ဇွန်လ ၁ ရက်ကနေ ၄ ရက်အတွင်း မိုးကြိုးဒဏ်ကြောင့် သေဆုံးသူ ၁၃ ဦးရှိခဲ့ပါတယ်။

မိုးကြိုးကာလဖြစ်တဲ့ ဧပြီနဲ့မေလနှစ်လအတွင်း မိုးကြိုးဘေးကြောင့် တိုင်းနဲ့ ပြည်နယ်(၁၀)ခုမှာ လူ(၂၅) ဦးသေဆုံးပြီး (၉)ဦးဒဏ်ရာ ရရှိခဲ့တယ်လို့ လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာနက သတင်းထုတ်ပြန်ပါတယ်။

ဒ့ါအ့ပြင်ကို ဇွန်လ ၁ ရက်ကနေ ဇွန်လ ၄ ရက်အထိ ရေဦးမြို့နယ် မှာ ၂ ဦး၊ ပဲခူးခရိုင် ကဝမြို့နယ်မှာ 

 ၁ ဦး၊ ဟင်္သာတခရိုင် ၊ လေးမျက်နှာမြို့နယ်မှာ (၁) ဦး၊ မြိတ်မြို့နယ်မှာ (၅) ဦး၊ မော်လမြိုင်ကျွန်းမှာ ၁ ဦး၊ လပွတ္တာခရိုင်မှာ (၂) ဥိး၊ မြောင်းမြမြို့နယ် အိမ်မဲမြို့မှာ (၁) ဦး စုစုပေါင်း (၁၃) ဦးရှိခဲ့တယ်လို့လည်း သိရပါတယ်။

ပြီးခဲ့တဲ့ ဇွန်လ ၃ ရက်နေ့ကဆိုရင် မြိတ်မြို့နယ် မြိတ်လေတပ်စခန်းဌာနချုပ်မှာ ဖြစ်ပွားခဲ့တဲ့ မိုးကြိုးပစ်ခံရမှုကြောင့် အမျိုးသမီး ၄ ဦးနဲ့ ကလေးငယ်တစ်ဦးသေဆုံးခဲ့ရပြီး အမျိုးသမီး ၇ ဦးဒဏ်ရာတွေ ရရှိခဲ့တာကြောင့် အရေးပေါ်ဆေးကုသမှုခံယူနေရတယ်လို့လည်း သိရပါတယ်။

အခုအချိန်ဟာမုတ်သုံကာလရောက်လာပြီဖြစ်လို့ လေပြင်းတိုက်ခတ်တာ၊မိုးသည်းထန်စွာရွာသွန်းခြင်းနဲ့အတူ မိုးကြိုးပစ်တာတွေ ဖြစ်ပေါ်နိုင်ပြီး မိုးကြိုးဘေးကြောင့် လူသေဆုံးထိခိုက်ဒဏ်ရာရရှိမှုတွေလည်း ပိုမိုများပြားလာတာကြောင့် သတိပြုကြဖို့ကိုလည်း တိုက်တွန်းထားပါတယ်။

“ ဒီနှစ်က ရာသီဥတုဖောက်ပြန်မှုကို အများဆုံးခံရမယ့် နှစ်ပါ။ ရာသီဥတုပြောင်းလဲမှုတွေက အခြေအနေတော်တော်ဆိုးပါတယ်။ ဒီနှစ်ထဲမှာ အပူချိန်သစ်စံချိန်တင်ခဲ့တာေွလည်း ရှိတယ်။ အပူချိန်တွေများပြီး မိုးကြိုးပစ်တဲ့ဖြစ်စဉ်တွေက ပိုပိုပြီးများလာတယ်။ မုတ်သုံကာလမှာ အပူချိန်တွေမြင့်တက်ပြီး မိုးရွာသွန်းတာကြောင့် အခုလို မိုးကြိုးပစ်တာတွေ၊ လေပြင်းတိုက်ခတ်တာတွေ၊ မိုးသီးကြွေတာတွေက ဖြစ်ပေါ်နိုင်ပါတယ်။ “ လို့ မိုးလေဝသနှင့်ဇလဗေဒညွန်ကြားမှုဦးစီးဌာနက ဒုတိယညွှန်ကြားရေးမှူးချုပ် ဒေါ်ခင်ချိုချိုရှိန်က Duwun ကိုပြောပါတယ်။

ပြည်သူတွေအနေနဲ့ လေပြင်းတိုက်ခတ်မှုတွေ၊ မိုးရွာသွန်းမှုတွေ၊ လျှပ်စီးလက်ခြင်းနဲ့ မိုးခြိမ်းခြင်းတွေ ဖြစ်ပေါ်နေချိန်မှာ ဖုန်းများကိုအသုံးမပြုသင့်ကြောင်း၊ တီဗွီ၊ ရေဒီယို၊ လျှပ်စစ်ထမင်းအိုး၊ လျှပ်စစ်မီးပူနှင့်ကွန်ပျူတာစတဲ့လျှပ်စစ်နဲ့ ဆိုင်တဲ့ ပစ္စည်းတွေ ခလုတ်ပိတ်ပြီး ပလပ်ဖြုတ်ထားသင့်ကြောင်း၊ သစ်ပင်၊ ဓာတ်တိုင်နဲ့ သံ/သတ္တုပစ္စည်းတွေအနီးမှာ မနေသင့်ကြောင်း၊ အိမ်အပြင်ဘက်မှာ လူစုလူဝေးနဲ့ ဖြစ်နေပါက သီးခြား ဖြန့်ခွဲနေထိုင်သင့်ကြောင်းနဲ့ တယ်လီဖုန်းတွေအသုံးပြုရာမှာ အထူးသတိပြုဆင်ခြင်သုံးစွဲကြဖို့ကို လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာနက အသိပေးနှိုးဆော်ထားပါတယ်။

Share

Loading Next Article...
က္က