လူငယ်စမတ်ဖုန်း သုံးစွဲသူတွေကို ဦးတည်ထုတ်ထားတာပါ

ဘက်ဂျက်ဖုန်းလောကထဲ ဝင်ရောက်လာတာ တစ်နှစ်ကျော်ပဲ ရှိသေးတဲ့ Realme ကတော့ နောက်ထပ် တန်ဖိုးနည်းဖုန်းတစ်လုံးကို ကြေညာလိုက်ပြီ ဖြစ်ပါတယ်။

        Realme 3i နာမည်နဲ့ထွက်လာတဲ့ ဒီဖုန်းဟာ သူ့အရင် ထွက်ထားတဲ့ Realme 3 စီးရီးထဲမှာ ဈေးအနည်းဆုံး ဖုန်းလို့ပြောနိုင်ပါတယ်။ ဒီဇိုင်းပိုင်းမှာ လူငယ် consumers တွေ အကြိုက် ပေါ့ပါးပြီး ခေတ်မီတဲ့ ဒီဇိုင်းနဲ့လာပြီး Realme C2 မှာလိုမျိုး စိန်ကွက် Diamond-cut နဲ့လာတာ ဖြစ်ပါတယ်။



Photo: News18

        ကျောဘက်မှာ LED flash နဲ့အတူ လက်ဗွေဖတ်စနစ် ပါလာပြီး ကင်မရာကတော့ ထောင်လိုက် နှစ်လုံးတွဲ ကင်မရာစနစ် သုံးထားတာ ဖြစ်ပါတယ်။ မျက်နှာပြင် ၆.၂ လက်မ ရှိတဲ့ ဒီဖုန်းဟာ Waterdrop notch ဒီဇိုင်း ပါပြီး အပေါ်မှာ Gorilla Glass 3 မှန် အုပ်ထားပါတယ်။

        Realme 3i ဟာ Helio P60 processor ကို သုံးထားပြီး RAM/Storage ကိုတော့ 3GB/32GB နဲ့4GB/64GB ဆိုပြီး နှစ်မျိုး ထုတ်ထားတာပါ။ storage မြှင့်ဖို့အတွက် microSD card support ပေးထားပြီး 256GB အထိ ထပ်တိုးနိုင်မှာ ဖြစ်ပါတယ်။

Photo: Lowyat  

      ရှေ့ဘက်မှာ 13MP selfie ကင်မရာ သုံးပြီး ကျောဘက်မှာ 13MP+2MP depth sensor နှစ်လုံးတွဲ ကင်မရာနဲ့လာပါတယ်။ အားသာချက်တစ်ခုက ဘက်ထရီပါဝါ 4230 mAh သုံးထားတာ ဖြစ်ပြီး အားနည်းချက်ကတော့ MicroUSB port ကနေ 10W charging နှူန်းပဲ အားသွင်းခွင့်ပြုထားတာပါ။

        Android 9 Pie ကို အခြေခံထားတဲ့ ColorOS 6 နဲ့လာပြီး စိန်ပြာရောင် ၊ အနီရောင်နဲ့အနက်ရောင် ကာလာ ၃ မျိုးနဲ့ဝယ်နိုင်မှာ ဖြစ်ပါတယ်။ ဈေးနှူန်းအနေနဲ့အနည်းဆုံး ၇၉၉၉ ရူပီး ( မြန်မာငွေ ၁ သိန်း ၇ သောင်းခွဲခန့်) နဲ့အမြင့်မော်ဒယ်ကို ၉၉၉၉ ရူပီး ( မြန်မာငွေ ၂ သိန်း ၂ သောင်းခန့် ) ဈေး သတ်မှတ်ထားပါတယ်။ 


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က