ခွင့်လွှတ်ပေးလို့ ရတဲ့ကိစ္စမဟုတ်ဘူးလို့ သူကပြောပါတယ်။

ဇူလိုင်လ ၁၄ ရက်နေ့မှာ မုဒိမ်းမှုနဲ အမှုဖွင့်ခံခဲ့ရတဲ့ သရုပ်ဆောင်သီဟတင်စိုးက သူ့ကို အမှုဖွင့်ခဲ့တဲ့ အိမ်အကူ ခင်မာညို ကို အသရေဖျက်မှုနဲ့ တရားပြန်စွဲမယ်ဆိုပြီးတော့ သြဂုတ်လ ၂၄ ရက်နေ့မှာ မီဒီယာတွေကို ရှင်းလင်းခဲ့ပါတယ်။

 

39990258_385922235275298_7836056123747598336_n.jpg

“ဒေါ်ခင်မာညိုအမှုက သူကဖွင်ထားတာပြီးသွားပြီ။ ကျွန်တော်က သူ့ကို ပြန်အမှုဖွင့်ဖို့ရှိပါတယ်။အဲ့ဒါကို တော့ တရားရေးဘက်ဆိုင်ရာ ကျွန်တော်ရဲ့ အကြံပေးနဲ့ ဆွေးနွေးမှာပါ” လို့ သူက ပြောပါတယ်။

ဒီလိုတရားပြန်စွဲတာက ပရိတ်သတ်က တစ်မျိုးတစ်မည်ထင်အောင်၊ လုပ်တာဖြစ်တဲ့အတွက် တရားပြန်စွဲမှာဖြစ်ပြီးတော့ ခွင့်လွှတ်ပေးလို့ ရတဲ့ကိစ္စမဟုတ်ဘူးလို့ သူကပြောပါတယ်။

ဒေါ်ခင်မာမြင့်နဲ့ ပွဲစားဒေါ်ညိုကိုတော့ သီဟတင်စိုးရဲ့ ဇနီးက တရားစွဲဆိုထားတာဖြစ်ပြီးတော့ သင်္ကန်းကျွန်းတရားရုံးမှာ ရုံးထုတ်စစ်ဆေးနေတာဖြစ်ပါတယ်။

လာမယ့် ရုံးချိန်းဖြစ်တဲ့ သြဂုတ်လ ၂၉ ရက်နေ့မှာလည်း သရုပ်ဆောင်သီဟတင်စိုးကို တရားရုံးကို လာရောက်ဖို့ ခေါ်ထားတယ်လို့လည်း သူကေ ပြာပါတယ်။

သရုပ်ဆောင်သီဟတင်စိုးကို အိမ်အကူကို မုဒိမ်းကျင့်တယ်ဆိုပြီးတော့ဇူလိုင်လ ၁၄ ရက်တုန်းက အိမ်အကူအဖြစ်လာရောက်လုပ်ကိုင်တဲ့ မခင်မာမြင့်က အမှုဖွင့်တိုင်တန်းခဲ့ပြီးတော့ ဒီအမှုက မမှန်ကန်ကြောင်းရဲတပ်ဖွဲ့ ကဖော်ထုတ်ပြီးတဲ့နောက်မှာ ခြိမ်းခြောက်ငွေတောင်းခံမှုနဲ့ သင်္ကန်းကျွန်းတရားရုံးမှာ ရုံးထုတ်စစ်ဆေးခံနေရတာဖြစ်ပါတယ်။

သရုပ်ဆောင်သီဟတင်စိုးက အခုဖြစ်ရပ်အပေါ်မှာ ဥပဒေကို မလေ့လာမိတဲ့အတွက် ကိုယ်တိုင်သင်ခန်းစာရပြီတော့ ဥပဒေရဲ့ အကြမ်းဖျင်းကို လူတိုင်းသိသင့်တယ်လို့ ဆိုပါတယ်။

ဇူလိုင်လ ၁၄ ရက်နေ့ မှာ သရုပ်ဆောင်သိဟတင်စိုးက သားမယားပြုကျင့်တယ်ဆိုပြီး အိမ်အကူ ဒေါ်ခင်မာညိုက သုဝဏ္ဏနယ်မြေရဲစခန်းမှာ(ပ)၃၈၆/၂၀၁၈၊ ရာဇသတ်ကြီးပုဒ်မ ၃၇၆ ဖြင့် အမှုဖွင့် အရေးယူဖို့ တိုင်ကြားခဲ့တာဖြစ်ပါတယ်။

 

Share

Loading Next Article...
က္က