ပြီးခဲ့တဲ့ ဧပြီလအတွင်း Stay at Home ကာလမှာ တစ်နေ့ကို YBS စီးနင်းသူက တစ်သောင်းဝန်းကျင်သာရှိခဲ့ရာ အခုဆိုရင်တစ်နေ့ကို စီးနင်းသူ (၃)သိန်းဝန်းကျင်ခန့်ရှိတယ်လို့ သိရပါတယ်။
COVID 19 ဖြစ်ပွားစဉ်ကာလအတွင်း ရန်ကုန်မှာ YBS စီးနင်းသူဦးရေ လျော့ကျခဲ့ပြီး ယာဉ်လိုင်းတွေအရှုံးပေါ်ခဲ့ပေမယ့် လက်ရှိကာလမှာတော့ စီးနင်းသူဦးရေပြန်လည်မြင့်တက်လာခဲ့တာပါ။
“ Stay Home ဖြစ်တဲ့ ဧပြီလ(၁၀)ကနေ (၁၉)ရက်နေ့ထိက တစ်နေ့ကိုတစ်သောင်းဝန်းကျင်ပဲရှိခဲ့ပေမယ့် အခုဆိုရင်တော့ တစ်နေ့ကို စီးနင်းသူ (၃)သိန်းခန့်ရှိတာကိုတွေ့ရတယ်။ စီးနင်းသူများလာပေမယ့်လည်း ယခင်ပုံမှန် စီးနင်းသူရဲ့ (၁၆) ရာခိုင်နှုန်းလောက်သာစီးနင်းနေပါသေးတယ်” လို့ YRTAတွဲဖက်အတွင်းရေးမှူး ဦးလှအောင်က Duwun ကိုပြောပါတယ်။
ပုံမှန်ကာလတွေမှာ တစ်နေ့ကို YBS စီးနင်းသူက(၁၈)သိန်းကျာ်ရှိပြီး လက်ရှိမှာပုံမှန်ကာလထက် စီးနင်းသူ ဆယ်သိန်းကျော်လောက် ကျဆင်းသွားပါတယ်။ မေလဆန်းပိုင်းကစလို့ ရန်ကုန်မှာ လှုပ်ရှားသွားလာမှုက Stay Homeကာလထက် များလာတာကြောင့် စီနင်းသူက တစ်နေ့ကို (၃)သိန်းနီးပါးခန့်ရှိလာတာဖြစ်ပါတယ်။
ပုံမှန်အားဖြင့် ရန်ကုန်မှာ ယာဉ်လိုင်း(၁၀၂)လိုင်းမှ ယာဉ်အစီးရေ (၄၄၀၀)ဝန်းကျင်နဲ့ပြေးဆွဲပေးနေပြီး COVID မှာတော့ယာဉ်အစီးရော (၂၀၀၀)ကျော်သာပြေးဆွဲနိုင်တယ်လို့ ဦးလှအောင်ကပြောပါတယ်။