အပိုင်အခွင့်အရေးတစ်ကြိမ်ကို လွဲချော်ခဲ့တာပါ။

အယ်လ်နာဆာတိုက်စစ်မှူးကြီး ရော်နယ်ဒိုဟာ မနေ့ညက အယ်လ်အိန်းနဲ့ပွဲ အချိန်ပို ပြီးဆုံးခါနီးမှာ ပင်နယ်တီကတစ်ဆင့် ဂိုးသွင်းယူပြီးတဲ့နောက် အယ်လ်နာဆာပရိသတ်တွေကို တောင်းပန်စကားပြောကြားခဲ့ပါတယ်။ ဒီပွဲမှာတော့ အယ်လ်နာဆာတို့ ပင်နယ်တီအဆုံးအဖြတ်နဲ့ရှုံးနိမ့်ကာ ပြိုင်ပွဲက ထွက်ခဲ့ရပါတယ်။



ဒီပွဲရဲ့ ဒုတိယပိုင်းမှာ အယ်လ်နာဆာအတွက် အပိုင်အခွင့်အရေးတစ်ကြိမ်ကို ရော်နယ်ဒို လွတ်လွတ်ကျွတ်ကျွတ် ကန်သွင်းခွင့်ရခဲ့ပေမယ့် ဂိုးမဝင်ခဲ့ပါဘူး။ တကယ်လို့ ဒီဂိုးသာ ဝင်ခဲ့ရင် အယ်လ်နာဆာတို့ အချိန်ပိုအထိ မကစားရဘဲ နောက်တစ်ဆင့်ကို တက်ရောက်နိုင်ခြေရှိခဲ့ပါတယ်။


ဒါပေမယ့်လည်း မျှော်လင့်သလို မဖြစ်လာခဲ့ဘဲ အချိန်ပို၊ ပင်နယ်တီအထိ ကစားခဲ့ရပြီး ပင်နယ်တီအဆုံးအဖြတ်မှာ ရော်နယ်ဒိုတစ်ယောက်တည်း ပင်နယ်တီဝင်ခဲ့တာကြောင့် အယ်လ်နာဆာတို့ ပြိုင်ပွဲက ထွက်ခဲ့ရတာပါ။ ဒီလိုမျိုး ပင်နယ်တီ အဆုံးအဖြတ်အထိ ရောက်ရှိအောင်လို့ ရော်နယ်ဒိုရဲ့ (၁၁၈) မိနစ် ပင်နယ်တီသွင်းဂိုးက အရေးပါခဲ့ပါတယ်။

ဒီပင်နယ်တီသွင်းဂိုးကို ကန်သွင်းယူပြီးနောက် ရော်နယ်ဒိုက အယ်လ်နာဆာပရိသတ်တွေကို တောင်းပန်နေခဲ့ပြီး ဒါက သူ့ရဲ့ အစောပိုင်းပွဲချိန်က လွဲချော်မှုအတွက် တောင်းပန်နေခဲ့တာဖြစ်ပါတယ်။ ရော်နယ်ဒိုဟာ ဂိုးသွင်းယူ၊ အောင်ပွဲခံပြီးတဲ့နောက် အယ်လ်နာဆာပရိသတ်တွေဘက်လှည့်ကာ လက်အုပ်ချီ တောင်းပန်နေခဲ့တာပါ။

အေအက်ဖ်စီချန်ပီယံလိဂ်ကနေ ထွက်ခဲ့ရတဲ့ အယ်လ်နာဆာဟာ ဆော်ဒီပရိုလိဂ်မှာလည်း ဦးဆောင်သူ အယ်လ်ဟီလယ်နဲ့ (၁၂) မှတ် ပြတ်နေခဲ့ပါတယ်။ လာမယ့် သောကြာနေ့မှာတော့ ရော်နယ်ဒိုနဲ့ အယ်လ်နာဆာတို့က ဆော်ဒီပရိုလိဂ်ပွဲစဉ်အဖြစ် အယ်လ်အာလီနဲ့ ရင်ဆိုင်ကစားရမှာလည်း ဖြစ်ပါတယ်။

Share

Loading Next Article...
က္က