ထိုင်းနိုင်ငံ ချင်းမိုင်မြို့ မြို့လယ်ခေါင်မှာ ဆိုင်ကယ်ကို မတ်တပ်ရပ်စီးခဲ့တဲ့ မြန်မာနိုင်ငံသား ရှမ်းလူမျိုးတစ်ဦး အဖမ်းခံလိုက်ရတယ်လို့ Social Action for Children and Women အဖွဲ့ကနေ သတင်းထုတ်ပြန်ပါတယ်။
Photo - SAW (ချင်းမိုင်မြို့ လမ်းလယ်ခေါင်မှာ ဆိုင်ကယ်မတ်တပ်ရပ်စီးခဲ့သည့် အမျိုးသား)
မေလ ၂၈ ရက်မနက်ပိုင်းက ချင်းမိုင်မြို့ရဲ့ မြို့လယ်ခေါင်မှာ ဆိုင်ကယ်ကို မတ်တပ်ရပ်စီးကာ ကားတွေရှေ့ကနေ ပိတ်ဆို့မောင်းနှင်တာတွေ ပြုလုပ်ခဲ့လို့ ချင်းမိုင်ရဲတပ်ဖွဲ့ကနေ ဖမ်းဆီးလိုက်တယ်လို့ သိရပါတယ်။
ဖမ်းဆီးရမိသူဟာ အသက် ၂၁ နှစ်အရွယ် အောင်မောင်းဆိုသူဖြစ်ပြီး ထိုင်းနိုင်ငံမှာ နေထိုင်ခွင့်လက်မှတ်ရထားသူဖြစ်ပါတယ်။
အခုလို လမ်းမပေါ်မှာ အန္တရယ်အရှိဆုံး ဆိုင်ကယ်ကိုမဆင်မခြင် မောင်းနှင်ခဲ့လို့ သူ့ကို ယာဉ်စည်းကမ်းဥပဒေချိုးဖေါက်မှုနဲ့ ဘတ်ငွေ ၁၀၀၀၀ (ကျပ်ငွေ ၅သိန်း)ဒဏ်ရိုက် အပြစ်ပေးခဲ့တယ်လို့လည်း သိရပါတယ်။
အဆိုပါ အမျိုးသား ဆိုင်ကယ်မတ်တပ်ရပ်မောင်းနှင်တဲ့ ဗီဒီယိုဖိုင်ကို အမျိုးသမီးတစ်ဦးက လူမှုကွန်ရက်မှာ တင်ခဲ့ပြီး လမ်းလယ်ခေါင်မှာ အခုလို လုပ်ရပ်ဟာ အန္တရာယ်ကြီးမားတာကြောင့်သတိထားပြီး မောင်းနှင်ခဲ့ရတယ်လို့ ဆိုပါတယ်။
Photo - SAW (ချင်းမိုင်မြို့ လမ်းလယ်ခေါင်မှာ ဆိုင်ကယ်မတ်တပ်ရပ်စီးခဲ့သည့် အမျိုးသား)
အခုရက်ပိုင်းအတွင်း ထိုင်းနိုင်ငံမှာ ရာဘ စိတ်ကြွဆေးကြောင်ပြီး ဆိုင်ကယ်ကိုလမ်းမ ဗြောင်ပြန်မောင်းကာ ကားကိုဝင်တိုက်သူ၊ ဆိုင်ကယ်ကို နောက်ပြန်ထိုင်မောင်းတဲ့ ကလစ် ဗီဒီယို ရုပ်သံတွေဟာ ဆိုရှယ်မီဒီယာတွေမှာ တက်လာခဲ့ပြီးနောက် အချို့က အဲဒီလို လိုက်လုပ်နေကြတယ်လို့သိရပါတယ်။
ဆိုင်ကယ်မတ်တပ်ရပ်စီးခဲ့သည့် ဗီဒီယိုဖိုင်