Photo - Ye Lwin Facebook
ကောက်ခံရရှိတဲ့ မြို့တွင်းလမ်းအသုံးပြုခနှင့် မြို့ဝင်ကြေးတွေကိုစည်ပင်ကော်မတီကနေ အချိန်နဲ့ တပြေးညီသိရှိဖို့အတွက် အွန်လိုင်းကနေလည်းချိတ်ဆက်ဆောင်ရွက်သွားမယ်လို့ဆိုပါတယ်။
မန္တလေးမြို့ဝင်ဂိတ်တွေဖြစ်တဲ့ မတ္တရာအထွက်လမ်း ရွှေကျင်ဂိတ်၊ စစ်ကိုင်းအထွက်လမ်း ရွှေကြက်ယက်ဂိတ်၊ ရန်ကုန်- မန္တလေးလမ်းဟောင်းက ထုံးဘို - မြစ်ငယ်ဂိတ်နဲ့ ပြင်ဦးလွင်အထွက်လမ်း အောင်ပင်လယ်ဂိတ်တွေကို ပုဂ္ဂလိကလုပ်ငန်းရှင်တွေထံလုပ်ကိုင်ခွင့်ပေးထားတာဖြစ်ပါတယ်။
Photo - Ye Lwin Facebook
လမ်းအသုံးပြုခနဲ့ မြို့ဝင်ကြေးကောက်ခံခြင်းတွေကို ယာဉ်အဝင်၊ အထွက်မှတ်တမ်းအား ယာဉ်နံပါတ်ဖတ်နိုင်တဲ့ ကင်မရာတွေနဲ့ မှတ်တမ်းတင်ခြင်းယာဉ်နံပါတ်နဲ့ အတူ ယာဉ်အမျိုးအစားအလိုက် စည်းကြပ်ကောက်ခံနိုင်ခြင်း၊အလိုအလျောက် အဖွင့်၊ အပိတ်ပြုလုပ်နိုင်တဲ့ မောင်းတံစနစ်ပါဝင်ခြင်း၊အချက်ပြမီးနီ၊ မီးစိမ်း ပါဝင်ခြင်း၊ LED ဘုတ်ဖြင့် စည်းကြပ်တဲ့ ယာဉ်အတန်းအစားနဲ့ စည်းကြပ်ငွေနဲ့ ကားနံပါတ်ကို ဖော်ပြပေးခြင်းအားဖြင့်ဝန်ထမ်းတွေကို ကြီးကြပ်သွားမယ်လို့ဆိုပါတယ်။
ကတ္တားရှိတဲ့နေရာတွေမှာ လက်ရှိကတ္တားကိုအသုံးပြုပြီး တန်ချိန်ဖြင့်ကောက်ခံနိုင်တဲ့ စနစ်နဲ့ ကောက်ခံပြီး ကတ္တားမရှိတဲ့နေရာတွေမှာတော့ ယာဉ်အမျိုးအစားအလိုက် ခွဲခြားကောက်ခံနိုင်တဲ့စနစ် ပါဝင်ပြီး မကြာခင် ကတ္တားတွေ တပ်ဆင်သွားမယ်လို့ မန္တလေးမြို့တော်ဝန်ဦးရဲလွင်က သူ့ရဲ့ လူမှုကွန်ရက် ဖေ့ဘုတ်စာမျက်နှာမှာ ရေးသားထားပါတယ်။
ဒါ့အပြင် စည်ပင်ဘီးခွန် RFID စနစ်နဲ့ မကြာမီဆောင်ရွက်မှာဖြစ်ပြီး Payment အတွက် OBU onboard unit တပ်ဆင် ထားတဲ့ကားတွေအတွက် ETC စနစ်ပါ ဆောင်ရွက်ပေးသွားခြင်းဖြင့် အချိန်မြန်ပြီး တိတိကျကျကောက်ခံနိုင်တော့မှာဖြစ်ပြီး တိုးဂိတ်အတွက် ဝန်ထမ်းသစ် ၁၆၀ လောက် ခန့်အပ်ထားတယ်လို့ လည်း ရေးသားထားပါတယ်။