ဆုဖလားတွေလိုချင်ရင်အသင်းပြောင်းသင့်တယ်လို့ ကြံပြုလိုက်တာပါ။

လိဒ်ကနေ ယူနိုက်တက်ကိုပြောင်းချိန်မှာ ရရှိခဲ့တဲ့ အောင်မြင်မှုတွေကို သာဓကပြပြီး စပါးကနေ အခြား ဆုဖလားသေချာပေါက်ရနိုင်မယ့်အသင်းတွေကို ပြောင်းသင့်တယ်လို့ အကြံပြုခဲ့တာပါ။

ကြီးကျယ်ခမ်းနားတဲ့ အောင်မြင်မှုတွေ ရယူချင်တယ်ဆိုရင်တော့ စပါးကနေ ထွက်သင့်တယ်လို့ ယူနိုက်တက် နောက်ခံလူဟောင်း ရီယို ဖာဒီနန်က စပါးတိုက်စစ်မှူး ကိန်းကို အကြံပြု တိုက်တွန်းလိုက်တယ်လို့ Daily Mail ကဖော်ပြလာပါတယ်။



ကိန်းအနေနဲ့စပါးမှာ ကစားနေစဉ်အတွင်း ဆုဖလားတစ်ခုမှ ကိုင်မြှောက်နိုင်ခြင်း ရှိသေးပဲ လိဂ်ဖလားနဲ့မနှစ်က ချန်ပီယံလိဂ်ဖလားတို့မှာ ဗိုလ်လုပွဲအထိ အမြင့်ဆုံး ကစားထားနိုင်ပါသေးတယ်။

လက်ရှိမှာလည်း ထိပ်ဆုံးကလီဗာပူးထက် ရမှတ် ၁၀ မှတ်ထိ လျော့နည်းကာ အဆင့် ၆ မှာ ရပ်တည်နေရပြီး လိဂ်ဖလားပြိုင်ပွဲကလည်း ထွက်ထားရပါပြီ။

နည်းပြ ပွန်ချက်တီနိုနဲ့စပါးကတော့ ဒီနှစ်မှာ ခက်ခဲတဲ့ ရာသီတစ်ခုကို ရင်ဆိုင်နေရပြီး မနေ့ညကလည်း ချန်ပီယံ လိဂ်မှာ ဘိုင်ယန်မြူးနစ်ကို ၇-၂ နဲ့ အိမ်ကွင်းမှာ အရှက်တကွဲရှုံးနိမ့်ခဲ့ပါသေးတယ်။

ဒီပွဲစဉ်အပြီးမှာတော့ ယူနိုက်တက် နောက်ခံလူဟောင်း ဖာဒီနန်က - “ ကိန်း အနေနဲ့ ဘာဖြစ်ချင်လဲ အရင်မေးရပါ မယ်။တစ်သင်းတည်းမှာပဲ ကစားချင်သူလား ဆုဖလားတွေ ပိုင်ဆိုင်ချင်သူလားဆိုတာ ရှင်းလင်းဖို့ လိုပါပြီ။ ဆု ဖလားတွေ လိုချင်ရင်တော့ စပါးက ဆုဖလားတွေ သိမ်းပိုက်နိုင်မယ်လို့ ထင်နေလို့လား လို့မေးရ ပါမယ်။ ကျွန်တော်ကတော့ မထင်ပါဘူး။လွန်ခဲ့တဲ့ တစ်နှစ် နှစ်နှစ်လောက် ကတော်တော်ကောင်းတဲ့အ သင်းတစ်သင်းဖြစ်ခဲ့ပါတယ်။ဒါပါပဲ။လိဒ်က သာဓကကောင်းပါပဲ။” လို့ BT Sportနဲ့ သုံးသပ်ဆွေးနွေးခန်းမှာ ပြော သွားပါတယ်။



ဖာဒီနန်က သူ့အနေနဲ့ လိဒ်ကောင်းချိန်မှာ အသင်းနဲ့အတူ ဥရောပ ချန်ပီယံလိဂ် ဆီမီးဖိုင်နယ်အထိ ကစားခဲ့ဖူး ပေမယ့် မအောင်မြင်ခဲ့ပဲ ပိုကောင်းတဲ့ အောင်မြင်မှု လိုချင်ရင်တော့ ပြောင်းမှ ဖြစ်မယ်လို့ ထင်ခဲ့တာကြောင့် ယူနိုက်တက်ကို ပြောင်းခဲ့ကြောင်း၊ အဲ့နောက်မှာ အားလုံးမြင်နိုင်တဲ့အကြောင်း ဖာဒီနန်က ဆက်လက်ပြောခဲ့ပါ တယ်။


လက်ရှိ အသက် ၄၀ ရှိနေပြီ ဖြစ်တဲ့ ဖာဒီနန်ကတော့ မန်ချက်စတာယူနိုက်တက်အသင်းနဲ့အတူ ပရီးမီးယားလိဂ် ၆ ကြိမ်၊ချန်ပီယံလိဂ် တစ်ကြိမ်၊တို့ကို ပိုင်ဆိုင်ခဲ့သူပါ။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က