• Featured

    မြင်းခြံမြို့မှ ပိုးတွေ့လူနာ ၇၈၈ နဲ့ ထိတွေ့ဆက်စပ်သူ (၃) ဦးမှာ ရောဂါပိုးတွေ့

မိသားစုဝင်နှစ်ဦးနဲ့ လူနာနဲ့ထိတွေ့ဆက်စပ်သူ ဝန်ထမ်းတစ်ဦးတို့ ဖြစ်ပါတယ်။

မြင်းခြံမြို့ကပိုးတွေ့လူနာအမှတ် ၇၈၈ ရဲ့ မိသားစုဝင် နှစ်ဦးနဲ့ လူနာရဲ့ဝန်ထမ်းဖြစ်သူ တစ်ဦးတို့မှာ ကိုဗစ်-၁၉ ပိုးတွေ့ ရှိခဲ့ရတယ်လို့ သိရပါတယ်။

image

ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနက ဒီနေ့ည ၈ နာရီထုတ်ပြန်ချက်မှာ ဖော်ပြချက်အရ မန္တလေးမြို့ကပိုးတွေ့လူနာ (၂) ဦးနဲ့ မြင်းခြံမြို့က ပိုးတွေ့လူနာ (၁) ဦးတို့ဟာ ပိုးတွေ့လူနာအမှတ် ၇၈၈ နဲ့ ထိတွေ့ဆက်စပ်သူတွေဖြစ်တယ်လို့ မြင်းခြံမြို့နယ် အုပ်ချုပ်ရေးမှူး ဦးညီညီအောင်က Duwun ကိုပြောပါတယ်။

“လူနာအမှတ် ၇၈၈ က မြင်းခြံကနေ မန္တလေးကို ဆေးခန်းလာပြတော့ သူ့မိန်းမနဲ့သား ပါလိုက်လာတာပါ။ လူနာမှာ ပိုးတွေ့တော့ သူတို့ကိုလည်း မန္တလေးမှာပဲ ကွာရန်တင်းထားရင်း ပိုးတွေ့တာ။ မြင်းခြံက ပိုးတွေ့လူနာနောက်တစ်ဦးက လူနာအမှတ် ၇၈၈ ရဲ့ ဝန်ထမ်း။ သူ့ကိုတော့ မြင်းခြံမှာပဲ ကွာရန်တင်းထားပြီး ပိုးစစ်လိုက်တော့ တွေ့တာပေါ့” လို့ ဦးညီညီအောင်က ပြောပါတယ်။ 

ဓာတ်ပုံ- အဖြူရောင်ပရဟိတအသင်း (မြင်းခြံမြို့က ပိုးတွေ့လူနာကို လာရောက်ခေါ်ဆောင်စဉ်)

သြဂုတ်လ ၃၀ ရက်က ကိုဗစ်-၁၉ ပိုးတွေ့ရှိခဲ့တဲ့ မြင်းခြံမြို့က လူနာအမှတ် ၇၈၈ ဟာ အသက် ၄၇ နှစ်အရွယ် ကုန်သည်လုပ်ငန်းလုပ်ကိုင်သူ တစ်ဦးဖြစ်ပြီး သူဟာ ဖျားနာလို့ မြင်းခြံမြို့ကနေ မန္တလေး ဆေးရုံကို လာပြရာကနေ ကိုဗစ်-၁၉ ပိုးစစ်ဆေးတွေ့ရှိခဲ့တာဖြစ်ပါတယ်။

လူနာမှာ ပိုးတွေ့ရှိခဲ့ပြီးတဲ့နောက် မြင်းခြံမြို့ အမှတ် (၆) ရပ်ကွက်က နေအိမ်ကိုလည်း အသွားအလာကန့်သတ်လိုက်သလို လူနာနဲ့ ဆက်စပ်ထိတွေ့သူ အယောက် ၇၀ ဝန်းကျင်ကိုလည်း မြင်းခြံမြို့က Facility Quarantine စင်တာမှာထားပြီး ဓာတ်ခွဲနမူနာရယူစစ်ဆေးနေတယ်လို့ မြင်းခြံမြို့ အုပ်ချုပ်ရေးမှူး ဦးညီညီအောင်က ပြောပါတယ်။

ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနရဲ့ ဒီနေ့စက်တင်ဘာ (၂) ရက် ည (၈) နာရီထုတ်ပြန်ချက်အရ ကိုဗစ်-၁၉ ပိုးတွေ့လူနာသစ် ၅၇ ဦးထပ်တိုးခဲ့ရာမှာ ရခိုင်ပြည်နယ် (၅၁) ဦး၊ မန္တလေးတိုင်းက (၃) ဦးနဲ့ မွန်ပြည်နယ်က (၃) ဦး ဖြစ်တယ်လို့လည်း သိရပါတယ်။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က