သားက ဝက်သက်ပေါက်တာ မကြာသေးဘူး သမီးက ထပ်ဖြစ်နေတာတဲ့။

သားကြီးက ဝက်သက်ပေါက်လို့ ဆေးရုံတက်ရတာ မကြာသေးဘူး သမီးလေးကို ဆေးရုံတင်ထားရတာဖြစ်လို့ မင်းမော်ကွန်းတစ်ယောက် စိတ်မကောင်းဖြစ်လို့နေပါတယ်။

Photo : မင်းမော်ကွန်း



သရုပ်ဆောင် မင်းမော်ကွန်းရဲ့ သမီးလေး လေပြေသွေးကို ဆေးရုံတင်ထားရတယ်လို့ သိရပါတယ်။ သားကြီးက ဝက်သက်ပေါက်လို့ ဆေးရုံတက်ရတာ မကြာသေးဘူး သမီးလေးကို ဆေးရုံတင်ထားရတာဖြစ်လို့ မင်းမော်ကွန်းတစ်ယောက် စိတ်မကောင်းဖြစ်လို့နေပါတယ်။

"ဝက်သက်တွေအရမ်းဖြစ်ကြတယ် ပိုပြင်းထန်ပြီး ကူးစက်ဖို့ပိုလွယ်တယ် ရောဂါပိုးတွေ ပိုပြင်းလာတယ်ထင်တယ် စိတ်ပူလိုက်တာ သားနဲ့သမီးရေ" ဆိုပြီး ဖေဖော်ဝါရီ(၈)ရက်နေ့က ရေးသားထားတာပါ။

Photo : မင်းမော်ကွန်း

သမီးလေးပုံရဲ့ ပို့စ်အောက်မှာလည်း ပရိသတ်တွေ ၊ မိတ်ဆွေအပေါင်းအသင်းတွေက စိုးရိမ်ပြီး သတင်းမေးထားကြတာ တွေ့ရပါတယ်။ သားကြီး မောင်မင်းမြတ်ကတော့ ဝက်သက်ဖြစ်လို့ ဆေးကုသမှု ခံယူနေဆဲဖြစ်ပြီး သမီးလေပြေသွေးကို ဆေးစစ်ထားတုန်းဆိုပြီး သတင်းမေးကြတဲ့ မိတ်ဆွေ သူငယ်ချင်းတွေကို မင်းမော်ကွန်းက ပြန်ဖြေထားပါတယ်။ အားလုံးကလည်း ကလေးတွေ အမြန်ဆုံး နေကောင်းဖို့အတွက် ဆုတောင်းထားကြပါတယ်။

Photo : မင်းမော်ကွန်း

မင်းမော်ကွန်းကတော့ အသက် ၄၀ အရွယ်ရှိတာတောင် သားသမီးတွေနဲ့ယှဉ်လိုက်ရင် မောင်နှမလို့တောင် အထင်ခံရသူပါ။ သားသမီးတွေနဲ့ သူနဲ့ ဆက်ဆံရေးကလည်း သူငယ်ချင်းလိုပါပဲတဲ့။

‘’ကျွန်တော် တို့က သူငယ်ချင်းလိုပဲ ပေါင်းတာပါ။ သားနဲ့ သမီးက အနုပညာအလုပ်တွေလည်း လုပ်ထားတာဖြစ်တဲ့အတွက် သူတို့ ဝါသနာပါတဲ့ လမ်းကြောင်းကိုတော့ မှန်မှန်ကန်ကန်ရွေးချယ်စေချင်ပါတယ်’’ လို့ ‘’လေးပါးကျော့ရှိန် ဝရဇိန်’’ ရုပ်ရှင်အထူးပြပွဲကို တက်ရောက်ရင်း ဖြေဆိုခဲ့တာဖြစ်ပါတယ်။

Photo : မင်းမော်ကွန်း

မင်းမော်ကွန်းက လက်ရှိမှာ သူချစ်ရတဲ့ ဇနီးနဲ့ အတူ သားသမီး ၃ ယောက်ပိုင်ဆိုင်ထားတဲ့ ဖခင်ဖြစ်ပါတယ်။ အကြီးဆုံးကတော့ သားကြီး မောင်မင်းမြတ်ဖြစ်ပါတယ်။ သမီးအလတ်ကတော့ လေပြေသွေးပါ။ သူမကတော့ အနုပညာအလုပ်တွေ လုပ်ကိုင်လျှက်ရှိပါတယ်။ အငယ်ဆုံးသားလေးကိုတော့ ဧကဘုန်းမြတ် လို့ နာမည်ပေးထားပါတယ်။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က