• မန္တလေးတိုင်းမှာ အလုပ်အကိုင်အခွင့်အလမ်းတွေ တိုးတက်လာနေတယ်လို့ Myjobs CEO ပြော

စီးပွားရေးတွေတိုးတက်လာတာကြောင့်လို့ ဆိုပါတယ်။

မန္တလေးတိုင်းဒေသကြီးမှာ အလုပ်အကိုင်ခေါ်ယူမှုဟာ ပြီးခဲ့တဲ့ နှစ်တွေထက်ပိုမိုများပြားလာတယ်လို့ ပြည်တွင်းအလုပ်အကိုင်ရှာဖွေရေး Website တစ်ခုဖြစ်တဲ့ Myjobs.com.mm ရဲ့ CEO က သုံးသပ်ပြောကြားလိုက်ပါတယ်။

image

Photo - Myjobs.com.mm

မန္တလေးအလုပ်အကိုင်ပြပွဲကြီးကို ပြီးခဲ့သည့်ဒီဇင်ဘာလ ၈ ရက်နေ့၊ စနေနေ့တွင် မန္တလေးမြို့ရှိ Hotel Shwe Pyi Thar တွင် မနက် ၉ နာရီမှ ညနေ ၄ နာရီအထိ ကျင်းပပြုလုပ်သွားခဲ့ပါသည်။ အလုပ်အကိုင်အခွင့်အလမ်း များကို စိတ်ဝင်စားကြသော အလုပ်ရှာဖွေသူပေါင်း ၄၀၀၀ ကျော်လာရောက်ခဲ့ပြီး ကုမ္ပဏီပေါင်း ၁၇ ခုမှ နယ်ပယ်အစုံမှ အခွင့်အလမ်းများစွာကို ခေါ်ယူသွားပါတယ်။

လုပ်ငန်းနယ်ပယ်အမျိုးမျိုးဆိုရာမှာ Banking, Breweries, FMCG, NGO, Education, Advertising, Mobile money, Financial services, Garments, Pharmaceuticals, Internet services, Distribution, Import, Manufacturing အစရှိသည့် နယ်ပယ်များကို ဆိုလိုပါသည်။ သို့သော် ထူးခြားချက်အနေဖြင့် ယခုအလုပ်အကိုင်ပြပွဲတွင် ယခင်နှစ်များနှင့် မတူပဲ Automobile ကုမ္ပဏီများစွာ ပါဝင်လာတာကို တွေ့ရပါ တယ်။

ဒါ့အပြင် အဓိကအားဖြင့် မြန်မာပြည်အထက်ပိုင်းအရောင်းပိုင်းဆိုင်ရာခေါ်ယူမှုမြင့်မားလာတာကိုလည်း တွေ့ရှိ့ ရပါသည်။ MyJobs.com.mm မှ CEO Hans van Beek မှ “ပြီးခဲ့တဲ့မေလက ကျင်းပခဲ့တဲ့မန္တလေး အလုပ်အကိုင်ပြပွဲမှာလည်း လျှောက်ထားသူ ၅၀၀၀ ကျော်ရှိခဲ့ပါတယ်။ အခုတစ်ခေါက်မှာလည်း ၄၀၀၀ ကျော်ဆိုတော့ အောင်မြင်တဲ့အလုပ်အကိုင်ပြပွဲကြီးတစ်ခုလို့ ဆိုနိုင်ပါတယ်။ ကုမ္ပဏီအချို့ဟာ ကိုက်ညီတဲ့သူ တွေ့ရင် တစ်ခါတည်း တိုက်ရိုက်အင်တာဗျူးတွေကို ပြုလုပ်ကြတာကိုလည်း တွေ့ရပါတယ်။ ဒါကိုကြည့်ခြင်းအားဖြင့် မန္တလေးတိုင်းတခွင်အလုပ်အကိုင်အခွင့်အလမ်းတွေ ပိုမိုတိုးတက်လာပြီး စီးပွားရေး ဖွံ့ဖြိုးမှုကိုလည်း မြင်နိုင်ပါတယ်။ ဒါကြောင့် ကျွန်တော်တို့အနေနဲ့ တစ်နှစ်ကို ၂ ကြိမ် မန္တလေးမှာ အလုပ်အကိုင် ပြပွဲတွေ ဆက်လက်ပြုလုပ်သွားဖို့ ရည်ရွယ်ထားပါတယ်”လို့ပြောပါတယ်။

Photo - Myjobs.com.mm

ဖွင့်ပွဲကို မနက် ၈ နာရီခွဲအချိန်တွင် ကျင်းပပြုလုပ်ခဲ့ပြီး အဖွင့်အမှာစကားကို တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးအောင်ရွှေမှ ပြောကြားပေးသွားခဲ့ပါသည်။ မနက် ၉ နာရီအချိန်တွင် ဆရာဇင်ကိုကိုမှ လူငယ်နှင့်အလုပ်အကိုင်အခွင့်အလမ်းခေါင်းစဉ်ဖြင့်လည်းကောင်း၊ မွန်းလွဲ ၁ နာရီအချိန်တွင် ဆရာမ မေစွမ်းရည်ထက်မှ လည်းကောင်း ဟောပြောခဲ့ပါတယ်။


Super Seven Star, Myanmar Brewery Limited, Nestle Myanmar နှင့် Gold AYA Motors International Group Co., Ltd တို့မှာ အဓိကပါတနာများအနေဖြင့် ပါဝင်ခဲ့ပြီး စုစုပေါင်း ကုမ္ပဏီ ၁၇ ခုပါဝင်ခဲ့သည်။ MyJobs.com.mm ဝက်ဘ်ဆိုက်တွင်လည်း မန္တလေးမြို့ရှိ အလုပ်အခွင့်အလမ်းပေါင်း ၆၀၀ ကျော်ကို ရှာဖွေလျှောက်ထားနိုင်မှာလည်း ဖြစ်ပါသည်။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က