သြစတြေးလျအမျိုးသားအသင်းကို ကမ္ဘာ့ဝင်ခွင့်ရအောင် ကူညီပေးထားနိုင်သူ ဖြစ်သလို ဘယ်လ်ဂျီယံမှ ကမ္ဘာ့ထိပ်တန်း ကစားသမားတွေကို နည်းပြလုပ်လာခဲ့သူ ဖြစ်ပါတယ်။
Photo - Sky Sports
မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်အနေနဲ့ လစ်လပ်လျက်ရှိတဲ့ နည်းစနစ်ဒါရိုက်တာ နေရာမှာ သြစတြေးလျ ဘောလုံးအဖွဲ့ချုပ်ရဲ့ နည်းစနစ်ဒါရိုက် တာ အဲရစ်အပ်ရမ်ကို ခန့်အပ်သွားတော့မှာ ဖြစ်ပါတယ်။
ဆူဇူကီးအကြို မြန်မာအသင်းရဲ့ ခြေစမ်းပွဲများ
နည်းစနစ်ဒါရိုက်တာ အဖြစ် လာမယ့် စက်တင်ဘာလပိုင်းမှာ မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်ထံ စတင်ရောက်ရှိလာမှာ ဖြစ်ပြီး လက်ရှိမှာတော့ အနည်းဆုံး၂ နှစ် စာချုပ်ချုပ်ဆိုသွားမယ်လို့ သိရပါတယ်။
Photo - newcastlefootball.com.au
"သူရောက်လာရင်တော့ ကျွန်တော်တို့ အဖွဲ့ချုပ်မှာရှိတဲ့ ရေရှည်စီမံကိန်းကို သူနဲ့ တိုင်ပင်ဆွေးနွေးမယ်၊အနာဂတ်မှာဘောလုံးဖွံ့ဖြိုးတိုးတက်ဖို့ ဘယ်လိုတွေလုပ်ဆောင်သွားမလဲ ဆုံးဖြတ်ကြမယ်။နောက်ပြီး အသစ် ဖွဲ့စည်းထားတဲ့ TFA အခန်း ကဏ္ဍကိုလည်း ပိုကောင်းအောင် လုပ်ဆောင် သွားပါမယ်။" လို့ မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ် အထွေထွေအတွင်းရေးမှူး ဦးကိုကိုသိန်းက ပြောပါတယ်။
မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်အနေနဲ့ ဘောလုံးလောက တိုးတက်ဖွံ့ဖြိုးဖို့အတွက် ၅ နှစ်ကနေ ၁၀ အထိ နှစ်ရှည် စီမံကိန်းများနဲ့ ဆောင်ရွက်သွား မှာ ဖြစ်ပြီး လက်ရွေးစင်အသင်းအောင်မြင်ဖို့အတွက်လည်း အဓိကထား ဆောင်ရွက်သွားမှာ ဖြစ်ပါတယ်။
အဲရစ်ကတော့ သြစတြေးလျမှာ ရှိချိန် သြစတြေးလျအသင်းကို ကမ္ဘာ့ဖလား ဝင်ခွင့်ရရှိအောင် ကူညီပေးနိုင်ခဲ့သလို အမျိုးသမီးအသင်းကလည်း အာရှမှာ ထိပ်တန်းအဆင့် အသင်းအဖြစ် ရပ်တည်ထားနိုင်ပြန်ပါတယ်။
သြစတြေးလျမှာ လုပ်ဆောင်နေတဲ့ လူငယ် ပရိဂရမ်တွေကလည်း အရမ်းကို တိုးတက်ကောင်းမွန်နေပြီး ဖီဖာနဲ့ အာရှရဲ့ ကွန်ဂရက်အစည်းအဝေး တွေမှာလည်း ဦးဆောင်ဆွေးနွေးနေသူ ဖြစ်ပါတယ်။
၎င်းအနေနဲ့ ဘောလုံးလောကမှာ စိန်ခေါ်မှု လုပ်ချင်တာလည်း အပါအဝင် မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်ရဲ့ ချိတ်ဆက်ဆောင်ရွက်မှုကြောင့် လည်း လာမယ့် စက်တင်ဘာမှာ စတင် ပူးပေါင်းမှာ ဖြစ်ပါတယ်။
အဲရစ်အပ်ရမ်ရဲ့ ကိုယ်ရေး အကျဉ်း
---------------------------------
အမည် - အဲရစ်အပ်ရမ်
အသက် - ၄၄ နှစ်
နိုင်ငံ - ဘယ်လ်ဂျီယံ
အတွေ့အကြုံ
--------------
၂၀၀၂-၂၀၁၃ - ဘယ်လ်ဂျီယံ ယူ -၁၅ မှ ယူ-၁၇ အထိ နည်းပြချုပ်အဖြစ် တာဝန်ယူကိုင်တွယ်ခဲ့။
၂၀၁၃-၁၄ - အယ်ဟာလီ ယူ-၁၅ အသင်းနဲ့ ဆော်ဒီဘုရင့်ဖလား ချန်ပီယံ ဖြစ်ခဲ့။
၂၀၁၁-၁၃ - Coordinator Topsport schools(5) for the Flanders Football Federation
၁၉၉၃-၁၃ - Lecturer Federal Coach Education KBVB (Belgian FA) for Uefa B, Uefa A and Uefa A Youth Elite, Uefa A Pro License courses
၁၉၉၈-၁၁ - Coach/coordinator Topsport Foot-Elite, Highschool Genk
-------------------------------------------------------------------------------------
ပညာရေး
---------
Bachelor Physical Education
UEFA B
UEFA A/Elite Youth
UEFA Pro License စတဲ့ ပညာရပ်တွေကို သင်ယူထားရှိပါတယ်။
Share