မန္တလေးမြို့ အမှတ်(၂)တက္ကသိုလ်လေ့ကျင့်ရေးတပ်တွင်း နေအိမ်လိုင်းခန်းမီးလောင်မှုမှာတော့ ဆုံးရှုံးမှုတန်ဖိုး(၇၄)သိန်းဖိုးရှိပြီး မီးလောင်ရတဲ့အကြောင်းအရင်းကို စုံစမ်းနေဆဲဖြစ်တယ်လို့ သိရပါတယ်။
photo-မီးသတ်တပ်ဖွဲ့ဝင်
ဇူလိုင်လ(၂၈)ရက်နေ့ ည(၈း၃၅)အချိန်လောက်က မန္တလေးတိုင်းဒေသကြီး၊ မန္တလေးခရိုင်၊ မဟာအောင်မြေမြိုကနယ်၊ အမှတ်(၂)တက္ကသိုလ်လေ့ကျင့်ရေးတပ်အတွင်းရှိ ဝန်ထမ်းလိုင်းခန်းမီးလောင်မှုမှာ စတင်လောင်တဲ့အခန်းမှာ နေထိုင်တဲ့ တပ်သား နိုင်ထွန်းကို ကို တပ်တွင်းအရေးယူမှုတွေဆောင်ရွက်သွားမှာ ဖြစ်တယ်လို့ သိရပါတယ်။မီးလောင်မှုမှာတော့ စုစုပေါင်း တန်ဖိုး (၇၄)သိန်းခန့်မီးလောင်ဆုံးရှုံးခဲ့ပါတယ်။
ပျဉ်ထောင်(၈)ခန်းတွဲ (၂)ထပ်အဆောင်က တပ်သားနိုင်ထွန်းကိုရဲ့ လိုင်းခန်းကနေ မီးစတင်လောင်ကျွမ်းခဲ့ပြီး မီးလောင်မှုအကြောင်းအရင်းကိုတော့ စုံစမ်းနေဆဲဖြစ်တယ်လို့ သိရပါတယ်။ မီးလောင်မှုမှာတော့ အဆိုပါ ပျဉ်ထောင်(၈)ခန်းတွဲ (၂)ထပ်လိုင်းခန်းနဲ့ အတွင်းပစ္စည်းများဆုံးရှုံးမှုတွေ ရှိခဲ့ပြီး အိမ်ထောင်စု(၈)စု၊ ကျား(၁၂)ဦး၊ မ(၂၃)ဦး စုစုပေါင်း(၃၅)ဦးတို့အတွက် တပ်တွင်းဓမ္မာရုံမှာ ယာယီကယ်ဆယ်ရေး စခန်းဖွင့်လှစ်ပေးထားပါတယ်။
photo-မီးသတ်တပ်ဖွဲ့ဝင်
မီးလောင်မှုဟာ အချိန်(၁)နာရီကျော် ကြာမြှင့်ခဲ့ပြီး မီးလောင်မှုဖြစ်စဉ်အတွင်းမှာတော့ အရန်မီးသတ် (၁၂၀)ဦး၊ သန္ဓေ (၃၀)ဦး၊ မီးငြိမ်းသတ်ယာဉ်( ၅၀)စီး၊ ကွပ်ကဲရေယာဉ် (၃)စီး နဲ့ ထောက်ပို့ယာဉ် (၅)စီးတို့နဲ့ မီးငြိမ်းသတ်ဆောင်ရွက်ခဲ့ကြပါတယ်။