• သမီးလေးဗစ်တိုးရီးယားတို့မိသားစုကို လိုအပ်တာတွေကူညီချင်တယ်ဆိုတဲ့ ဟန်ထူးလွင်

ဘယ်သူ့ကို ဆက်သွယ်ရမှန်း မသိဖြစ်နေပါတယ်တဲ့။
[Zawgyi Version]

ဟန်ထူးလွင်က သမီးလေး ဗစ်တိုးရီးယား နဲ့ အတူ မိဘတွေကို သူတက်နိုင်တဲ့ ဘက်က လိုအပ်တာတွေကို ကူညီချင်တဲ့အကြောင်း ပြောပြလာပါတယ်။ ဒီကိစ္စအတွက် အင်မတန်ကို စိတ်မကောင်းဖြစ်နေတဲ့အကြောင်းတွေ ရင်ဖွင့်ခဲ့ပါတယ်။

Photo: Han Htun Lwin

အဆိုတော် ဟန်ထူးလွင်က နေပြည်တော်မှာ ဖြစ်ပေါ်ခဲ့တဲ့ သက်ငယ်မုဒိမ်းမှုအတွက် သမီးလေး ဗစ်တိုးရီးယားတို့ မိသားစုကို တက်နိုင်သလောက် ကူညီပေးချင်တယ်လို့ ဆိုပါတယ်။ ကလေးတွေရဲ့ လုံခြုံရေးကိုလည်း စိတ်ပူတယ်လို့ ပြောပါတယ်။

‘’လူမမည်တွေကို rape လုပ်တာ မျောက်တွေမှာလည်းရှိပါတယ်။ ကျွန်တော် ကြားဖူးတာတော့ မျောက်တွေဟာသူတို့ထဲမှာ အဲဒီလိုဖြစ်ပြီဆိုရင် တရားခံမျောက်ကို လူစုပြီးသတ်ပစ်ကြရပါတယ်။ society ထဲမှာမထားကြပါဘူး။ ကျွန်တော်တို့က မျောက်မှမဟုတ်ပဲ ဆိုလာရင်တော့လည်း မသိဘူးပေါ့လေ။ ကလေးအတွက်လုံခြုံရေးကိုလဲ စိတ်ပူမိပါတယ်။ သူ့အတွက် psychological support အများကြီးလိုပါတယ်။ (သူ့မိဘတွေအတွက်ရော) လိုအပ်တာတွေလည်းကူညီချင်ပါတယ်။ ဘယ်သူ့ဆက်သွယ်ရမှန်းမသိ’’ ဆိုပြီးတော့လည်း ဆက်လက်ရေးသားခဲ့ပါတယ်။

Photo: Han Htun Lwin

သူဟာ ဒီအကြောင်းအရာနဲ့ ပတ်သက်ပြီး နောက်မှ သိရတာကြောင့်လည်း အင်မတန်ကို စိတ်မကောင်း ဖြစ်မိတယ်လို့ ဆိုပါတယ်။ ဒီကိစ္စအပေါ် အခြေခံပြီး လူတွေအကြောင်းလည်း သိခဲ့ရပြီလို့ ဟန်ထူးလွင်က ရင်ဖွင့်ပြောပြခဲ့ပါတယ်။

‘’အမြဲတမ်း issue တစ်ခုဆို ကျွန်တော်သိတာနောက်ကျတယ် ဒီနေ့မှ မိန်းမနဲ့ေ သချာစကားပြော ဖို့အချိန်ရလို့ Victoria လေးအကြောင်းအခုမှ ဂဃနဏသိရပါတယ်။ အမှုမှန်ပေါ် ချင်ရင်လွယ်လွယ် ေလးကို ကြားက မရမက လိုက်ဖျက်နေတယ်လို့ post တွေမှာတွေ့ရပါတယ်။  တစ်ဆက်ထည်း သက်ငယ်မုဒိမ်းမှုတွေ death penalty ပေးဖို့ကိုကန့်ကွက်တဲ့ လူတွေအကြောင်းပါသိ လိုက်ရတယ်။ ကြားရတာ အံ့သြရပါတယ်။’’ဆိုပြီးတော့ ဇွန်လ ၃၀ ရက်နေ့ မနက် ၉ နာရီကျော်က သူ့ရဲ့ ဖေ့စ်ဘွတ်စာမျက်နှာမှာရေးသားထားပါတယ်။

Photo: Han Htun Lwin

ဟန်ထူးလွင်မှာတော့ ချစ်စရာကောင်းတဲ့ သမီးလေး နှစ်ယောက်ရှိပါတယ်။ သူဟာ သမီး ၂ ယောက်ရဲ့ ဖခင်လည်း ဖြစ်သလို လူသားတစ်ယောက်ရဲ့ အသိစိတ်၊ ကိုယ်ချင်းစာစိတ် တို့ကြောင့် သက်ငယ်မုဒိမ်းမှုတွေနဲ့ ပတ်သက်ပြီး အခုလို ရင်ဖွင့်ထားတာဖြစ်ပါတယ်။

ဟန်ထူးလွင်ကတော့ အခုလက်ရှိမှာ The Voice Of Myanmar ဆိုတဲ့ သီချင်းဆိုပြိုင်ပွဲကြီးမှာ အကဲဖြတ်ဒိုင်လူကြီးတစ်ယောက်အဖြစ် ပါဝင်ဆောင်ရွက်ခဲ့ပါတယ်။ ၂၀၁၈ ခုနှစ်ထဲမှာ ဖခင်ဖြစ်သူ ရင်ဂိုရယ်၊ ဟန်ထူးလွင်ရယ်၊ ဟန်နေလွင်လွင်ရယ် သားအဖ သုံးယောက်ပေါင်းပြီး ဖျော်ဖြေပွဲလေးလုပ်ဖို့ စီစဉ်နေတယ်လို့ ရင်ဂိုက Duwun Media ရဲ့ အင်တာဗျူးမှာ ဖြေဆိုခဲ့ဖူးပါတယ်။ဟန်ထူးလွင်ဟာ အခုလက်ရှိမှာတော့ သီချင်းအသစ်တွေလည်း ဖန်တီးဖြစ်နေသလို သူဝါသနာပါတဲ့ ပန်းချီလေးတွေရေးဆွဲနေတယ်လို့ သိရပါတယ်။


ဆက်စပ်အကြောင်းအရာများ

Share

Duwun on Youtube
>
Loading Next Article...