• မက်ဆီ ကျန်ရစ်ခဲ့တဲ့ UEFA တစ်နှစ်တာအကောင်းဆုံးကစားသမားဆု နောက်ဆုံးဆန်ခါတင်စာရင်း

မက်ဆီကတော့ ဒီဆုကို (၂)ကြိမ် ဆွတ်ခူးဖူးပါတယ်။

ရီးရဲလ်မက်ဒရစ်အသင်းဟာ ဥရောပဘောလုံးလောကရဲ့ အကောင်းဆုံးကစားသမားဆုအတွက် အသင်းရဲ့ ကစားသမား (၂)ယောက် နောက်ဆုံးဆန်ခါတင်အဆင့်မှာ ပါဝင်ခဲ့မှုနဲ့အတူ ကလပ်အသင်းတွေရဲ့ ထိပ်ဆုံးကနေ ရပ်တည်နိုင်ခဲ့ပါတယ်။ UEFA က ပေးအပ်ချီးမြှင့်မယ့် တစ်နှစ်တာအကောင်းဆုံးကစားသမားဆုအတွက် မိုဒရစ် နဲ့ ရော်နယ်ဒိုတို့ဟာ ရီးရဲလ်ကို ကိုယ်စားပြု ရွေးချယ်ခံခဲ့ရတာ ဖြစ်ပါတယ်။

image

Photo : Real Madrid Twitter

 

လီဗာပူးလ်တိုက်စစ်မှူး မိုဟာမက်ဆာလာကတော့ ပရီးမီးယားလိဂ်မှ ပါဝင်ခဲ့တဲ့ တစ်ဦးတည်းသော ကစားသမားအဖြစ် ရှိနေခဲ့ပါတယ်။ ဒီကစားသမား (၃)ဦးစလုံးဟာ ပြီးခဲ့တဲ့ ကိဗ် ချန်ပီယံလိဂ်ဗိုလ်လုပွဲကို ပါဝင်ကစားခဲ့ကြသူတွေဖြစ်ပြီး မိုဒရစ် နဲ့ ရော်နယ်ဒိုတို့ကတော့ အသင်းနဲ့အတူ ချန်ပီယံလိဂ်ဖလားကို သိမ်းပိုက်နိုင်ခဲ့ကြပါတယ်။

အင်္ဂါနေ့ နံနက်ပိုင်းအတွက် နောက်ဆုံးရ အားကစားသတင်းများ 

Photo : Goal.com

 

သြဂုတ်လ (၃၀) ရက်နေ့မှာ ဆုရရှိသူကို တရားဝင်ကြေငြာသွားမှာဖြစ်ပြီး ချန်ပီယံလိဂ်အုပ်စုအဆင့် ပွဲစဉ်များ မဲခွဲရွေးချယ်မှုနဲ့အတူ တစ်ပြိုင်နက်တည်း ကျင်းပသွားမှာ ဖြစ်ပါတယ်။ မိုဒရစ် နဲ့ ဆာလာတို့အတွက်တော့ နောက်ဆုံးဆန်ခါတင်အဆင့်ကို ပထမဆုံးအကြိမ် ပါဝင်ခဲ့တာ ဖြစ်ပြီး ရော်နယ်ဒိုကတော့ ဒီဆုကို (၄)ကြိမ်အထိ ရရှိခဲ့ဖူးသူ ဖြစ်ပါတယ်။

Photo : Reuters

 

ရော်နယ်ဒိုဟာ လက်ရှိမှာလည်း ဒီဆုကို ရရှိထားတဲ့ နောက်ဆုံးကစားသမားဖြစ်ပြီး ဒီတစ်ကြိမ် ထပ်မံရရှိခဲ့ပါက (၃)နှစ်ဆက်တိုက် ရရှိတဲ့ ကစားသမားအဖြစ် မှတ်တမ်းဝင်လာမှာ ဖြစ်ပါတယ်။ ရော်နယ်ဒိုရဲ့ အဓိကမဟာပြိုင်ဘက် မက်ဆီကတော့ ဆန်ခါတင် (၃)ဦး စာရင်းမှာ ပါဝင်လာခြင်းမရှိတော့ပဲ  ကျန်ရစ်ခဲ့တာကို မြင်တွေ့ခဲ့ရပါတယ်။

Photo : Barca Times

 

လာမယ့် သြဂုတ်လ (၃၀)ရက်နေ့မှာတော့ UEFA ရဲ့ တစ်နှစ်တာအကောင်းဆုံးကစားသမားဆုကို ရော်နယ်ဒိုကပဲ ပထမဆုံးအကြိမ်အဖြစ် (၃)နှစ်ဆက်တိုက် ရရှိသွားမလား၊ မိုဒရစ် နဲ့ မိုဟာမက်ဆာလာတို့ကပဲ ဒီဆုကို ပထမဆုံးအကြိမ် ဆွတ်ခူးသွားနိုင်မှာလားဆိုတာကို ကွဲကွဲပြားပြား သိရှိရတော့မှာ ဖြစ်ပါတယ်။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က