ဘာစီလိုနာအသင်းဟာ မန်ချက်စတာယူနိုက်တက်အသင်း ကြယ်ပွင့်တိုက်စစ်မှူး မားကပ်စ် ရက်ရှ်ဖို့ဒ်ကို ယခုနွေရာသီမှာ ခေါ်ယူမယ်ဆိုတဲ့သတင်းတွေကို ငြင်းပယ်ခဲ့ပြီး ပြောင်းရွှေ့ကြေး အလွန်မြင့်မားမှာကို စိုးရိမ်နေပါတယ်။
ဘာစီလိုနာအသင်းအနေနဲ့ အသက်အရွယ်ရလာပြီဖြစ်တဲ့ ဝါရင့်တိုက်စစ်မှူး လူးဝစ္စဆွာရက်ဇ်ရဲ့နေရာအတွက် တိုက်စစ်မှူးသစ် ရှာဖွေနေတာဖြစ်ပြီး မန်ချက်စတာယူနိုက်တက်နဲ့ စာချုပ်သစ်ချုပ်ဆိုဖို့ သဘောတူညီမှု မရသေးတဲ့ မားကပ်စ် ရက်ရှ်ဖို့ဒ်ကလည်း ဘာစီလိုနာရဲ့ ထိပ်တန်းပစ်မှတ်ထဲမှာ တစ်ဦးအပါအဝင်ဖြစ်ပါတယ်။
The Express ရဲ့ ဖော်ပြချက်အရ မန်ချက်စတာယူနိုက်တက်အသင်းက ပြောင်းရွှေ့ကြေးပေါင်သန်း ၁၅၀ သတ်မှတ်ထားတဲ့ ရက်ရှ်ဖို့ဒ်ကို ခေါ်ယူဖို့ ဘာစီလိုနာက လက်လျှော့သွားပြီလို့ သိရပြီး အခြားတိုက်စစ်မှူးတစ်ဦးကို ရှာဖွေနေပြီလို့ ဆိုပါတယ်။
ဘာစီလိုနာအသင်းဟာ မားကပ်စ်ရက်ရှ်ဖို့ဒ်ကို တစ်ပတ်လုပ်ခ ပေါင် ၂ သိန်းနဲ့ ကမ်းလှမ်းလိုခဲ့တာဖြစ်ပြီး ဆွာရက်ဇ်၊ ဒမ်ဘီလီ၊ ကော်တင်ဟိုတို့ရဲ့နောက် ဘာစီလိုနာအသင်းရဲ့ စတုတ္ထမြောက် လစာအမြင့်ဆုံး ကစားသမားဖြစ်လာမှာပါ။
ရက်ရှ်ဖို့ဒ်ဟာ ချန်ပီယံလိဂ်ကွာတားဖိုင်နယ်အဆင့် ဘာစီလိုနာနဲ့ပွဲစဉ်မှာ ခြေစွမ်းကောင်းပြသနိုင်ခဲ့ပေမယ့်လည်း ဘာစီလိုုနာက လက်ရှိအချိန်မှာ မတူညီတဲ့ ကစားသမားကောင်းကို ပိုမိုကောင်းမွန်တဲ့ သဘောတူညီမှုမျိုးနဲ့ ရှာဖွေတွေ့ရှိလိမ့်မယ်လို့ ယူဆထားကြောင်း သိရပါတယ်။