ဘာစီလိုနာအတွက်၂၀၀၇-၀၈ ရာသီနောက်ပိုင်း ဖလားလက်မဲ့ရာသီဖြစ်လာခဲ့သလို ချန်ပီယံလိဂ်ဆုဖလားနဲ့လည်း ဝေးကွာနေခဲ့တာ ၅နှစ်ခန့်ရှိပြီဖြစ်လို့ မက်ဆီအသင်းက ပြောင်းတော့မယ်လို့ သတင်းတွေ ထွက်ပေါ်နေတာပါ။

ဘာစီလိုနာအသင်းရဲ့ နည်းပြသစ်ဖြစ်လာတဲ့ ရော်နယ်ကိုးလ်မန်းက သူ့အနေနဲ့ အသင်းခေါင်းဆောင် လီယွန်နယ် မက်ဆီနဲ့ စကားအရင်ဆုံး ပြောကြည့်မယ်လို့ ဆိုလာပါတယ်။ လတ်တလော ထွက်ပေါ်နေတဲ့ သတင်းတွေအရ ၂၀၀၇-၀၈နောက်ပိုင်း ဖလားလက်မဲ့ရာသီဖြစ်ပြီးနောက် မက်ဆီရဲ့ အနာဂတ်က ဘာစီလိုနာမှာ မရှိတော့ဘူးလို့ သိနေရတာပါ။
“သူက ဘာစီလိုနာနဲ့စာချုပ်ရှိနေတုန်းပါပဲ၊နောက်ပြီး ဘာစီလိုနာ ကစားသမား အဖြစ် ရှိနေတုန်းပါပဲ၊ဒီအခြေ အနေမှာ သူက အသင်းခေါင်းဆောင်လည်း ဖြစ်နေတော့ သူနဲ့ အရင်ဆုံး စကားပြောကြည့်ပါမယ်။နောက်ပြီးရင် အခြား ကစားသမားတွေနဲ့လည်း တွေ့ဆုံပါမယ်။အချို့ ဆုံးဖြတ်ချက်တွေတော့ ချမှတ်ဖို့ လိုပါတယ်၊မက်ဆီ ပြဿ နာကတော့ သူကျွန်တော်တို့နဲ့ ရှိနေဖို့ပါ။”လို့ ကိုးလ်မန်းက ပြောခဲ့ပါတယ်။
ကိုးလ်မန်းကတော့ နယ်သာလန်အသင်းရဲ့ နည်းပြချုပ်အဖြစ် တာဝန်ထမ်းဆောင်နေရာမှာ ဘာစီလိုနာအသင်းနဲ့ စာချုပ်ပြောင်းလဲ ချုပ်ဆိုခဲ့တာ ဖြစ်ပါတယ်။
ဒါ့အပြင် သူကိုယ်တိုင်က ဘာစီလိုနာအသင်းရဲ့ ကစားသမားတစ်ဦးဖြစ်ပြီး ၁၉၈၉ကနေ ၁၉၉၅အထိ အသင်းနဲ့အ တူ လိဂ်ဖလား ၄ကြိမ်နဲ့ ဥရောပဖလားတို့ကို ဆွတ်ခူးနိုင်ခဲ့သူပါ။ “နည်းပြတစ်ယောက်အနေနဲ့ မက်ဆီနဲ့ အလုပ်တွဲလုပ်ရတာ ကြိုက်နှစ်သက်ပါတယ်၊ဒီလိုအခြေအနေမှာ သူ့အနေနဲ့ အရင်တုန်းက ပွဲတွေကို အနိုင်ယူနိုင်စွမ်းရှိနေတဲ့အတိုင်း ရှိနေမြဲဆိုရင်တော့ ပိုလို့တောင် ပျော်မိမှာပါ။”လို့ ကိုးလ် မန်းက ဆက်လက်ဆိုပါတယ်။