မိသားစုအပေါ်ထားတဲ့ မိခင်တွေအားလုံးရဲ့အနိုှင်းအဆမရှိသော ချစ်ချင်းမေတ္တာကို ချက်ပြုတ်ခြင်းဖြင့် ဖော်ပြနိုင်ဖို့ရည်ရွယ်ပြီး ကျင်းပတာပါ။

၂၀၁၉ခုနှစ်၊ မေလ (၁၂) ရက်နေ့မှာ ကျရောက်တဲ့ အမေများနေ့ကို ဂုဏ်ပြုသောအားဖြင့် "ချစ်မေတ္တာနဲ့ချက်မည် မက်ဂီ" ဟင်းချက်ပြိုင်ပွဲကို Junction Square Outdoor Area မှာ မေလ၊ ၁၁ ရက်နဲ့ ၁၂ ရက်နေ့တို့မှာ ကျင်းပသွားခဲ့ပါတယ်။

မိခင်မေတ္တာကို ဂုဏ်ပြုတဲ့အနေနဲ့ “ချစ်မေတ္တာနဲ့ချက်မည် မက်ဂီ" ဟင်းချက်ပြိုင်ပွဲကို ၂၀၁၇ နှင့် ၂၀၁၈ ခုုနှစ်မှာစည်ကားသိုက်မြိုက်စွာကျင်းပခဲ့ပြီး ယခုနှစ်မှာ ပြိုင်ပွဲဝင် မက်ဂီမေမေ (၂၅) ယောက်ပါဝင်တဲ့ ဟင်းချက်ပြိုင်ပွဲကြီးအပြင် မီးဖိုချောင်မှာအာဟာရပြည့်ဝပြီး ပိုမိုအရသာရှိသော ဟင်းလျာများ ချက်ပြုတ်နိုင်ရေးအသိပညာပေး ဟင်းချက်သရုပ်ဖော် အစီအစဉ်များ၊ ဖျော်ဖြေရေးအစီအစဉ်များ၊ ကံစမ်းမဲအစီအစဉ်များနှင့် အထူး  promotion အစီအစဉ်များ ပါဝင်ခဲ့ပါတယ်။ ယခုနှစ်မှာ မက်ဂီမေမေများနှင့် ပိုမိုထူးခြားသော အမှတ်တရ အစီအစဉ်အဖြစ် မိခင်၏ကြီးမားသော ချစ်ခြင်းမေတ္တာကို ဖော်ပြသော အသဲပုံပုံစံကို မိသားစုများနှင့်အတူ ပုံဖော်ပြီး ပိုမိုကြီးကျယ်ခမ်းနားစွာကျင်းပသွားခဲ့ပါတယ်။

မြန်မာနိုင်ငံလုံးတစ်ဝှမ်းလုံးရှိ မိခင်အားလုံးကို ကျေးဇူးတင်၊ အသိအမှတ်ပြုကြောင်း ဖော်ပြရင်း တစ်ချိန်တည်းမှာပင်မိသားစုအပေါ်ထားတဲ့ မိခင်တွေအားလုံးရဲ့အနိုှင်းအဆမရှိသော ချစ်ချင်းမေတ္တာကို ချက်ပြုတ်ခြင်းဖြင့် ဖော်ပြနိုင်ဖို့ရည်ရွယ်ပြီး မက်ဂီမှ “မက်ဂီမေမေများနေ့ ဟင်းချက်ပြိုင်ပွဲကြီး" ကို ကျင်းပတာပါ။

“မက်ဂီမေမေများနေ့ ဟင်းချက်ပြိုင်ပွဲကြီး"မှာပါဝင်လိုသူ မေမေများအနေနဲ့ မိမိအနှစ်သက်ဆုံးသော ဟင်းလျာရဲ့ အကြောင်းကို MAGGI Myanmar Page Facebook စာမျက်နှာသို့ ပေးပို့ပါဝင်ခဲ့ပြီး အဲဒီထဲကမှ ဟင်းလျာကို တီထွင်ဆန်းသစ်မှု၊ အရသာရှိမှုနှင့် အာဟာရပြည့်ဝမှုတို့ပေါ်မူတည်၍ အကောင်းဆုံး ပြိုင်ပွဲဝင် (၂၅) ဦးကို ပဏာမအဖြစ်ရွေးချယ်ခဲ့ပါတယ်။ အဲဒီလိုပဏာမရွေးချယ်ခံရတဲ့ ပြိုင်ပွဲဝင် (၂၅) ဦးဟာ မေလ (၁၁) ရက်နေ့မှာ ရန်ကုန်မြို့ Junction Square မှာကျင်းပပြုလုပ်တဲ့ "မက်ဂီမေမေများနေ့ ဟင်းချက်ပြိုင်ပွဲ”မှာ အဆင့်ဆင့် ဝင်ယောက်ယှဉ်ပြိုင်ခဲ့ရပါတယ်။

ပိုင်ပွဲမှာ ပထမဆု ငွေကျပ် (၁၀)သိန်း၊ ဒုတိယဆု ငွေကျပ် (၅)သိန်း နှင့် တတိယဆု ငွေကျပ် (၃)သိန်းစီနှင့် အတူ မက်ဂီမှ ဆုလက်ဆောင်များ ပေးအပ်သွားခဲ့ပါတယ်။ ဒိုင်အဖြစ် နိုင်ငံကျော် စားဖိုမှူးကြီးဦးမြင့်ဦးသာ ကိုယ်တိုင်မှ ပါဝင်အကဲဖြတ်တာပါ။

မီးဖိုချောင်မှာ အာဟာရပြည့်ဝပြီး ပိုမိုအရသာရှိတဲ့ ဟင်းလျာတွေ ချက်ပြုတ်နိုင်ရေးအသိပညာပေး ဟင်းချက်သရုပ်ဖော် အစီအစဉ်တွေကို သင်ကြားပို့ချပေးသွားတဲ့ နာမည်ကြီး Cooking Blogger "Nandar’s Kitchen” ၊ နိုင်ငံကျော်တေးသံရှင် ဝိုင်းစုခိုင်သိန်းတို့ကလည်း အမေများနေ့ကို မက်ဂီ (MAGGI) နှင့်အတူ တစ်ဖက်တစ်လမ်းမှ ပါဝင်ဂုဏ်ပြုခွင့်ရတဲ့အတွက် ဝမ်းမြောက်မိကြောင်းပြောကြားခဲ့ပါတယ်။

မက်ဂီတံဆိပ်ဟာဆိုရင် ဆွစ်ဇာလန်နိုင်ငံမှာ အစပြုသန္ဓေတည်ခဲ့ပြီး ၁၈၈၆ ခုနှစ်က Julius Maggi ဆိုသူက ဟင်းလျာများ အနံ့အရသာပိုမိုပြည့်စုံစေရန် အတွက်တီထွင်ခဲ့ခြင်းဖြစ်ပါသည်။ ၁၉၄၇ ခုနှစ်မှာ Maggi ကို နက်စ်လေ (Nestle) မှဝယ်ယူခဲ့ပြီး ယခုအခါ မက်ဂီ မှ အသင့်စား ဟင်းချိုထုပ်များ၊ ဆော့(စ်)များ၊ ဟင်းခတ်အမွှေးအကြိုင်များ နှင့် အသင့်စားခေါက်ဆွဲများအပါအဝင် ကုန်ပစ္စည်း အမျိုးအမည်ပေါင်း ၃၀၀ ကျော်ကို ကမ္ဘာ့နိုင်ငံအနှံ့အပြားတွင် ရောင်းချပေးလျက်ရှိပါတယ်။ မြန်မာနိုင်ငံမှာတော့ မြန်မာအိမ်ရှင်မတွေရဲ့ မီးဖိုချောင်ထဲမှာ ဆန်းသစ်တီထွင်ပြီး အားကိုးရတဲ့ အမှတ်တံဆိပ်တစ်ခုဖြစ်အောင် မက်ဂီ ခရုဆီနှင့် မက်ဂီပဲငံပြာရည်ကို ၂၀၁၆ ခုနှစ်မှာမိတ်ဆက်ပေးခဲ့တာပဲဖြစ်ပါတယ်။

Share

Loading Next Article...
က္က