ခင်လှိုင်က မွန်ပြည်နယ် ရေဘေးသင့် ပြည်သူတွေဆီသို့ သွားရောက်ပြီး လိုအပ်တာတွေ လှူဒါန်းဖို့အတွက် ပြင်ဆင်နေပါတယ်။ ခရီးစဉ်မှာ သူနဲ့အတူ အနုပညာရှင်များလည်း ပါဝင်သွားမယ်လို့ သိရပါတယ်။
Photo : ခင်လှိုင်
ပရဟိတအလုပ်တွေကို ပိုပြီး လုပ်ကိုင်လာတဲ့ သရုပ်ဆောင် ခင်လှိုင်က သြဂုတ်လ(၂၁) ရက်နေ့မှာ မွန်ပြည်နယ် ရေဘေးသင့် ပြည်သူတွေဆီသို့ သွားရောက်လှူဒါန်းသွားမယ်လို့ ဆိုပါတယ်။ ခင်လှိုင်ဟာ သူ့ရဲ့ ဇဝနဖောင်ဒေးရှင်းနဲ့အတူ (၇) ရက်သားသမီးတွေ စုပေါင်း လှူဒါန်းထားတဲ့ အလှူငွေများကို ဒုတိယအကြိမ် ရေဘေးအလှူမွန်အဖြစ် မွန်ပြည်နယ်ကို သွားမှာ ဖြစ်တယ်လို့ ပြောပါတယ်။ဒီတစ်ခေါက်အလှူမှာ အိမ်ထောင်စု (၂၀၀) ကို လှူဒါန်းနိုင်အောင် စီစဉ်ထားပါတယ်။
“အိမ်ထောင်စု ၂၀၀ ကိုလှူဒါန်းနိုင်အောင်စီစဉ်ထားပါတယ် တစ်အိမ်ထောင်လျှင် ကော်ပုံး ၁ ပုံး၊ မျက်ဖျာ ၁ ချပ်၊ စောင် ၁ ထည်၊ စတီးဇွန်း ၁ ဒါဇင်၊ စတီးဇလုံ ၁ လုံး၊ လောလောဆယ်စီစဉ်ပြီးဝယ်ယူထားပြီးပါပြီ။ဒယ်အိုးများလည်း ထပ်ဝယ်ပြီး လှူချင်ပါသေးတယ်။ ကျွန်တော်တို့မှာရှိသောငွေအားနှင့်မနိုင်သေးလို့ပါ ဒီခရီးစဉ်မှာရေဘေးသင့်ပြည်သူများ စိတ်ဓါတ်ခွန်အားများ ရရှိအောင်အနုပညာရှင်များမှလည်း တေးသီချင်းများဖြင့် ဖျော်ဖြေပေးနိုင်ရန်အတွက် ဖျော်ဖြေရေးကားအသေး တစ်စီးလဲပါမှာဖြစ်ပါတယ်” ဆိုပြီး သြဂုတ်လ(၂၀) ရက်နေ့က ရေးသားထားပါတယ်။
Photo : ခင်လှိုင်
ခင်လှိုင်ဟာ အနုပညာလောကမှာလည်း ပရိသတ်အားပေးမှု ရရှိထားသူ တစ်ဦးဖြစ်ပြီး ကျရာဇာတ်ရုပ်ကို ပီပြင်စွာ သရုပ်ဆောင်နိုင်မှု တွေ ကြောင့် အနုပညာလောကမှာ ယခုချိန်ထိ ရပ်တည်နေနိုင်နေသူလည်း ဖြစ်ပါတယ်။ လက်ရှိမှာလည်း ရုံတင်ပြသလျှက်ရှိတဲ့ ရုပ်ရှင်ဇာတ်ကား ကြီးတွေမှာလည်း ပါဝင်သရုပ်ဆောင်ထားပါသေးတယ်။
Photo : ခင်လှိုင်
အလှူအတန်းနဲ့ ပတ်သက်လာရင်လည်း လက်မနှေးသူတစ်ယောက်လို့ ပြောရမှာပါ။ အမြဲတမ်းလိုလို စတုဒီသာ အလှူတွေ ပြုလုပ်လျက် ရှိပြီး ပြီးခဲ့သောလပိုင်းလောက်က ရေရှားပါးသော နေရာများကို သူကိုယ်တိုင်ဦးစီးပြီး အလှူငွေများကောက်ခံကာ သွားရောက်လှူ ဒါန်းခဲ့တာ ကိုလည်း တွေ့ရပါတယ်။