• မက်ဆီကိုယ်တိုင်က “ရပ်ပါတော့ကွာ” လို့ ပြောယူရတဲ့အထိ ဆိုးရွားခဲ့တဲ့ပရိသတ်

အီကွေဒေါနဲ့ပွဲအပြီးမှာ ဖြစ်ပွားခဲ့တာပါ။

အီကွေဒေါနဲ့အာဂျင်တီးနားတို့ ကစားခဲ့တဲ့ ကမ္ဘာ့ဖလားခြေစစ်ပွဲ တောင်အမေရိကဇုန်ပွဲစဥ်မှာ တဖက်တဂိုးစီ သရေရလဒ်နဲ့ ပြီးဆုံးခဲ့ပါတယ်။ ခြေစစ်ပွဲ အောင်မြင်ပြီးသားဖြစ်ခဲ့တဲ့ ဒီနှစ်သင်းအတွက် ဒီပွဲရလဒ်က အကျိုးသက်ရောက်မှုတစုံတရာမရှိခဲ့ပါဘူး။

image

ဒီပွဲအပြီးမှာတော့ ထုံးစံအတိုင်းပဲ အီကွေဒေါပရိသတ်တယောက်က ကွင်းအတွင်း ကျူးကျော်ဝင်ရောက်လာခဲ့ပြီး မက်ဆီနဲ့ ဆဲလ်ဖီရိုက်ဖို့ ကြိုးစားခဲ့ပါတယ်။ မက်ဆီရဲ့ အမာခံပရိသတ်ဖြစ်ဟန်တူတဲ့ အဆိုပါပုဂ္ဂိုလ်ရဲ့ လုပ်ရပ်ကလည်း ရယ်ရခက်၊ ငိုရခက်ဖြစ်ခဲ့ပါတယ်။

image

မျက်မှန်တပ်ဆင်ထားတဲ့ အဆိုပါပရိသတ်က “မက်ဆီရေ၊ မက်ဆီရေ၊ ဓာတ်ပုံရိုက်ရအောင်ကွာ။ ငါက အမေရိကန်က လာခဲ့ရတာပါ” လို့ ပြောလည်းပြော၊ ဖုန်းကင်မရာကိုလည်းဖွင့်ကာ ဗီဒီယိုရိုက်ကူးခဲ့ပါတယ်။ မက်ဆီကတော့ သူ့လည်ပင်းကို ဆွဲညှစ်ထားသလိုဖြစ်နေတဲ့ ဒီပရိသတ်ရဲ့လုပ်ရပ်ကြောင့် နေရထိုင်ရခက်နေတာကိုလည်း ပရိသတ်တွေ မြင်တွေ့ခဲ့ရပါတယ်။

ဒါ့အပြင် မက်ဆီက ရပ်လိုက်ဖို့ ပြောဆိုနေခဲ့ပေမယ့် အဲ့ဒီလူကတော့ ဗီဒီယိုရိုက်မြဲတိုင်း ရိုက်နေခဲ့ပါတယ်။ နောက်ဆုံးမှာတော့ ကွင်းလုံခြုံရေးတွေက ဒီပရိသတ်ကို ဖမ်းချုပ်ခေါ်ဆောင်သွားခဲ့မှသာ မက်ဆီတယောက် စိတ်သက်သာရာရခဲ့ပါတယ်။ မက်ဆီအတွက် ဒီလိုမျိုး ပရိသတ်တွေရဲ့ ချဥ်းကပ်မှုဖြစ်ရပ်တွေက ရိုးအီစရာကိစ္စတွေပါ။

ဒါပေမယ့် ဒီတခါပရိသတ်ကတော့ သူကိုယ်တိုင်တောင် သတိမထားမိဘဲ မက်ဆီကို ဒုက္ခပေးသလိုဖြစ်ခဲ့ရပါတယ်။ ဒီပွဲအပြီး မက်ဆီရဲ့ဂျာစီကိုရရှိခဲ့တဲ့ အီကွေဒေါ ညာနောက်ခံလူ ဘိုင်ရွန်ကက်စတီလိုကလည်း မက်ဆီရဲ့ ဂျာစီကို အသင်းဖော်တွေရှေ့ ဂုဏ်ယူဝံ့ကြွားစွာ ပြသရင်း ပျော်ရွှင်နေခဲ့တာကိုလည်း မြင်တွေ့ခဲ့ရပါသေးတယ်။



ကက်စတီလိုဟာ မက်ဆီရဲ့ဂျာစီကို ရှေ့နောက် သေချာကြည့်နေခဲ့ပြီး အီကွေဒေါ အသင်းဖော်တွေကလည်း သူ့ကို ဂုဏ်ပြုစကား ပြောကြားခဲ့ပါတယ်။ မက်ဆီအတွက်တော့ လာမယ့် ကာတာကမ္ဘာ့ဖလားက သူ့အတွက် နောက်ဆုံးသော နိုင်ငံတကာပြိုင်ပွဲဖြစ်လာနိုင်တယ်လို့လည်း သတင်းတွေက ဖော်ပြနေပါတယ်။ 

Share

Loading Next Article...
က္က