ပဏာမ (၂၁)ယောက်ကို အင်ဒိုနီးရှားထိ ခေါ်ဆောင်သွားခဲ့ပြီး မနက်ဖြန် ပွဲကစားဖို့ တစ်ရက်အလိုမှာမှ အခုလိုပဲ အပြီးသတ် (၂၀)ယောက်စာ ရင်းကို ကြေညာပေးတာ ဖြစ်ပါတယ်။

Photo - MFF
အာရှအားကစားပြိုင်ပွဲကို ဝင်ရောက်ယှဉ်ပြိုင်ဖို့ အင်ဒိုနီးရှားနိုင်ငံကို ရောက်ရှိနေတဲ့ မြန်မာ့လက်ရွေးစင် ယူ-၂၃ အသင်းအနေနဲ့ အပြီးသတ် ကစ စားသမား (၂၀)ဦးစာရင်းကို ဒီကနေ့မှာ ထပ်မံ ကြေညာလိုက်ပါတယ်။
အာရှပွဲအတွက် မြန်မာအသင်းရဲ့ ပြင်ဆင်မှုတွေ အားလုံးပြီးပြီ
ထိုင်းနိုင်ငံမှာ Police Tero အသင်းနဲ့ ခြေစမ်းကစားအပြီးမှာ အပြီးသတ်(၂၀)ဦးစာရင်းကို ကြေညာမယ်လို့ ထုတ်ပြန်ခဲ့ပေမယ့်လည်း တစ်ကယ်တမ်း တော့ (၂၁)ယောက်စာရင်းသာ ကြေညာထားနိုင်ခဲ့ပါတယ်။
Photo - MFF
ပထမ ချန်လှပ်ခဲ့တဲ့ စာရင်းမှာတော့ တိုက်စစ်မှူး အီစိုးနဲ့တေဇော်လင်းတို့ကို ချန်လှပ်ခဲ့ပြီး ဒီကနေ့မှာတော့ နောက်ထပ် ချန်လှပ်ရမယ့် သူအဖြစ် ဂိုးသမား ဘုန်းသစ္စာမင်းကို ရွေးချယ်လိုက်တာလည်း ဖြစ်ပါတယ်။
မြန်မာ ယူ-၂၃ အသင်းကို ပဏာမ ၂၆ ယောက်နဲ့ စတင်ခဲ့ပေမယ့် ရှိုင်းသူရ၊မျိုးကိုထွန်းနဲ့ ဂိုးသမား အေဇင်မှူးတို့ကို ကနဦးချန်လှပ်ပြီး ကွင်းလယ် ကစားသမား လွင်မိုးအောင်ကို အစားထိုးရွေးချယ်ကာ ၂၄ ယောက်နဲ့ ဆက်လက်လေ့ကျင့်ခဲ့ပါတယ်။
Photo - MFF
အခုတော့ မြန်မာအသင်းအနေနဲ့ အင်ဒိုနီးရှားကိုရောက်ရှိနေပြီဖြစ်ပြီး ပွဲကြို လေ့ကျင့်ခန်းတွေလည်း ပြုလုပ်လျက်ရှိနေပါတယ်။ မနက်ဖြန် သြ ဂုတ်လ ၁၅ ရက်နေ့ မြန်မာစံတော်ချိန် ညနေ ၆ နာရီခွဲမှာတော့ ပြီးခဲ့တဲ့တစ်ကြိမ် ဆိုးလ် အာရှအားကစားပွဲတော်မှာ ဗိုလ်လုပွဲထိ တက်ခဲ့တဲ့ မြောက်ကိုရီးယားအသင်းနဲ့ စတင်ကစားရပါမယ်။