နယ်သာလန်ဂန္တဝင်ကွင်းလယ်ကစားသမားဟောင်း ဗန်ဒါဗတ်ဟာ မန်ချက်စတာယူနိုက်တက်ရဲ့ အသင်းစံချိန်တင်ပြောင်းရွှေ့ကြေးနဲ့ ခေါ်ယူခဲ့တဲ့ နောက်ခံကစားသမား ဟယ်ရီမက်ဂွိုင်းကို ဆန်းဒေးလိဂ်ကစားသမားနဲ့ နှိုင်းယှဉ်ခဲ့တယ်လို့ Independent ရဲ့ဖော်ပြချက်အရ သိရပါတယ်။
မက်ဂွိုင်းယားဟာ ယမန်နေ့က အိုးထရက်ဖို့ဒ်မှာ လီဗာပူးအသင်းနဲ့ တစ်ဖက် ၁ ဂိုးစီ သရေကျခဲ့တဲ့ ပွဲစဉ်မှာ ယူနိုက်တက် နောက်ခံကစားသမား ၃ ဦးထဲမှာ တစ်ဦးအပါအဝင်အဖြစ် ပါဝင်ကစားပေးခဲ့သူဖြစ်ပါတယ်။ အင်္ဂလန်လက်ရွေးစင်နောက်ခံံကစားသမား မက်ဂွိုင်းယားဟာ ယူနိုက်တက်ကစားသမားဘဝကို ယုံကြည်မှုရှိစွာ စတင်ခဲ့သူဖြစ်ပေမယ့် စပါးနဲ့ ရီးရဲမက်ဒရစ်ကြယ်ပွင့်ဟောင်း ဗန်ဒါဗတ်ရဲ့ ဝေဖန်ပြစ်တင်မှုကို ခံခဲ့ရတာဖြစ်ပါတယ်။
နယ်သာလန်ဂန္တဝင်ကွင်းလယ်ကစားသမားဟောင်း ရာဖေးဗန်ဒါဗတ်က မက်ဂွိုင်းယားရဲ့ ခြေစွမ်းဟာ ကြီးမားတဲ့ ပြောင်းရွှေ့ကြေးပေါင်သန်း ၈၀ နဲ့ မထိုက်တန်ဘူးလို့ ယုံကြည်နေပြီး ဆန်းဒေးလိဂ်က ကစားသမားနဲ့တောင် တူနေတယ်လို့ ဝေဖန်ပြစ်တင်လိုက်တာဖြစ်ပါတယ်။
“ကျွန်တော် တနင်္ဂနွေနေ့မှာ အပျော်တမ်းပွဲစဉ်တွေကြည့်တဲ့အခါမှာ သူ့လို ကစားနေတဲ့ ကစားသမား ၃ ဦးကို တွေ့တယ်။ ကျွန်တော် တကယ်ပြောနေတာ”
“အဲဒါက ထူးဆန်းကောင်း ထူးဆန်းနေလိမ့်မယ်။ ဒါပေမယ့် ဘယ်လိုနည်းနဲ့မှ သူ အဲဒါကို ကြားမှာမဟုတ်ပါဘူး။ ကျွန်တော်တို့ ဒီမှာ ယူရိုသန်း ၉၀ ပြောင်းရွှေ့ကြေးအကြောင်း ပြောနေတာပါ"
“အဲဒါက ရယ်စရာပါပဲ။ ဘာလို့လဲဆိုတော့ နေးရှင်းလိဂ်ပြိုင်ပွဲတုန်းကကိစ္စကြောင့်မို့လို့ပါ။ ကျွန်တော်က ဒတ်ချ်တယ်လီဗွီးရှင်းအတွက် အလုပ်လုပ်ပေးနေခဲ့တာပါ”
“ပြီးတော့ ကျွန်တော်တို့ ပြောခဲ့တာ မှတ်မိပါသေးတယ်။ ဟယ်ရီမက်ဂွိုင်းယားက ကွင်းထဲမှာ အဆိုးရွားဆုံးကစားသမားဖြစ်နေတယ်လို့”
“ပြီးတော့ ၂ လလောက်လည်းကြာရော ပြောင်းရွှေ့ကြေးက ပေါင်သန်း ၈၀၊ ၉၀ တဲ့။ မယုံနိုင်စရာပါပဲ”လို့ Ziggo Sport ကို ပြောကြားခဲ့ပါတယ်။