သူ့ရဲ့ မင်္ဂလာပွဲအကြောင်းပြောပြလာပါတယ်။

အောင်ရဲလင်းကတော့ အချစ်ရေးမှာ မမတွေ၊ ညီမလေးတွေ စဉ်းစားနေမှာ မဟုတ်ပဲ မင်္ဂလာဆောင်ချင်ရင် ဆောင်လိုက်တော့မယ်လို့ ပြောပါတယ်။ 

Photo: Aung Ye Lin



သရုပ်ဆောင် အောင်ရဲလင်းရဲ့ အချစ်ရေး သတင်းတွေကိုတော့ ပရိသတ်တွေက အမြဲတမ်း စိတ်ဝင်တစားရှိလှပါတယ်။ အနုပညာရှင်တော်တော်များများကလည်း ၂၀၂၀ ခုနှစ်အတွင်းမှာ မင်္ဂလာပွဲတွေ ကျင်းပနေပေမယ့် အောင်ရဲလင်းကတော့ သူ့ရဲ့ မင်္ဂလာပွဲအကြောင်းကို Duwun Media ကနေ ပြောပြခဲ့ပါတယ်။ 

“ ကျွန်တော်ကိုယ်တိုင်က မင်္ဂလာပွဲလုပ်ချင်တယ်ဆိုရင် လုပ်လိုက်မှာ။ ဒါလုပ်မယ်၊ ဘာလုပ်မယ်ဆိုတဲ့ မျှော်လင့်ချက်တွေမထားဘူး။ Plan တွေနဲ့ လုပ်တာဆိုလို့ သရုပ်ဆောင် အလုပ်ပဲရှိတာပါ။ ဒါကလည်း ဇာတ်ရွေးမယ်၊ နောက်ဆိုရင် ဘယ်လို ကာရိုက်တာလေးရိုက်မယ်ပေါ့။ ကျန်တာကိုတော့ သိပ်မစဉ်းစားဘူး။ မင်္ဂလာပွဲဆိုတာ ကျွန်တော် လုပ်ချင်စိတ်ပေါက်ရင်တော့ ဖြစ်ရင် ဖြစ်သွားမယ်။ ကျွန်တော် မလုပ်ချင်သေးဘူးဆိုရင်တော့ မဖြစ်လာနိုင်သေးဘူးပေါ့။ ကျွန်တော့်ရဲ့ ကံ အပေါ်မှာလည်း မူတည်ပါသေးတယ်။ အချစ်ရေးမှာတော့ မမ ကိုလည်း ကြိုက်တယ်၊ ညီမလေးကိုလည်း ကြိုက်တယ်” လို့ သူက ဆိုပါတယ်။ 

Photo: Aung Ye Lin

အောင်ရဲလင်းဟာ အချစ်ရေးနဲ့ရော ၊ ဘဝ အတွေ့အကြုံတွေနဲ့ ပတ်သက်ပြီး ရင့်ကျက်သွားပြီလို့ ဆိုပါတယ်။ သူဟာ အနုပညာလောကထဲကို ၂၀၀၆ ခုနှစ်ကတည်းက ဝင်ရောက်လာခဲ့သူဖြစ်တာကြောင့် အနုပညာသက်တမ်းအရ ပိုပြီးရင့်ကျက်လာတာဖြစ်တယ်လို့လည်း ပြောပါတယ်။ 

“တည်ငြိမ်တယ်ဆိုတာထက် ကျွန်တော့်ကိုယ် ကျွန်တော် ပြောင်းလဲသွားတယ်လို့ ခံစားမိတယ်။ ဘဝက ပေးတဲ့အတွေ့အကြုံတွေနဲ့ အများကြီးဆိုင်မယ်လို့ ထင်တယ်။ ကျွန်တော့်ဘဝမှာ ကောင်း တာတွေလည်း အများကြီး ကြုံခဲ့ပြီးပြီ။ ဆိုးတာတွေလည်း အများကြီး ကြုံခဲ့ပြီးပြီ။ အဖေ နဲ့ အမေကိုလည်း စိတ်ရှုပ်ရမယ့်အရာတွေ မပေးချင်ဘူး။ မိဘတွေကို စိတ်ချမ်းသာစေချင်တာ ကျွန်တော့် ဆန္ဒပါ” ဆိုပြီးတော့ ဖေဖော်ဝါရီလ ၁၂ ရက်နေ့က နှင်းဆီရဲတိုက် ရုပ်ရှင်ကားကြီးအထူးပြပွဲကို တက်ရောက်ရင်း ဖြေဆိုခဲ့တာပါ။ 

Photo: Aung Ye Lin

လက်ရှိမှာတော့ အောင်ရဲလင်းဟာ အနုပညာလှုပ်ရှားမှုနဲ့ ပတ်သက်ပြီးအလှမ်းဝေးနေတာ တွေ့ရပါတယ်။ ဒါပေမယ့် သူကတော့ Social Media ပေါ်မှာ နာမည်ကြီးအောင် သတင်းဖွမှာ မဟုတ်ဘူူးလို့ ဆိုပါတယ်။ 

“ ပရိသတ်အားပေးလို့ ပေါက်သွားတာမျိုးပဲလိုချင်တာပါ။ ကိုယ်တိုင်စဉ်းစားပြီးတော့ နာမည်ကြီးသွားတာမျိုးမဖြစ်ချင်ဘူး။ ကျွန်တော်က ဇာတ်ကားတွေ ရွေးရိုက်လိုက်လို့ ကျွန်တော့်အနုပညာအလုပ်တွေ နှောင့်နှေးသွားတာမျိုးမဖြစ်ချင်ဘူး။ ကျွန်တော့်အရည်အချင်းသာ စစ်မှန်မယ်။ ကောင်းမယ်ဆိုရင် တစ်ချိန်ချိန်မှာ ပြန်ပြီးတော့ အသက်ဝင်လာမှာပါ။ ပရိသတ်တွေ လိုချင်တဲ့ ဆန္ဒထက် ပိုပြီးတော့ ပြည့်ဝမှာပါ” လို့ ဆက်လက်ပြောပြခဲ့ပါတယ်။ 

Photo: Aung Ye Lin

အောင်ရဲလင်းကတော့ လက်ရှိမှာ ဇာတ်ကားရိုက်ကူးမှုတွေကို သေချာ ရွေးချယ်ပြီး ရိုက်ကူးနေတာကြောင့် ဇာတ်ကားရိုက်ကူးမှုတွေ နည်းသွားတာကို တွေ့ရပါတယ်။ အောင်ရဲလင်းက သရုပ်ဆောင်ပိုင်းမှာ ပရိသတ်အားပေးမှု အခိုင်အမာကို ရရှိထားတဲ့ အနုပညာရှင်တစ်ဦးပါ။ ချောမောခန့်ညားလွန်းတဲ့ပုံစံကြောင့် မိန်ကလေးပရိသတ်ရဲ့ ပရိသတ် အသဲစွဲ တစ်ယောက် ဖြစ်နေတဲ့ အောင်ရဲလင်းရဲ့ အချစ်ရေးနဲ့ ပတ်သက်ပြီး ပရိသတ်တွေက အရမ်းစိတ်ဝင်စားကြပြီး သူကိုယ်ရွေးချယ်မယ့် အိမ်ထောင်ဖက် မိန်းကလေး ကိုလည်း စိတ်ဝင် စားနေ ကြပါတယ်။




ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က