• မြန်မာနိုင်ငံမှာ ဇူလိုင်ကနေ ဒီဇင်ဘာအထိ နိုင်ငံခြားငွေလိုအပ်မြင့်မားနေ

ဒေါ်လာဈေးတက်ပါတယ်။

မြန်မာနိုင်ငံမှာ ဇူလိုင်လကနေ ဒီဇင်ဘာလအထိနိုင်ငံခြားငွေလိုအပ်ချက်မြင့်မားနေတဲ့ အချိန်ကြောင့် ကျပ်ငွေတန်ဖိုးကျဆင်းတာနဲ့ ဆက်စပ်နေတယ်လို့ သမ္မတရုံးကနေ မြန်မာကျပ်ငွေတန်ဖိုးကျဆင်းမှုနဲ့ ပါတ်သတ်ပြီးတော့ စက်တင်ဘာ ၂၈ ရက်နေ့က ထုတ်ပြန်လိုက်ပါတယ်။

 

IMG_4461.jpeg

Photo - Bearded Wanderer

 

ပြည်တွင်းအခြေအနေနဲ့ စီးပွားရေးမတည်ငြိမ်မှုပြသနာတွေအပြင် စီးပွားရေးနဲ့ ပါတ်သတ်တဲ့အခြေခံအားနည်းချက် တွေရှိနိုင်တယ်လို့ ထုတ်ပြန်ထားပါတယ်။ ကုန်သွယ်မှုအနေနဲ့လည်း ၂၀၁၇- ၁၈ ခုနှစ်က ကုန်သွယ်မှုလိုငွေက အမေရိကန်ဒေါ်လာ ၃ ဒသမ ၈ ဘီလီယံရှိခဲ့ပြီးတော့ လျော့နည်းသွားတဲ့ပမာဏဖြစ်တယ်လို့ ဆိုပါတယ်။

ဒါ့အပြင် ၂၀၁၆ - ၁၇ မှာကုန်သွယ်မှုလိုငွေ ဒေါ်လာ (၅.၂) ဘီလီယံနဲ့ ၁၅-၁၆ ဘဏ္ဍာနှစ်မှာ ကုန်သွယ်မှုလိုငွေ (၅.၄) ဘီလီယံ ရှိပြီးလိုငွေကျဆင်းနေတာကြောင့် ဖိအားတွေ သက်ရောက်မှုများနေတာဖြစ်တယ်လို့ သိရပါတယ်။

မြန်မာနိုင်ငံရဲ့ ရာသီအလိုက် နိုင်ငံခြားငွေလိုအပ်ချက် ပြောင်းလဲမှုရှိပြီးတော့ ဇူလိုင်လကနေ ဒီဇင်ဘာလအထိ နိုင်ငံခြားငွေလိုအပ်ချက်မြင့်မားတဲ့အချိန်ကာလဖြစ်တယ်လို့ ပြောထားပါတယ်။

 

 

ဒေါ်လာဈေးမြင့်တက်နေမှုက အမြင့်ဆုံးဈေး တစ်ဒေါ်လာကို ၁၆၅၀ အထိမြင့်တက်နေခဲ့တာဖြစ်ပြီးတော့ ဒေါ်လာဈေးကစားတဲ့သူတွေကို စစ်ဆေးမယ်လို့ အသံထွက်ပေါ်ပြီးနောက်မှာ အနည်းငယ်ပြန်ကျလာတာဖြစ်ပါတယ်။ အလားတူပဲ စက်သုံးဆီဈေးကလည်း မြင့်တက်နေတာဖြစ်ပြီးတော့ ပို့ဆောင်ရေးစရိတ်ကြီးမြင့်နေမှုကို ပြည်သူတွေ ခံစားနေရတာပဲဖြစ်ပါတယ်။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က