မက်ဆီက အသင်းခေါင်းဆောင်အဖြစ် လာလီဂါပွဲကို စတင်တာဝန်ယူကစားခဲ့ပြီး သွင်းဂိုး ၂ ဂိုး သွင်းယူပေးနိုင်ခဲ့ကာ ထိပ်ဆုံးမှာ ဦးဆောင်ထား နိုုင်စေပါတယ်။
Photo - The18
မနေ့ညက စပိန်လာလီဂါ ပွဲစဉ်(၁)တွေကို စတင်ယှဉ်ပြိုင်ကစားခဲ့ပြီး လက်ရှိချန်ပီယံဘာစီလိုနာကတော့ အိမ်ကွင်းမှာ အလာဗက်စ် အသင်းကို ၃ ဂိုးပြတ်နဲ့ အနိုင်ရခဲ့ပါတယ်။
အမ်မရီကို ပညာပေးနိုင်ခဲ့တဲ့ ဆာရီ
ဘာစီလိုနာအတွက် သွင်းဂိုးတွေကိုတော့ အသင်းခေါင်းဆောင်သစ်အဖြစ် ဒီရာသီမှာ အသင်းကို စတင် တာဝန်ယူကစားနေတဲ့ လီယွန်နယ်မက်ဆီက ပွဲချိန် ၆၄ မိနစ်နဲ့ မိနစ် ၉၀ တို့မှာနှစ်ဂိုးသွင်းယူပေးခဲ့ပြီး ကျောနံပါ တ် ၇ ကို ဝတ်ဆင်ကစားတဲ့ ကော်တင်ဟိုက ၈၃ မိနစ်မှာ တစ်ဂိုးသွင်းခဲ့ကြတာ ဖြစ်ပါတယ်။
Photo - Malay Mail
ဒီပွဲရဲ့ ပထမပိုင်းကတော့ ဂိုးမရှိသရေနဲ့ ပြီးနေခဲ့ပေမယ့်လည်း ပွဲချိန် ၆၄ မိနစ်မှာ ဘာစီလိုနာအသင်း ပြစ်ဒဏ် ဘောကန်ခွင့်ရခဲ့တာ ဖြစ်ပါတယ်။
ဒီဂိုးကိုတော့ မက်ဆီက ၎င်းရဲ့ ပုံစံအတိုင်းပဲ တိုက်ရိုက်ကန်သွင်းရယူခဲ့တာ ဖြစ်ပြီး ပါးနပ်စွာပဲ လူတံတိုင်းရဲ့ အခုန်ကိုစောင့်ပြီး အားလုံးရဲ့ခြေထောက်အောက်ကနေ ဂိုးသမားမထင်မှတ်ပဲ ကန်သွင်းရယူပေးခဲ့တာ ကလည်း မက်ဆီရဲ့ အဆင့်မြင့်ခြေစွမ်းကို မြင်တွေ့ခဲ့ရမှာပါ။
Photo - 10z Soccer
မက်ဆီအခုလို ဂိုးသွင်းယူနိုင်ခဲ့လို့ ဘာစီလိုနာအသင်းနဲ့အတူ လာလီဂါ ၁၅ ပွဲဆက်တိုက် ဂိုးသွင်းယူနိုင်ထားနိုင် တဲ့ စံချိန်ကိုလည်း ဆက်လက်ထိန်းသိမ်းထားဆဲ ဖြစ်ပါတယ်။
ဒါတင်မကသေးပဲ ဘာစီလိုနာအသင်း သမိုင်းတစ်လျှောက် ဂိုး ငါးထောင်ပြည့်ဂိုးကိုလည်း လွန်ခဲ့တဲ့ ၈ နှစ်က မက်ဆီကပဲ သွင်းယူခဲ့တာ ဖြစ်ပြီး အသင်းရဲ့ သွင်းဂိုးစုစုပေါင်းတွေထဲမှာမက်ဆီရဲ့ သွင်းဂိုးက ၆.၄ ရာခိုင်နှုန်း အထိ ပါဝင်နေတာ ဖြစ်ပါတယ်။
ဒီနှစ်မှာတော့ ဘာစီလိုနာက စနေနေ့ပွဲစဉ်တွေအပြီး ရမှတ် ၃ မှတ်နဲ့အတူဂိုးကွာခြားချက်အသာနဲ့ အဆင့် (၁)နေရာကို စတင်ဦးဆောင်နေပြီ ဖြစ်ပြီး လက်ရှိချန်ပီယံဘွဲ့ကို ကာကွယ်ဖို့အတွက်တော့ တာထွက်ကောင်း နေခဲ့ပြီ ဖြစ်ပါတယ်။
ဒုတိယပွဲစဉ်အဖြစ် တန်းတက် ဗယ်လာဒိုးလစ်အသင်းနဲ့ လာမယ့် သြဂုတ်လ ၂၆ ရက်နေ့မှာ အဝေးကွင်း သွားရောက်ယှဉ်ပြိုင်ရမှာ ဖြစ်ပါတယ်။
Share