ဓာတုပစ္စည်းထုတ်လုပ်ငန်းဖြစ်တဲ့ Clariant နဲ့ Save the Children တို့ပူးပေါင်းပြီးတော့ မြန်မာနိုင်ငံမှာငှက်ဖျားပျံ့ပွားတာကိုရပ်တန့်ဖို့အတွက် အကူအညီပေးဖို့ အတွက်ဆွစ်ဇာလန်ငွေ ၁၅၀၀၀၀ ထောက်ပံံ့လိုက်ပါတယ်။

Photo - Wall Street Journal
အဲ့ဒီလို ဆောင်ရွက်တာကိုတော့ ငဖဲ(မကွေးတိုင်းဒေသကြီး) နဲ့ လှိုင်းဘွဲ့ (ကရင်ပြည်နယ်) တို့မှာ လူထုအခြေပြု ငှက်ဖျားရောဂါတိုက်ဖျက်ရေး၊ ထိန်းချုပ်ရေးနဲ့ လျော့ချရေးဆိုင်ရာစီမံချက်တွေကို ၂၀၂၀ နှစ်ကုန်ပိုင်းအထိ ဆောင်ရွက်မယ်လို့ သိရပါတယ်။
လူဦးရေကြားငှက်ဖျားရောဂါကာကွယ်ဖို့ ၊ ကျေးလက်မှာ ကျန်းမာရေးစနစ်အားကောင်းဖို့ ၊ လူထုဆက်သွယ်ရေးဆိုင်ရာပစ္စည်းတွေထုတ်ဖို့ ရည်ရွယ်တယ်လို့ သိရပါတယ်။
“Save the Children ဟာ မြန်မာနိုင်ငံက ကလေးတွေအတွက် ၂၂ နှစ်ကြာကူညီပေးနေသလို ငှက်ဖျားရောဂါ ပျံ့ပွားမှုကနေ ထိန်းချုပ်ကာကွယ်ဖို့ ပူးပေါင်းခွင့်ရတဲ့အတွက် ဝမ်းသာပါတယ် “ လို့ ” ဟု အာရှပစိဖိတ်၏ Clariant Busniess Unit Masterbatches မှ ဌာနမှူးဖြစ်သူ Chris Hansen က ပြောပါတယ်။
ဒီလိုထောက်ပံ့မှုအပြင် ငှက်ဖျားနဲ့ ခြင်ကြောင့်ဖြစ်တဲ့ အခြားရောဂါတွေနဲ့ နာဖျားမှုတွေကို တိုက်ဖျက်ဖို့ ဘေးအန္တရာယ်ကူညီကယ်ဆယ်ရေးလုပ်ငန်းတွေမှာ အသုံးပြုဖို့ ထုတ်ကုန်တွေအသုံးပြုထားတဲ့ တာာရှည်ခံ ပိုးသတ်ခြင်ထောင်တွေကိုလည်းလှုဒါန်းသွားမယ်လို့ ဆိုပါတယ်။