ဇွန် ၃၀ ရက်နေ့ နောက်ပိုင်း စတင်အသုံးပြုသွားမှာပါ

Microsoft ဟာ ကုမ္ပဏီရဲ့ Microsoft News နဲ့ MSN အဖွဲ့အစည်းမှာ အလုပ်လုပ်နေတဲ့ ဂျာနယ်လစ်နဲ့ သတင်းသမားတွေရဲ့ နေရာမှာ AI စက်ရုပ်တွေ သုံးသွားတော့မယ်လို့ ဆိုပါတယ်။

အမေရိကန်နိုင်ငံစုံ နည်းပညာကုမ္ပဏီကြီး ဖြစ်တဲ့ Microsoft ဟာ MSN.com ၊ Microsoft Edge browser နဲ့ Microsoft News apps တွေမှာ ဖော်ပြတဲ့ သတင်းနဲ့ content တွေအတွက် Artificial Intelligence နည်းပညာ အားကိုးတော့မှာ ဖြစ်ပါတယ်။ အလိုအလျောက်စနစ်နဲ့ လုပ်အားအစားထိုးမှုဟာ ဒါဇင်နဲ့ချီတဲ့ သတင်းပိုင်း contractor တွေ အလုပ်အကိုင် ပျောက်ဆုံးသွားမှာပါ။



Photo: The Guardian


The Seattle Times သတင်းအရ Microsoft ဟာ MSN သတင်းထုတ်လုပ်မှုအတွက် AI စနစ် ပြောင်းသွားမှာ ဖြစ်ပြီး သတင်းသမား ၇၀ ကျော်ကို အလုပ်က ရပ်ဆိုင်းတော့မှာ ဖြစ်တယ်လို့ ဆိုပါတယ်။ ဇွန်လ ၃၀ ရက်နေ့ နောက်ပိုင်း Microsoft နဲ့ လက်တွဲအလုပ်လုပ်နေတဲ့ အမေရိကန်မှ သတင်းကန်ထရိုက်တာ ၅၀ နဲ့ ယူကေ PA Media မှ ၂၇ ဦးတို့ကို အလုပ်အကိုင်ဆုံးရှုံးမှာ ဖြစ်ပါတယ်။

ဒီဂျာနယ်လစ်တွေနဲ့ အယ်ဒီတာတွေဟာ MSN ဝက်ဘ်ဆိုက်အတွက် သတင်းအကြောင်းအရာများ ၊ ခေါင်းကြီးပိုင်းများ ၊ ဓါတ်ပုံနဲ့ တစ်ခြားအကြောင်းအရာတွေ ရွေးချယ်ပေးရတာပါ။ အလုပ်ရပ်နားခံရတဲ့ အယ်ဒီတာအများအပြားဟာ Microsoft ရဲ့ SANE (Search , Ads , News, Edge) ကဏ္ဍရဲ့ အစိတ်အပိုင်းတစ်ခု ဖြစ်ပြီး သတင်းအကြောင်းအရာ ‌ရွေးချယ်ဖို့ အချိန်ကာလအတိုင်းအတာတစ်ခုအထိ စာချုပ်ချုပ်ပြီး အလုပ်လုပ်ရတာ ဖြစ်ပါတယ်။

"ကုမ္ပဏီအားလုံးလိုပဲ ကျွန်တော်တို့ရဲ့ စီးပွားရေးကို ပုံမှန်အတိုင်း ပြန်သုံးသပ်မှု လုပ်နေပါတယ်။" လို့ Microsoft ပြောရေးဆိုခွင့်ရှိသူက ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။ "ဒီလို သုံးသပ်ရာမှာ တစ်ချို့နေရာတွေမှာ ရင်းနှီးမြှပ်နှံမှု တိုးမြှင့်ထားပြီး တစ်ခြားနေရာမှာ ပြန်လည်နေရာချမှုတွေ ရှိလာပါတယ်။ ဒီဆုံးဖြတ်ချက်တွေဟာ လက်ရှိဖြစ်နေတဲ့ ကပ်ရောဂါကြောင့် မဟုတ်ပါဘူး။"

Microsoft ဟာ MSN ကို စတင်ခဲ့တဲ့ ၁၉၉၅ ခုနှစ်ကတည်းက သတင်းစီးပွားရေးကို ၂၅ နှစ်ကျော်ကြာ စတင်လုပ်ဆောင်လာခဲ့တာပါ။ ၂၀၁၈ ခုနှစ်ထဲမှာ Microsoft News အဖြစ် နာမည်သစ်ပြောင်းပြီး redesigned လုပ်ခဲ့ပြီးနောက် ကုမ္ပဏီအနေနဲ့ ကမ္ဘာတစ်ဝှမ်း နေရာ ၅၀ မှ အယ်ဒီတာ ၈၀၀ ကျော်နဲ့ လက်တွဲနေကြောင်း ထုတ်‌ဖော်ပြောကြားခဲ့ပါတယ်။ 

Photo: Zeebiz



ပြီးခဲ့တဲ့ လအနည်းငယ်အကြာမှာ Microsoft ဟာ Microsoft News အတွက် AI အသုံးပြုမှု စတင်လာခဲ့ပြီး သတင်းထုတ်လုပ်သူနဲ့ ဂျာနယ်လစ်တွေကိုလည်း AI အသုံးပြုဖို့ တိုက်တွန်းညွှန်ကြားလာပါတယ်။ Microsoft ဟာ AI ကို သုံးပြီး သတင်းအကြောင်းအရာများ ဖတ်ရှုစစ်ဆေးခြင်း ၊ ရွေးချယ်စိစစ်ခြင်းများအပြင် အယ်ဒီတာတွေကို သတင်းနဲ့ လိုက်ဖက်တဲ့ သုံးရမယ့် ဓါတ်ပုံတွေပါ အကြံပြုခဲ့ပါတယ်။ 

နည်းပညာကုမ္ပဏီကြီးတွေထဲမှာ ကုန်ကျစရိတ်သက်သာဖို့ Robot Journalism စနစ်ကို လုပ်ဆောင်နေတာ Microsoft တစ်ခုတည်းတော့ မဟုတ်ပါဘူး။ Google ကလည်း အလားတူ ပရောဂျက်တွေမှာ ရင်းနှီးမြှပ်နှံမှု လုပ်‌ဆောင်ထားပါတယ်။ 

Share

Loading Next Article...
က္က