• မက်ဆီရဲ့ ဒဏ်ရာအခြေအနေကို စောင့်ကြည့်နေရ

ဆရာဝန်ရဲ့ အတည်ပြုချက်မရသေးပါဘူး။

ရီးရဲအသင်းနဲ့ လာမယ့် ဗုဒ္ဓဟူးနေ့မှာ ကိုပါဒယ်ရေး ဆီမီးဖိုင်နယ် ပထမအကျော့ ကစားဖို့ရှိနေတဲ့ ဗယ်လ်ဗာဒီရဲ့ ဘာစီလိုနာအသင်းအတွက်တော့ စိတ်အနှောက်အယှက်ဖြစ်စရာ ဖြစ်နေပါတယ်။

image

ဗလင်စီယာကို တစ်ဖက် ၂ ဂိုးစီ သရေကျခဲ့တဲ့ပွဲမှာ ဘာစီလိုနာတိုက်စစ်မှူး မက်ဆီ ညာဖက်ပေါင်ခြံ ဒဏ်ရာရရှိသွားခဲ့တယ်လို့ BBC SPORT သတင်းဌာနက ဖော်ပြထားပါတယ်။ မက်ဆီအနေနဲ့ အဆိုပါပွဲမှာ အသင်းအတွက် ၂ ဂိုး သွင်းယူပေးနိုင်ပေမယ့်လည်း လိုအပ်နေတဲ့ နိုင်ပွဲမရခဲ့ပါဘူး။

“အရမ်းကြီးမဆိုးဘူးလို့ ကျွန်တော်ထင်ပါတယ်၊ ဆရာဝန်ဘာပြောမလဲ စောင့်နေပါတယ်။” လို့ ဘာစီလိုနာ နည်းပြ ဗယ်လ်ဗာဒီက ပွဲအပြီးသတင်းစာရှင်းလင်းပွဲမှာ ပြောသွားတယ်လို့ သိရပါတယ်။

မက်ဆီရဲ့ ပေါင်ခြံဒဏ်ရာက လာမယ့် ဗုဒ္ဓဟူးနေ့မှာ ကစားရမယ့် ရီးရဲအသင်းနဲ့ ကိုပါဒယ်ရေး ဆီမီးဖိုင်နယ် ပထမအကျော့ပွဲစဉ်အတွက် စိတ်အနှောက်အယှက် ဖြစ်လာစရာ ရှိနေပါတယ်။

ဗလင်စီယာအသင်းအနေနဲ့ ဦးဆောင်ဂိုး ၂ ဂိုးရရှိထားတာ ဖြစ်ပြီး ဘာစီလိုနာအသင်းအနေနဲ့ မက်ဆီရဲ့ နောက်ကျ ချေပဂိုးတွေကြောင့်သာ အိမ်ကွင်းမှာ မရှုံးနိမ့်ခဲ့တာလည်း ဖြစ်ပါတယ်။ မက်ဆီကတော့ ပင်နယ်တီသွင်းဂိုးတစ်ဂိုးရရှိခဲ့လို့ လာလီဂါမှာ ပင်နယ်တီကနေ သွင်းဂိုး ၅၀ အထိ သွင်းယူ ထားနိုင်ခဲ့ပြီ ဖြစ်ပါတယ်။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က