မာနေးရဲ့ဂိုးကို ခွင့်ပြုခဲ့တဲ့အတွက် ဝေဖန်မှုတွေရှိနေခဲ့တာပါ။

မနေ့ညက ကစားခဲ့တဲ့ လီဗာပူးနဲ့ဗီလာရီးရဲလ်တို့ရဲ့ ချန်ပီယံလိဂ် ဆီမီးဖိုင်နယ် ပထမအကျော့ပွဲမှာ လီဗာပူးက ဗီလာရီးရဲလ်ကို နှစ်ဂိုးပြတ်နဲ့ အနိုင်ရရှိခဲ့ပါတယ်။ အန်ဖီးလ်မှာ ကစားခဲ့တဲ့ဒီပွဲမှာ လီဗာပူးတို့ အဖွင့်ဂိုးရဖို့ တော်တော်ခက်ခက်ခဲခဲ ကစားခဲ့ရတာပါ။



ဒါပေမယ့် ပွဲကစားချိန် (၅၃) မိနစ်မှာ ဟန်ဒါဆန်ရဲ့ဖြတ်တင်ဘောက အက်စတူပီယန်နဲ့ထိပြီး လမ်းကြောင်းပြောင်း ဂိုးဝင်သွားခဲ့ပါတယ်။ အဲ့ဒီနောက် နှစ်မိနစ်အကြာမှာပဲ ဆာလာရဲ့ ဖန်တီးပေးပို့မှုကတဆင့် မာနေးက အကောင်းဆုံး အဆုံးသတ် ကန်သွင်းပေးခဲ့ပါတယ်။

ဒီဂိုးမှာ မာနေးလူကျွံနေတယ်လို့ ပရိသတ်တွေက ယုံကြည်နေပြီး VAR ကိုလည်း ပြစ်တင်ဝေဖန်နေကြပါတယ်။ ဒီဂိုးမှာ VAR ရဲ့ ပြန်လည်စစ်ဆေးမှုက မာနေး လူမကျွံဘူးလို့ ဖော်ပြနေပေမယ့် တကယ်တမ်းမှာတော့ မာနေးရဲ့ လက်တဖက် ထွက်နေတယ်လို့ ဝေဖန်နေကြတာဖြစ်ပါတယ်။ ဒီဖြစ်ရပ်ကိုတော့ မန်စီးတီးနဲ့လီဗာပူး တဖက်နှစ်ဂိုးစီ သရေကျခဲ့တဲ့ပွဲက စတာလင်ရဲ့ လူကျွံဘောနဲ့ နှိုင်းယှဥ်ခဲ့ကြပါတယ်။



အဲ့ဒီပွဲမှာ စတာလင်ရဲ့ လူကျွံဘောကတဆင့် ဂိုးသွင်းယူနိုင်ခဲ့ပေမယ့် VAR ကတော့ ဒါကို လက်တဖက်ကျွံနေတယ်လို့ အချက်ပြကာ ဂိုးပေးခဲ့ခြင်းမရှိပါဘူး။ အဲ့ဒီပွဲမှာသာ မန်စီးတီးအနိုင်ရရှိခဲ့ရင် ပရီးမီးယားလိဂ် ချန်ပီယံဆုအတွက် လီဗာပူး မျှော်လင့်ချက် ကုန်ဆုံးသွားမှာပါ။ ပရိသတ်တွေကတော့ “ဒီဖြစ်ရပ်က ငါ့ကို တော်တော်သံသယဖြစ်စေတာပဲ”

“မာနေးက ကျနော်တို့နဲ့ ရင်ဆိုင်ခဲ့တဲ့ပွဲမှာ စတာလင်လိုမျိုး လူကျွံနေခဲ့တာပါ။ ဖြစ်ရပ်တခုမှာ ဂိုးရပြီး နောက်ဖြစ်ရပ်တခုကတော့ ဂိုးမရခဲ့ပါဘူး” “လီဗာပူးနဲ့တွေ့ခဲ့တဲ့ပွဲမှာ လူကာကူတုန်းက ဒီလိုအနေအထားနဲ့လူကျွံနေပေမယ့် မာနေးကျတော့ လူမကျွံတော့ပြန်ပါဘူး” “VAR တောင်မလိုပါဘူးကွာ၊ လူကျွံနေတာ ရိုးရိုးမျက်စိနဲ့ တချက်ကြည့်ရင်တောင် သိတယ်” လို့ အသီးသီး ဝေဖန်လျက်ရှိပါတယ်

Share

Loading Next Article...
က္က