မြန်မာနိုင်ငံ ရုပ်ရှင်အစည်းအရုံးရဲ့ ဥက္ကဌ ရာထူးကို ဒါရိုက်တာ ညီညီထွန်းလွင်က လွဲပြောင်းယူလိုက်ပြီ ဖြစ်ပါတယ်။
photo : TinTun Win
ဦးဇင်ဝိုင်း ဥက္ကဌ ရာထူးက နုတ်ထွက်စာ တင်ပြီး ဥက္ကဌ အသစ်တင်ဖို့အတွက် ဒီနေ့(နိုဝင်ဘာ၅ရက်)မှာ ရုပ်ရှင်အစည်းအရုံးက တာဝန်ရှိသူများ၊ နာယကကြီးများ အစည်းအဝေးလုပ်ကာဆုံးဖြတ်ခဲ့ကြပါတယ်။ အစည်းအဝေး ဆုံးဖြတ်ချက်အရ ဥက္ကဌ ရာထူးကို အတွင်းရေးမှု ဖြစ်သူ ဒါရိုက်တာ ညီညီထွန်းလွင်ကို လွဲပြောင်း ပေးအပ်လိုက်ပါပြီ။
“ဦးဇင်ဝိုင်းထမ်းဆောက်ဖို့ ဘယ်လိုမှ မဖြစ်နိုင်တော့လို့နှုတ်ထွက်သွားတဲ့အချိန်မှာ အခြေအနေအရမလွှဲမရှောင်သာ တာဝန်ယူရတယ် ကိုယ့်လောကသားတွေအတွက် လုပ်ပေးရမှာပေါ့ ဖရိုဖရဲဖြစ်မသွားအောင်ပေါ့ အဆဲခံရရင်လဲ ခံရမှာပေါ့ လောကသားတွေအတွက် ပရိသတ်တွေအတွက် တတ်နိုင်သလောက် ကိုယ်တာဝန်ယူပေးရမယ့်အချိန်လေးမှာ အကောင်းဆုံးလုပ်ပေးသွားမယ်ပေါ့”လို့ မြန်မာနိုင်ငံ ရုပ်ရှင်အစည်းအရုံးရဲ့ ဥက္ကဌအသစ်ဖြစ်သူ ဒါရိုက်တာ ညီညီထွန်းလွင်က Duwun ကို ပြောပါတယ်။
Photo : ရန်နောင်
ဒါရိုက်တာ ညီညီထွန်းလွင်အနေနဲ့ ဥက္ကဌ တာဝန်ကို ဦးဇင်ဝိုင်း ကျန်ရှိခဲ့တဲ့ ဥက္ကဌသက်တမ်း (၁၁) လအတွက်သာ တာဝန်ယူဆောင်ရွက်သွားမှာ ဖြစ်တယ်လို့ဆိုပါတယ်။ ၂၀၂၀ခုနှစ်မှာတော့ ရုပ်ရှင်လောကသားတွေအနေနဲ့ ရွေးကောက်ပွဲ လုပ်ပြီး ဥက္ကဌသစ်ကို ထပ်မံရွေးချယ်သွားရမှာပါ။
မြန်မာနိုင်ငံရုပ်ရှင်အစည်းအရုံးရဲ့ ဥက္ကဌအသစ်ဟာ ဒါရိုက်တာ ညီညီထွန်းလွင်ဖြစ်လို့ အားလုံးက ဂုဏ်ယူဝမ်း မြောက်လို့ နေကြပါတယ်။
photo : zin wyne
ရုပ်ရှင်လောကသားတွေရဲ့ အကျိုးကို သယ်ပိုးနိုင်မယ့် သူတစ်ယောက် အဖြစ် မြင်တွေ့ချင်တယ်ဆိုတဲ့ မှတ်ချက်တွေလည်း ပေးထားကြတာ တွေ့ရပါတယ်။
မြန်မာနိုင်ငံ ရုပ်ရှင်အစည်းကြီးကို မတ်လ(၈) ရက်နေ့၊၁၉၄၆ခုနှစ်က စတင်ဖွဲ့စည်းခဲ့တာပါ။ ရုပ်ရှင်အစည်းအရုံးရဲ့ ဥက္ကဌ သက်တမ်းမှာ (၂)ဖြစ်ပြီး တာဝန်မပြီးဆုံးခင်ကာလမှာ အနုပညာလောကသားများ အားလုံးစုပေါင်းပြီး ရွေးကောက်ပွဲ ပြုလုပ်ကာ ဥက္ကဌအသစ်တင်မြှောက်လေ့ရှိပါတယ်။