အိုဝင်တယောက် မက်ဆီရဲ့စကားကို ထပ်မံထောက်ခံခဲ့တာပါ။

လီဗာပူးနဲ့ ရီးရဲလ်မက်ဒရစ် ကစားသမားဟောင်း မိုက်ကယ်အိုဝင်က မက်ဆီရဲ့မနေ့တုန်းကပြောစကားကို ပြန်လည်ကိုးကားပြီး သူပြောတာ မှန်ကန်ခဲ့ကြောင်း တုံ့ပြန်လာပါတယ်။ စနေညမှာ ရီးရဲလ်မက်ဒရစ်က လီဗာပူးကို ချန်ပီယံလိဂ်ဗိုလ်လုပွဲမှာ အနိုင်ရဗိုလ်စွဲအပြီး အိုဝင်က လီဗာပူးကသာ ဥရောပရဲ့ အကောင်းဆုံးအသင်းဖြစ်နေဆဲလို့ ပြောခဲ့တာပါ။



တကယ်တမ်းမှာလည်း လီဗာပူးက ရီးရဲလ်မက်ဒရစ်ကို ဖိအားပေးကစားခဲ့ပြီး ကော်တွိုက်စ်ရဲ့ လက်စွမ်းပြမှုတွေကြောင့် လီဗာပူးတို့ ရှုံးနိမ့်ခဲ့ပါတယ်။ ရီးရဲလ်မက်ဒရစ်ကတော့ ပွဲကစားချိန် (၅၉) မိနစ်မှာ ရရှိခဲ့တဲ့ ဗီနီရှပ်စ်ရဲ့ သွင်းဂိုးကြောင့် (၁၄) ကြိမ်မြောက် ချန်ပီယံလိဂ်ဖလားကြီးကို ဆွတ်ခူးနိုင်ခဲ့ပါတယ်။

မနေ့ကလည်း မက်ဆီက အကောင်းဆုံးအသင်းဟာ အမြဲတမ်းအနိုင်မရတတ်ကြောင်း၊ ရီးရဲလ်မက်ဒရစ်က ဒီရာသီ ဥရောပမှာ ချန်ပီယံလိဂ်ဖလားရခဲ့သည့်တိုင် အကောင်းဆုံးအသင်းမဟုတ်ကြောင်း ပြောကြားခဲ့ပါတယ်။ မက်ဆီရဲ့ပြောစကားအပေါ်မှာလည်း ပရိသတ်တွေက ဝေဖန်ခဲ့ကြပါတယ်။ ဒါပေမယ့် အိုဝင်ကတော့ မက်ဆီရဲ့ စကားကြောင့် အားတက်သွားပုံရပါတယ်။

မက်ဆီရဲ့ပြောစကားကို Retweet ပြန်လုပ်ထားတဲ့ အိုဝင်က တွစ်တာပေါ်မှာ “ငါ ဒါပြောတော့ အလှောင်ခံရတယ်။ အခုတော့ ကောင်းကောင်းပြောခဲ့တာပဲ” လို့ မက်ဆီကိုပါ လူမိုက်ငှားပြီး ရေးသားခဲ့တာဖြစ်ပါတယ်။ အိုဝင်ဟာ လီဗာပူးနဲ့ရီးရဲလ်မက်ဒရစ်ရဲ့ ချန်ပီယံလိဂ်ဗိုလ်လုပွဲမှာ လီဗာပူးနိုင်မယ်လို့ ခန့်မှန်းခဲ့သူပါ။

သူ့အနေနဲ့ လီဗာပူးက ရီးရဲလ်မက်ဒရစ်ကို ၃-၁ ဂိုး ဒါမှမဟုတ် ၃-၀ ဂိုးနဲ့ ဂိုးပြတ်အနိုင်ရလိမ်မ့ယ်လို့ ခန့်မှန်းခဲ့တာဖြစ်ပါတယ်။ ဒါပေမယ့် လက်တွေ့မှာတော့ သူ့ရဲ့ခန့်မှန်းချက်က ပြောင်းပြန်ဖြစ်ခဲ့ပြီး ပရိသတ်တွေကလည်း လှောင်ပြောင်နေကြပါတယ်။ 

Share

Loading Next Article...
က္က