Save The Children အဖွဲ့က ထုတ်ပြန်ပါတယ်။
မြန်မာနိုင်ငံကလေးတွေဟာ အရွယ်မရောက်မီအိမ်ထောင်ကျတဲ့နှုန်းထားဟာ ၁၁.၉ ရာခိုင်နှုန်းအထိမြင့်မားနေဆဲဖြစ်တယ်လို့ Save The Children အဖွဲ့က ထုတ်ပြန်ပါတယ်။

Photo - Al Jazeera

ဒါ့အပြင် မြန်မာနိုင်ငံဟာ ကလေးလုပ်သား ၉.၃ ရာခိုင်နှုန်းနဲ့ကလေးသူငယ်ကျောင်းထွက်နှုန်း ၁၈.၈ ရာခိုင်နှုန်း အထိရှိနေတာဟာလည်း ပြဿနာကြီးမားတယ်လို့ အဆိုပါအဖွဲ့ရဲ့၂၀၁၉ ခုနှစ် မေလ ထုတ်ပြန်ချက်ထဲမှာဖော်ပြထားပါတယ်။



နိုင်ငံတကာကလေးများနေ့အကြိုအတွက်ထုတ်ပြန်တဲ့ အဲ့ဒီထုတ်ပြန်ချက်ထဲမှာ နိုင်ငံပေါင်း ၁၇၆ နိုင်ငံမှာရှိတဲ့ကလေးတွေရဲ့ ကျန်းမာရေးစောင့်လျောက်ခံရမှု၊ ပညာသင်ကြားခွင့်၊ အဟာရပြည့်ဝမှု၊ အကာကွယ်ပေးခံရမှု၊ အရွယ်မတိုင်ခင်အလုပ်လုပ်ကိုင်ရမှုနဲ့ အရွယ်မတိုင်ခင်အိမ်ထောင်ကျမှုအခြေအနေစစ်တမ်းတွေအရ မြန်မာကလေးတွေက အဆင့် ၁၀၉ မှာရှိနေပါတယ်။

ဒါ့အပြင်လွန်ခဲ့တဲ့ နှစ်ပေါင်း ၂၀ လောက်အတွင်းမှာ မြန်မာနိုင်ငံဟာ ကလေးသူငယ်တွေနဲ့ပတ်သက်ရင် သိသိသာသာတိုးတက်လာခဲ့ပေမယ့် ကလေး ၁၀၀၀ မှာ ၄၈.၆ ဦးကသေဆုံးနေဆဲဖြစ်တယ်လို့ အစီရင်ခံစာမှာဖော်ပြပါတယ်။

ဒါကြောင့် လက်နက်ကိုင်ပြဿနာတွေဖြစ်ပွားနေတဲ့နေရာတွေမှာ ကလေးသူငယ်အခွင့်အရေးချိုးဖောက်ခံနေရတာတွေ၊ တက္ကသိုလ်တွေ စာသင်ကျောင်းတွေဟာ လက်နက်ကိုင်တွေကြောင့် ထိခိုက်မှုဖြစ်တာတွေ နဲ့ ဒုက္ခသည်စခန်းတွေမှာ ကလေးတွေ ခိုလှုံနေရတဲ့ ပြဿနာတွေကိုဖြေရှင်းကြဖို့ Save the Children က အစီရင်ခံစာထဲမှာတိုက်တွန်းထားပါတယ်။

 “ဒီဥပဒေကြမ်းကိုုအတည်ပြုလိုုက်ခြင်းဖြင့် ကလေးသူငယ်တွေအပေါ် ညှင်းပန်းနှိပ်စက်ခြင်း၊ လျစ်လျူရှုခြင်း၊ ခေါင်းပုံုဖြတ်အမြတ် ထုုတ်ခြင်းနဲ့ ဘယ်လိုအကြမ်းဖက်မှုမျိုးကိုုမဆိုု ကာကွယ်တုုန့်ပြန်ဆောင်ရွက်ရမယ့် တာဝန်ကို အစိုုးရအနေနဲ့ ထင်ထင်ရှားရှား အသိအမှတ်ပြုလိုက်ခြင်းဖြစ်ပါတယ်။ ဥပဒေကြမ်းကို အတည်ပြုလိုုက်တယ်ဆိုုတာနဲ့ လူမှုအဖွဲ့အစည်းတွေနဲ့ နီးနီးကပ်ကပ် ပူးပေါင်း ဆောင်ရွက်မှုတွေဆက်လက်ပြုလုုပ်ပြီး ဒီဥပဒေအားဖြင့် ကလေးသူငယ် တွေရဲ့အကောင်းဆုံုးအကျိုးရလဒ်အတွက် အကောင်ထည် ဖော်ဆောင်ရွက်ပေးနိုုင်ဖိုု့ ဥပဒေပြုရေးလွှတ်တော်အမတ်တွေကိုု ကျွန်ုတိုု့အနေနဲ့ တိုက်တွန်းလိုုပါတယ်။”လို့ Save the Children ရဲ့ Country Director ဖြစ်သူ Michael McGrath က ထုတ်ပြန်ချက်ထဲမှာ ပြောကြားပါတယ်။ 


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က