နေအိမ်ဖောက်ထွင်းခဲ့သူတွေမှာ လက်နက်တွေပါတယ်လို့ သိရပါတယ်။

မန္တလေး၊ ချမ်းမြသာစည်မြို့နယ်မှာ နေအိမ်တစ်အိမ် ဖောက်ထွင်းခံရပြီး ဆိုင်ကယ် ၃ စီး ပါသွားမှု ဒီနေ့မနက်အစောပိုင်းကဖြစ်ပွားခဲ့တယ် လို့သိရပါတယ်။



ဖြစ်စဉ်က ဒီနေ့ဒီဇင်ဘာလ ၂၁ ရက်နေ့ မနက်အစော ၂ နာရီလောက်မှာ ချမ်းမြသာစည်မြို့နယ်က (ဆ)ရပ်ကွက်ရှိ နေအိမ်တစ်အိမ် ကို အမည်မသိသူတွေက ဖောက်ထွင်းဝင်ရောက်ကာ လုယူခဲ့တာဖြစ်တယ်လို့သိရပါတယ်။

" ဟုတ်တယ် ၊သတင်းကြားတယ်။ အိမ်ကိုဖျက်ပြီးဝင်တယ်၊ဆိုင်ကယ်တွေပါသွားတယ်၊ကန်ထဲကအလှမွေးငါးတောင်ယူသွားတယ်ပြောတယ်။ ကိုယ့်အိမ်ကိုနေတာတောင်မလုံခြုံတော့ဘူး။ လုတဲ့သူတွေက လူအင်အားကတောင့်တော့သိရင်တောင် ငြိမ်နေရတဲ့အခြေအနေဖြစ်နေတယ် " လို့ မန္တလေးမြို့ ဒေသခံတစ်ဦးက ပြောပါတယ် ။

 နေအိမ်ဖောက်ထွင်းခဲ့သူတွေမှာ လက်နက်တွေပါတယ်လို့ သိရပြီး တရားခံတွေကိုတော့ ဖမ်းမိကြောင်း မကြားမိသေးဘူးလို့ ဆိုပါတယ်။

ဒီဇင်ဘာလ ၁၉ ရက်နေ့ကလည်း မန္တလေးမြို့ အမှတ် ၄၇၆ ၊လမ်း ၈၀ ၊၂၉ - ၃၀ လမ်းကြားက ဝိန်လီရွှေဆိုင် ဓားပြတိုက်ခံရပြီး ငွေကျပ်သိန်း ပေါင်း ၁၅၀၀၀ ဖိုးရှိ ရွှေထည်ပစ္စည်းတွေ ပါသွားတယ်လို့ သိရပါတယ် ။

နောက်ပြီး ဒီဇင်ဘာလ ၁၇ ရက်နေ့ကလည်း မန္တလေးက ချမ်းမြသာစည်မြို့နယ် မင်္ဂလာမန္တလေးအိမ်ရာ မြေညီထပ်ရှိ ငွေလွှဲလုပ်ငန်း ဆောင်ရွက်တဲ့ က ုမ္ပဏီရုံးခန်းတစ်ခုမှာ ငွေကျပ်သိန်း ၃၀၀၀ ဓားပြတိုက်ခံရမှုဖြစ်ပွားခဲ့တယ်လို့သိရပါတယ်။

အဲ့ဒီဓားပြတိုက်လုယက်မှုနှစ်ခုရဲ့တရားခံတွေကိုလည်း ခုချိန်ထိဖမ်းဆီးရမိတာမျိုးမရှိသေးဘူးလို့သိရပါတယ်။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က