ဗားရှင်း ၂ မျိုးနဲ့ထွက်ထားတာပါ

ကျောဘက်ကင်မရာနှစ်လုံး သုံးထားပြီး မျက်နှာပြင်နဲ့ဘက်ထရီအကြီးစား သုံးထားတဲ့ OPPO Realme 2 ကတော့ ဈေးကွက်ထဲ ရောက်လာပြီ ဖြစ်ပါတယ်။



gsmarena_002.jpg

Photo: GSMArena

 

Realme 1 ထွက်ပြီး ၃ လအကြာမှာ မိတ်ဆက်လိုက်တဲ့ ဒီဖုန်းဟာ ခေတ်ပေါ် notch display နဲ့လာပြီး မျက်နှာပြင် ၆.၂ လက်မ 720p display သုံးထားတာပါ။ အိန္ဒိယဈေးကွက်မှာ စပြီး မိတ်ဆက်လိုက်တဲ့ ဒီဖုန်းဟာ တန်ဖိုးနည်းဖုန်းအကြိုက်များတဲ့ ပရိတ်သတ်များအတွက် ရည်ရွယ်ထားတဲ့ ဖုန်းဖြစ်ပြီး သုံးထားတဲ့ processor ကလည်း အနိမ့်စားလို့ဆိုနိုင်တဲ့ Snapdragon 450 processor ကို သုံးထားတာပါ။

စိတ်ဝင်စားစရာက ဈေးအနည်းနဲ့ဖုန်းဝယ်လိုသူတွေအတွက် RAM 3GB / 32GB storage နဲ့ခပ်သင့်သင့် ဈေးနဲ့အလတ်စား မော်ဒယ်ကိုင်လိုသူများအတွက်  RAM 4GB/64GB storage ဆိုပြီး ဗားရှင်း ၂ မျိုးနဲ့ထွက်လာတာ ဖြစ်ပါတယ်။ ဒီဇိုင်းပိုင်းမှာ နောက်ပိုင်းထွက် OPPO ရဲ့ မူပိုင်ဟန်ဖြစ်တဲ့ စိန်ကွက်ဖော်ထားတဲ့ ကျောဘက်ကာဗာ ပါရှိပါတယ်။

Realme 2 ရဲ့ ဆွဲဆောင်နိုင်တဲ့ အချက်တွေထဲကတစ်ခုက ကင်မရာပါ။ အရင် Realme 1 စီးရီးမှာ ကျောဘက် ကင်မရာတစ်လုံးနဲ့notch မကပါတဲ့ ဖုန်းအဖြစ်ကနေ အခုဆို အလျားလိုက် ကျောဘက် dual cameras စနစ် ဖြစ်တဲ့ 12MP + 2MP ကင်မရာနှစ်လုံး ပါလာပြီး နာမည်ကြီး Portrait mode တွေ ရိုက်နိုင်လာပါတယ်။ အရှေ့8MP ကင်မရာကလည်း ဆယ်လ်ဖီအပြင် Face Unlock အတွက်ပါ သုံးနိုင်တော့မှာပါ။

Realme 1 နဲ့မတူတဲ့ နောက်တစ်ခုက ကျောဘက်မှာ Fingerprint scanner ပါလာတာ ဖြစ်ပါတယ်။ ဘက်ထရီပါဝါမှာတော့ အရင်ကထက် ၂၄% ပိုပြီး ကြီးတဲ့ 4230 mAh ဘက်ထရီ ဖြစ်ပြီး AI Power Manager နဲ့ဘက်ထရီစွမ်းအင်သုံးစွဲမှုကို ချိန်ညှိပေးမှာပါ။ OPPO ကတော့ ဒီဖုန်းဟာ ဂိမ်း ၁၀ နာရီ ဆက်တိုက်ဆော့နိုင်ပြီး ၄၄ နာရီ ဖုန်းပြောနိုင်မယ့် ဖုန်းလို့ဆိုပါတယ်။

Photo: GSMArena

 

ဆော့ဖ်ဝဲလ်စနစ်ပိုင်းမှာ Color OS 5.1 နဲ့လာတဲ့ Android 8.1 Oreo သုံးထားပြီး အနီ ၊ အပြာန ဲ့အနက် ကာလာများနဲ့ထွက်ထားပါတယ်။ ဒီဖုန်းကို အရှေ့တောင်အာရှ ၊ အိန္ဒိယနဲ့အရှေ့အလယ်ပိုင်း ဈေးကွက်များမှာ ဖြန် ့ချိသွားမှာ ဖြစ်ပြီး အနိမ့်ဆုံးမော်ဒယ် ၈၉၉၀ ရူပီး (မြန်မာငွေ ၁သိန်း ၉ သောင်းခွဲ) နဲ့အမြင့်မော်ဒယ်ကို ၁၀၉၉၀ ရူပီး (မြန်မာငွေ ၂ သိန်း ၄ သောင်း ခန့်) ဈေးတွေနဲ့ဝယ်ယူနိုင်မှာပါ။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က