48MP quad camera နဲ့ လာတဲ့ Huawei Nova 7i ကို မလေးရှားဈေးကွက်မှာ မိတ်ဆက်ဖြန့်ချိလိုက်ပါတယ်။
Nova 7i ဟာ ပြီးခဲ့တဲ့ ဒီဇင်ဘာလက တရုတ်မှာ ဖြန့်ချိသွားတဲ့ Nova 6 SEကို တံဆိပ်ပြောင်းထုတ်ထားတာလို့ ဆိုပါတယ်။ ဒီဖုန်းဟာ မျက်နှာပြင် ၆.၄ လက်မ FHD+ display သုံးထားပြီး punch hole ဆယ်လ်ဖီကင်မရာပုံစံနဲ့ လာပါတယ်။ ကျောဘက်မှာ စတုရန်းကွက်ပုံစံ ကင်မရာလေးလုံးတွဲ ဒီဇိုင်း သုံးထားပြီး လက်ဗွေကိုတော့ ဘေးဘောင်မှာ တပ်ဆင်ထားတာပါ။
Photo: nextrift
ဘက်ထရီပါဝါဟာ 4200mAh သုံးထားပြီး 40W super fast charging စနစ် ပံ့ပိုးထားပါတယ်။ Sakura Pink ၊ Midnight Black နဲ့ Crush Green ကာလာ သုံးရောင်နဲ့ လာပြီး EMUI 10 ပါတဲ့ Android 10 အုပ်ထားပါတယ်။ Processor ဟာ Kirin 810 SoC ဖြစ်ပြီး RAM 8GB/128GB storage သုံးထားပါတယ်။ microSD card ကနေ 256GB အထိ ထပ်တိုးဖို့လည်း ပေးထားပါတယ်။
ရှေ့ punch hole ဆယ်လ်ဖီကင်မရာဟာ 16MP ဖြစ်ပြီး ကျောဘက်စတုရန်းကွက်ထဲမှာ 48MP main sensor ၊ 8MP ultrawide ကင်မရာ ၊ 2MP macro ကင်မရာနဲ့ 2MP depth sensor တွေ ထည့်ထားပါတယ်။ မလေးရှားဈေးကွက်မှာ ၁၀၉၉ ရင်းဂစ်(မြန်မာငွေ ၃ သိန်း ၈ သောင်းကျော်) ဈေးနဲ့ ရောင်းချသွားမှာပါ။