မိထ္ထီလာမြို့မှာ ဒီကနေ့ မေလ(၁၁)ရက်နေ့ နေ့လယ်ပိုင်းက မိုးသည်းထန်စွာရွာသွန်းပြီး မိုးသီးများကြွေကျကာ လေပြင်းတိုက်ခတ်မှုတွေလည်းဖြစ်ပေါ်ခဲ့ပါတယ်။
လေပြင်းတိုက်ခတ်မှုကြောင့် လမ်းဘေးဝဲယာတစ်လျှောက် ကြေငြာဆိုင်းဘုတ်များ ပျက်စီးခြင်း ဓာတ်တိုင်များလဲကျခြင်းတို့ဖြစ်ပေါ်ခဲ့ပြီး မိုးကြိုးထိမှန်မှုကြောင့် လူတစ်ဦးသေဆုံးခဲ့တယ်လို့လည်းသိရပါတယ်။
“ မိုးက နေ့လယ် (၂)နာရီခွဲလောက်ကစရွာတာ အချိန်ကသိပ်မကြာဘူး။ဒါပေမယ့် ခဏလေးအတွင်းမှာပဲ လေကောမိုးကောဆိုတော့ အပျက်အစီးတွေရှိတယ်။ ဓာတ်တိုင်တွေတောင်လဲလို့ အခုမီးဖြတ်ထားပါတယ်။ မိထ္ထီလာမြို့အထွက်က စက်ပစ်တောင်ရွာမှာဆို မိုးကြိုးထိပြီးလူတစ်ယောက်သေတယ်။ တောမကျေးရွာမှာလည်း မိုးကြိုးထိပြီး နွားတစ်ကောင်သေတယ်” လို့ မိထ္ထီလာခရိုင်အတွင်းရေးမှူး ကိုသက်မောင်မောင်က Duwun ကိုပြောပါတယ်။
ဒီကနေ့ နေ့လယ်ပိုင်းမှာပဲ မိထ္ထီလာမှာ မိုးသည်းစွာရွာသွန်းခဲ့သလို မန္တလေးမှာလည်း လေပြင်းတိုက်ခတ်ပြီး မိုးသည်းထန်စွာရွာသွန်းမှုဖြစ်ပေါ်ခဲ့ပါတယ်။
မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာနရဲ့ ထုတ်ပြန်ချက်အရ မန္တလေးတိုင်းဒေသကြီးအပါအဝင် ၊ ရှမ်းပြည်နယ် ၊ ကယားပြည်နယ်၊ တနင်္သာရီတိုင်ဒသကြီး၊ စစ်ကိုင်းတိုင်း၊ မကွေးတိုင်း၊ကရင်ပြည်နယ်နှင့် မွန်ပြည်နယ်တို့မှာ နေရာကွက်ကျားမိုးကြီးနိုင်တယ်လို့ ထုတ်ပြန်ကြေညာားတာလည်းဖြစ်ပါတယ်။