သင်္ကြန်ဆိုရင် အပြင်ထွက်ကဲတဲ့သူရယ်၊ အိမ်တွင်းပုန်းတဲ့သူရယ်ဆိုပြီး အရင်တုန်းက ၂ မျိုးရှိခဲ့ပေမယ့် ဒီနှစ်သင်္ကြန်ကတော့ COVID-19 ဗိုင်းရပ်စ်အန္တရာယ်ကြောင့် မကြုံစဖူးအားလုံးအိမ်တွင်းပုန်းကြရတော့မှာပါ။ ဒီလိုအိမ်တွင်းပုန်းတဲ့နေရာမှာ သင်္ကြန်ရက် ၅ ရက်တင်မကဘဲ သင်္ကြန်ပိတ်ရက် ၁၀ ရက်လုံးလုံးမဖြစ်မနေ အိမ်တွင်းပုန်းကြရတော့မှာဖြစ်တာကြောင့် ဒီကာလမှာ ပျင်းရိငြီးငွေ့မှုကနေ စိဖိစီးမှုတွေ ဝင်မလာစေဖို့ ကြိုတင် ပြင်ဆင်ထားဖို့ သေချာပေါက်လိုအပ်မှာပဲ ဖြစ်ပါတယ်။
ဒီအတွက် ကိုယ်ဝါသနာပါတဲ့ အလုပ်လေးတွေလုပ်ဖို့အတွက် လိုအပ်တဲ့ပစ္စည်းလေးတွေ၊ စာအုပ်ကောင်းကောင်း တွေနဲ့ ရုပ်ရှင်ကားကောင်းတွေကြည့်နိုင်မယ့်နည်းလမ်းတွေကို ကြိုတင်ရှာဖွေစုဆောင်းထားဖို့ လိုမှာပဲ ဖြစ်ပါ တယ်။
ဒီလိုအခြေအနေမှာ အရင်တုန်းက သင်္ကြန်ရက်အတွင်း ငှားခတစ်ရက်စာပဲပေးရလို့ သင်္ကြန်မတိုင်ခင်တစ်ရက်မှာ စာအုပ်အငှားဆိုင်တွေနဲ့ အခွေငှားဆိုင်တွေမှာ ကိုယ်ကြိုက်တဲ့ စာအုပ်၊ ရုပ်ရှင်တွေရဖို့ သူ့ထက်ငါဦးအောင်ငှားခဲ့ ရတဲ့ ပျော်စရာအချိန်တွေက လွမ်းမောစရာပါပဲ။
ဒီနေ့ခေတ်မှာ စာအုပ်အငှားဆိုင်တွေနဲ့ အခွေငှားဆိုင်တွေနည်းပါးသွားပြီဖြစ်ပေမယ့် တစ်ဖက်မှာလည်း ပိုမိုခေတ်မီတဲ့နည်းလမ်း တွေနဲ့ စာအုပ်တွေကို အိမ်အရောက်ပို့ ဝယ်ယူနိုင်နေပြီဖြစ်သလို ရုပ်ရှင်ဇာတ်ကား ကောင်းတွေသာမက အခြားအစီအစဉ်ကောင်းတွေကိုပါ ကြည့်ရှုနိုင်မယ့် နည်းလမ်းတွေရှိနေပြီဖြစ်ပါတယ်။
မြန်မာနိုင်ငံရဲ့ထိပ်တန်း အခပေးရုပ်သံလိုင်းတစ်ခုဖြစ်တဲ့ CANAL + မှာဆိုရင် သင်္ကြန်ကာလအတွင်းမှာ မြန်မာနဲ့ နိုင်ငံတကာရုပ်ရှင်ကားကောင်းတွေ၊ ကမ္ဘာကျော်ရုပ်သံအစီအစဉ်ကောင်းတွေ ထုတ်လွှင့်ဖို့ရှိနေတဲ့ အပြင် ဧပြီ၊ ၁၁ ရက်နေ့ကနေ ၁၆ ရက်နေ့အထိ သင်္ကြန်အထူးလက်ဆောင်အနေနဲ့ CANAL + အသုံးပြုသူတိုင်းကို အခမဲ့ ကြည့်ရှုခွင့် ပေးသွားမှာဖြစ်တာကြောင့် သင်္ကြန်ပိတ်ရက်မှာ chill ဖို့အတွက်အကောင်းဆုံးနည်းလမ်းတစ်ခုပဲ ဖြစ်ပါတယ်။
လက်တလော CANAL+ ရဲ့ရုပ်သံလိုင်းခွဲအသီးသီးမှာ Kpop Fan တွေအကြိုက် Fantastic Duo Season 2၊ နိုင်ငံတကာဇာတ်လမ်း နှစ်သက်သူတွေအတွက် MaMa Mia , Werewolf, Safe House စတဲ့ စိတ်လှုပ်ရှားစရာဇာတ်လမ်းတွေ၊ သိုင်းကားကြိုက်သူတွေအတွက် သုံးပြည်ထောင်ရဲ့ အောင်နိုင်သူလို ဇာတ်ကားတွေကို ထုတ်လွှင့်ပြသလျက်ရှိတာကြောင့် ကိုယ့်အကြိုက်နဲ့ ကိုက်ညီတာကို ရွေးချယ်ကြည့်ရှုရုံပါပဲ။
ဒါ့အပြင် သားသားမီးမီးတွေနဲ့ အတူ ကြည့်ရှုနိုင်မယ့် ပုံပြင်တွေ၊ နာမည်ကျော် ကာတွန်းရုပ်ရှင်လေးတွေကိုလည်း CANAL+ CHA TATE နဲ့ CANAL+ PUTUTUE ရုပ်သံလိုင်းခွဲတွေမှာ ပြသလျက်ရှိတာကြောင့် မိသားစု အတူတူ Chill လို့လည်းရပါတယ်။
ဟောလိဝုဒ်အက်ရှင်ကားတွေကိုမှကြိုက်တဲ့သူတွေအနေနဲ့ CANAL+ ACTION လိုင်းကိုဖွင့်လိုက်ရုံပါပဲ။
အားကစားနှစ်သက်တဲ့သူတွေအတွက်တော့ Cage Warriors ပွဲစဉ်တွေအပြင် ဂျပန်နိုင်ငံရဲ့ အကြီးဆုံး နပန်းပြိုင်ပွဲဖြစ်တဲ့ New Japan Pro Wrestling ပွဲတွေကို CANAL+ SPORTS လိုင်းခွဲမှာ ကြည့်ရှုနိုင်မှာ ဖြစ်ပါတယ်။
မြန်မာရုပ်ရှင်ချစ်ပရိသတ်တွေအတွက်ကတော့ CANAL+ ZAT LENN မှာ မြန်မာအဆင့်မြင့်ရုံတင် ဇာတ်ကားများစွာ အဆက်မပြတ်ပြသပေးနေပြီး ဒီလထဲမှာဆိုရင် ဒေါင်းပါဝင်တဲ့ လေဆန်ကကြိုး ရုပ်ရှင်ကို CANAL+ ZAT LENN channel ကနေထုတ်လွှင့်ပြသသွားဖို့ရှိနေပါတယ်။
နောက်ပြီး တရုတ်နဲ့ အိန္ဒိယဇာတ်လမ်းတွဲ ကောင်းကောင်းတွေကိုလည်း CANAL+ MAE MADI မှာထုတ်လွှင့်ပြသ ပေးလျက်ရှိပါသေးတယ်။
ကဲ...ဒီတော့ တစ်သက်မှာတစ်ခါဆိုသလို သင်္ကြန်ပိတ်ရက်ရှည်မှာ အိမ်တွင်းပုန်းရတဲ့အခါ စိတ်ဖိစီးမှုတွေ မဝင်စေဖို့ ကိုယ်ဝါသနာပါတာလေးတွေလုပ်ရင်း CANAL+ စိတ်အေးလက်အေး chill လိုက်တော့နော်။
(ဒီဆောင်းပါးကို CANAL+ Myanmar FG မှပံ့ပိုးကူညီထားပါတယ်)
Share