ကျည်ခွံတွေလည်းတွေ့ပါတယ်။
မိတ္ထီလာမြို့ရှိ ရဲလိုင်းခန်းတစ်ခုမှ ာဒီနေ့မနက် ၆ နာရီအချိန်က ၂လောင်းပြိုင် လူသေဆုံးမှုဖြစ်ခဲ့တယ်လို့ မိတ္ထီလာမြို့နယ် ရဲတပ်ဖွဲ့မှူးရုံးကသိရပါတယ်။

Photo - TimesAyar



သေဆုံးသူတွေကတော့ မိတ္ထီလာခရိုင် ရဲတပ်ဖွဲ့မှူးရုံးမှာ တာဝန်ထမ်းဆောင်နေတဲ့ ရဲအုပ်အဆင့်ရှိ ရဲအရာရှိတစ်ဦးဖြစ်ပြီး သူနဲ့ အတူ ဇနီးဖြစ်သူတို့ပါ သေနတ်ဒဏ်ရာတွေနဲ့ သေဆုံးနေခဲ့တာ ဖြစ်ပါတယ်။

"ဖြစ်စဉ်က မှန်ပါတယ်။ ဖြစ်ရတဲ့ အကြောင်းအရင်းကတော့ စုံစမ်းနေဆဲမို့ အသေးစိတ်ပြောလို့ မရသေးပါဘူး"လို့ တာဝန်ကျ ရဲ့တပ်ဖွဲ့ဝင်တစ်ဦးက Duwun ကို ပြောပါတယ်။

သေဆုံးနေတဲ့ အနေအထားကတော့ ရဲအုပ်ရဲ့လက်ထဲမှာ သေနတ်ကိုင်ထားသလို အနားမှာလည်း ကျည်ဆံအခွံ ၂ ခု ကို တွေ့ရှိရတယ်လို့ ဆိုပါတယ်။ လက်ရှိမှာတော့ အမှုဖြစ်စဉ်နဲ့ပတ်သက်ပြီး အသေးစိတ်ကို စစ်ဆေးနေတာကြောင့် တိတိကျကျပြောနိုင်တဲ့ အခြေအနေ မရှိသေးပါဘူး။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က