ဘယ်ကားနဲ့ ဖြစ်မလဲ။

“လေးပါးကျော့ရှန်ဝရဇိန်” ရုပ်ရှင်ဇာတ်ကားမှာ ကြက်ဖ ဆိုတဲ့ ကာရိုက်တာကို ပီပြင်စွာ သရုပ်ဆောင်နိုင်သူ သရုပ်ဆောင် မင်းမော်ကွန်းကို အကယ်ဒမီ ဆု ရစေချင်တယ်လို့ သားညီက ဆိုပါတယ်။

Photo : သားညီ

ဒါရိုက်တာ သားညီကတော့ အကယ်ဒမီနဲ့ ပတ်သက်ပြီး သူ့အတွက် ရင်ခုန်မှု သိပ်မရှိပေမယ့် ဒီနှစ်မှာ မင်းမော်ကွန်းကို အကယ်ဒမီ ရစေချင်တယ်လို့ ဆိုပါတယ်။ မင်းမော်ကွန်းဟာ “လေးပါးကျော့ရှိန်ဝရဇိန် “ ရုပ်ရှင်ဇာတ်ကားမှာ ကြက်ဖ ဆိုတဲ့ ကာရိုက်တာကို ပီပြင်စွာ သရုပ်ဆောင်နိုင်တာဖြစ်လို့ အကယ်ဒမီ ရစေချင်တာပါတဲ့။

“ကျွန်တော့်ကားတစ်ကားပါတယ်။ ပါတယ်ဆိုပေမယ့် ကျွန်တော့်အတွက် ရင်မခုန်ဘူး။ကိုမင်းမော်ကွန်း အတွက် ရင်ခုန်ပေးတယ်။ သူအဲဒီကားမှာ အရမ်းတော်လို့ ကျွန်တော်တို့ ရိုက်နေရင်းနဲ့ကို သူရဲ့ ကာရိုက်တာ ‘ကြက်ဖ’ အတိုင်း ဖြစ်နေတာ ရိုက်နေရင်းနဲ့ကို သဘောကျနေတာ။ ကာရိုက်တာပီပြင်တယ်” ဆိုပြီး မင်းမော်ကွန်းအတွက် သူ့ရဲ့ အကယ်ဒမီ ရင်ခုန်သံကို ပြောပြခဲ့ပါတယ်။ မင်းမော်ကွန်းသာ အကယ်ဒမီ ရခဲ့မယ်ဆိုရင်တော့ အဲဒီညမှာ အမူးသောက်မယ်လို့ သူက ပြောခဲ့ပါသေးတယ်။

photo ; ေလးပါးကျော့ရှိန်ဝရဇိန်

မင်းမော်ကွန်းဟာ ‘လေးပါးကျော့ရှိန်ဝရဇိန်” ရုပ်ရှင်ဇာတ်ကားကြီးထဲမှာ အရက်သမားတစ်ယောက်၊ အရက်သောက်ဖို့အတွက် အမြဲတမ်း ဂျီကျတတ်တဲ့ သူ၊ သူငယ်ချင်းတွေအပေါ် အရမ်းချစ်တတ်ပြီးတစ်ယောက်အဖြစ် ကာရိုက်တာကို ပီပြင်အောင် သရုပ်ဆောင်နိုင်ထားတာပါ။ လေးပါးကျော့ရှိန် ဝရဇိန် ရုပ်ရှင်ဇာတ်ကားကြီးကို ဒါရိုက်တာ သားညီက ရိုက်ကူးထားတာ ဖြစ်ပြီး မင်းမော်ကွန်း၊ထွန်းထွန်း၊ မင်းသွေး၊စည်ဖြိုးတို့က အဓိက ပါဝင်သရုပ်ဆောင်ထားကြတာလည်း ဖြစ်ပါတယ်။

photo ; ေလးပါးကျော့ရှိန်ဝရဇိန်

သရုပ်ဆောင် မင်းမော်ကွန်းကတော့ "လေးပါးကျော့ရှိန်ဝရဇိန်" ရုပ်ရှင်မှာ အလှုပ်ဇာတ်ရုပ်ကိုပီပြင်စွာသရုပ်ဆောင်နိုင်တာကြောင့် သူကို ချစ်တဲ့ ပရိသတ်တွေကလည်း အကယ်ဒမီကို ရရှိနိုင်တယ်လို့ ပြောဆိုနေကြပါတာပါ။

မင်းမော်ကွန်းဟာ ၂၀၀၂ခုနှစ်မှာ “နှလုံးလှလူမိုက်” ရုပ်ရှင်ဇာတ်ကားနဲ့ အကောင်းဆုံးအမျိုးသား ဇာတ်ဆောင်ဆုကို ပိုင်ဆိုင်ထားနိုင်သူ ဖြစ်ပြီး ဒီနှစ်မှာလည်း အကယ်ဒမီ ဆုကြီးကို ထပ်မံ ပိုင်ဆိုင်နိုင်ဦးမလားဆိုတာ မတ်လ(၂၉)ရက်နေ့မှာ ပြုလုပ်မယ့် အကယ်ဒမီပေးပွဲကြီးမှာ တွေ့မြင်ရတော့မှာ ဖြစ်ပါတယ်။

Share

Loading Next Article...
က္က