမီး တေးသံရှင်ဆုကို ရရှိခဲ့တာထားတာ ဖြစ်ပါတယ်။