မြန်မာနိုင်ငံမှ ဘေးမဲ့ကန့်သတ်ထားတဲ့နေရာတွေရဲ့ ၇၀ ရာခိုင်နှုန်းမှာ အမဲလိုက်သတ်ဖြတ်မှုတွေရှိနေတယ်လို့ ဖေဖော်ဝါရီလ ၅ ရက်နေ့မှာ ဥရောပသမဂ္ဂကနေ ထုတ်ပြန်လိုက်ပါတယ်။
ဓါတ်ပုံ- Rice Com.
အဆိုပါ အစီရင်ခံစာအရ တောရိုင်းတိရစ္ဆာာန်ထွက်ပစ္စည်းတွေ တရားမဝင် ရောင်းဝယ်ဖောက်ကားနေမှုက မြန်မာနိုင်ငံနဲ့ မဟာမဲခေါင်ဒေသမှာရှိတဲ့ ဇီဝမျိုးစုံမျိုးကွဲတွေအတွက် အကြီးမားဆုံးခြိမ်းခြောက်မှုဖြစ်နေတယ်လို့ သိရပါတယ်။
မြန်မာအပါအဝင် မဲခေါင်ဒေသတွင်း အသက်အန္တရာယ် ခြိမ်းခြောက်ခံနေရတဲ့ ဇီဝမျိုးစုံမျိုးကွဲပေါင်း ၇၉၅ စိတ်ရှိနေပြီးတော့ မျိုးစိတ်ပေါင်း ၁၂၃ စိတ်က အလွန်အကျွံအမဲလိုက်ခြင်းနဲ့ တရားမဝင် ကုန်သွယ်ခြင်းဆိုတဲ့ အန္တရာယ်တွေမှာရောက်နေတယ်လို့ သိရပါတယ်။
“ မြန်မာနိုင်ငံအပါအဝင် ကမ္ဘာတစ်ဝန်းလုံးမှာရှိတဲ့ တောရိုင်းတိရစ္ဆာန်တွေကို မျိုးသုဉ်းမပျောက်ကွယ်အောင် ကာကွယ်စောင့်ရှောက်ဖို့ ဥရောပသမဂ္ဂက သန္နိဌာန်ချထားပါတယ်။ မိုးသစ်တောတွေနဲ့ တောကောင်ကြီးတွေက အမဲလိုက်သတ်ဖြတ်မှုတွေနဲ့ မျိုးသုဉ်းပျောက်ကွယ်တော့မယ့် အန္တရာယ်နဲ့ ရင်ဆိုင်နေရပါတယ်။ မြန်မာ့အဖိုးတန်တွေကို ကာကွယ်ဖို့ ကူညီပေးသွားမှာပါ ” လို့ ဥရာပသမဂ္ဂသံအမတ် ဖြစ်သူ Mr.Kristian Schdmit က ပြောပါတယ်။
မြန်မာနိုင်ငံမှာ ဘေးအန္တရာယ်ကျရောက်နေသော သတ္တဝါမျိုးစိတ်ပေါင်း ၃၃၁ မျိုးရှိနေပြီးတော့ ငှက်မျိုးစိတ်တွေ၊နွားလားတွေ၊ အာရှဆင်၊ Eld မျိုးစိတ်သမင်တွေ၊ ရေချိုလိပ်တွေ၊ သင်းခွေချပ်တွေနဲ့ ကျားတွေပါဝင်နေပါတယ်။
အဲ့ဒီအစီရင်ခံစာကို စာတမ်းပြုစုသူ ၂၈ ဦးနနဲ့ ၂ နှစ်တာ အချိန်ယူသုတေသနပြုခဲ့တာဖြစ်ပြီးတော့ အာရှဒေသ နိုင်ငံပေါင်း ၂၅ နိုင်ငံကျော်မှ အဖွဲ့ပေါင်း ၁၅၀ ကျော်က ပညာရှင် ၃၈၂ ဦးနဲ့ ဆွေးနွေးခဲ့တာဖြစ်ပါတယ်။