ဇင်ဖြိုး‌အောင်နဲ့ပြည်မိုးလည်း ပါဝင်လာပါတယ်။

ရန်ကုန်ယူနိုက်တက်အသင်းက ကွင်းလယ်လူ မောင်မောင်ဝင်းကို နည်းပြချုပ် အန်တိုနီဟေးက ပဏာမ လက်ရွေးစင် လူစာရင်းမှာ ပထမဆုံး အကြိမ် ထည့်သွင်းလာပါတယ်။

ပဏာမ ၂၃ ဦးစာရင်းမှာ မောင်မောင်ဝင်းအပါအဝင် ပြည်မိုး၊ဇင်ဖြိုးအောင်တို့လည်း ပြန်လည်ပါဝင်လာခဲ့ပါတယ်။

ဇင်ဖြိုးအောင်ကတော့ ၂၀၁၆ခုနှစ်နောက်ပိုင်း လက်ရွေးစင်အသင်းမှာ ပထမဆုံးအကြိမ် ပြန်လည်ရွေးချယ်ခံရတာ ဖြစ်ပြီး လက်ရှိမှာတော့ ဇွဲကပင်ယူနိုက်တက်အသင်းနဲ့ ကစားနေပါတယ်။

မကွေးတိုက်စစ်မှူး ပြည်မိုးလည်း မြန်မာ့လက်ရွေးစင်အသင်းမှာ ပါဝင်လာပြီး ပြည်ပ ထွက်ကစားနေတဲ့ ကစားသမားတွေကိုတော့ ရွေးချယ်ထားခြင်းမရှိပါဘူး။

အကြောင်းကတော့ ထိုင်းကနေ မြန်မာနိုင်ငံကို ပြန်လာဖို့ လက်ရှိအချိန်မှာ ကိုရိုနာ ဗိုင်းရပ်စ်ကူးစက်မှုကြောင့် အဆင်မပြေတာလို့ သိရပါတယ်။

မြန်မာ့လက်ရွေးစင်အသင်းကို ဖွဲ့စည်းလိုက်ပေမယ့် ကစားစရာပွဲမရှိပဲ လေ့ကျင့်ရေးသာ ပြုလုပ်သွားမှာလို့လည်း သိရပါတယ်။

မြန်မာအသင်း ကစားမယ့် ကမ္ဘာ့ဖလားနဲ့အာရှဖလားခြေစစ်ပွဲတွေကို ကိုရိုနာဗိုင်းရပ်စ်ကြောင့် ရက်ရွှေ့ခဲ့တာဖြစ် လို့ လက်ရှိမှာ လေ့ကျင့်ရေးသာပြုလုပ်ရမှာပါ။

မောင်မောင်ဝင်းကတော့ မနှစ်ကဇွဲကပင်နဲ့ ခြေစွမ်းပြလို့ ရန်ကုန်အသင်းက ဒီနှစ်မှာ ခေါ်ယူခဲ့တာ ဖြစ်ပြီး ရန်ကုန် အသင်းနဲ့အတူ ဆက်လက် ခြေစွမ်းပြ ကစားနေလို့ လက်ရွေးစင် ဖြစ်ထိုက်နေပြီလို့ ပရိသတ်တွေက သတ်မှတ် ထားသူပါ။

မောင်မောင်ဝင်းအနေနဲ့ ယာယီနည်းပြချုပ်ဦးမျိုးမင်းထွန်းလက်ထက်မှာ ကစားခဲ့တဲ့ ဖီဖာ အသိအမှတ်ပြု နိုင်ငံ တကာခြေစမ်းပွဲ ၂ပွဲအတွက် ရွေးချယ်ခံခဲ့ရဖူးပါတယ်။

ထိုစဥ်က တရုတ်(တိုင်ပေ)နဲ့ ဂိုးမရှိသရေ၊အင်ဒိုနီးရှားကို ၀-၂နဲ့ ရှုံးနိမ့်ခဲ့တဲ့ ခြေစမ်းပွဲတွေမှာပါဝင်ကစားခွင့်ရခဲ့ပြီး နောက် နည်းပြ ရာဂျူလိုဗစ်လက်ထက်ကစတင်ပြီး လက်ရွေးစင်လူစာရင်းကနေ ပြန်လည်ချန်လှပ်ခံထားရသူပါ။

လက်ရှိမှာတော့ မောင်မောင်ဝင်းရဲ့ အိပ်မက်တွေ စတင်အကောင်အထည်ပေါ်လာပြီ ဖြစ်ပြီး ဒီနှစ်မှာ မြန်မာ အသင်း ကစားဖို့ရှိတဲ့ ဆူဇူကီးဖလားပြိုင်ပွဲမှာ ပါဝင်လာနိုင်မလားဆိုတာ စိတ်ဝင်စားဖွယ်စောင့်ကြည့် ရတော့ မှာပါ။

Share

Loading Next Article...
က္က