• Featured

    ကျန်းမာရေးဝန်ထမ်းတွေအတွက် အာဟာရကုသိုလ်ပြုခဲ့တဲ့ ခန့်စည်သူ

မန္တလေး အထွေထွေရောဂါကုဆေးရုံကြီးမှာ ကုသိုလ်ပြုခဲ့တာပါ။

သရုပ်ဆောင် ခန့်စည်သူက မန္တလေးအထွေထွေရောဂါကု ဆေးရုံကြီးမှာ COVID-19 ကာကွယ်ရေးတာဝန်ထမ်းဆောင်နေရတဲ့ ကျန်းမာရေးဝန်ထမ်းတွေအတွက် အာဟာရကုသိုလ်ပြုတဲ့အနေနဲ့ အလှူငွေ (၁၀)သိန်း တိတိ လှူဒါန်းခဲ့ပါတယ်။

image

သရုပ်ဆောင် ခန့်စည်သူ ဦးဆောင်တဲ့ မေတ္တာသိင်္ဂဟအဖွဲ့သားတွေ ပူးပေါင်းပြီး မေလ(၁၃) ရက်နေ့က မန္တလေးမြို့ရှိ အထွေထွေရောဂါကု ဆေးရုံကြီးမှာ COVID-19 ကာကွယ်ရေးအတွက် ဆောင်ရွက်နေကြတဲ့ ကျန်းမာရေး ဝန်ထမ်းတွေအတွက် အာဟာက ကုသိုလ်ပြုခဲ့ပါတယ်။

" မန္တလေးမြို့၊အထွေထွေရောဂါကုဆေးရုံကြီးတွင် Coronavirus Disease 2019(Covid-19)ကာကွယ်၊ထိန်းချုပ် ကုသရေး လုပ်ငန်းများအား front liner မှတာဝန်ထမ်းဆောင်နေကြသော ဆရာဝန်များ၊သူနာပြုများ၊ကျန်းမာရေးဝန်ထမ်းများ၏ အာဟာရအတွက် အလှူငွေ (၁၀) သိန်း ကို ဆေးရုံအုပ်ကြီး ဒေါက်တာဒေါ်စုစုဒွေးထံသို့လှူဒါန်းခဲ့ပါတယ်။နိုင်ငံသူ နိုင်ငံသားများ ကျန်းမာ၊ချမ်းသာကြပါစေခင်ဗျာ။ မေတ္တာသင်္ဂဟအဖွဲ့(ရန်ကုန်+မန္တလေး)" ဆိုပြီးတော့ မေလ ၁၃ ရက်နေ့ ည ၈ နာရီကျော်က သူ့ရဲ့ ဖေ့စ်ဘွတ်စာမျက်နှာမှာ ရေးသားခဲ့ပါတယ်။ 

Photo: Khant Si Thu

ခန့်စည်သူကတော့ အလှူအတန်းတွေ အဆက်မပြတ် ဆောင်ရွက်နေသူ ဖြစ်ပြီး သူချစ်ရတဲ့ ပရိသတ်တွေကိုလည်း ကိုယ်တိုင် ခွန်အားပေးစကားပြောခွင့်ရတယ်လို့ Duwun Media အင်တာဗျူးမှာ ဖြေဆိုခဲ့ဖူးပါတယ်။ သူဟာ COVID-19 ကာလမှာ အနုပညာလောကသားတွေထဲက စားဝတ်နေရေးအဆင်မပြေသူများဖြစ်တဲ့ စက်မှုအခြေခံအလွှာ ၊ အမေများအဖွဲ့ တို့ကိုလည်း စားနပ်ရိက္ခာတွေနဲ့ ငွေကြေးထောက်ပံ့မှုများပြုလုပ်ခဲ့သလို ရန်ကုန် ကလေးဆေးရုံကြီး၊ ဝေဘာဂီဆေးရုံ ကြီး တွေမှာလည်း အာဟာရ အလှူဒါနတွေ ပြုလုပ်ခဲ့ပါတယ်။ အဲဒီနောက် တာမွေမြို့နယ်ရှိ အလိုတော်ပြည့် ဘုန်းကြီးကျောင်းမှ စာသင်ကြားနေကြတဲ့ ဆရာ၊ ဆရာမများနဲ့ ကျောင်းသား ကျောင်းသူများအတွက်လည်း စားနပ်ရိက္ခာနဲ့ ငွေကြေးထောက်ပံ့မှုတွေ ပြုလုပ်ခဲ့ပါသေးတယ်။  

Photo: Khant Si Thu

ခန့်စည်သူဟာ အလှူအတန်းနဲ့ ပတ်သက်လာရင် သီဟသုဓမ္မမဏိဇောတဓရ၊ အဘိဓမ္မဓရ အကယ်ဒမီ ခန့်စည်သူဆိုတဲ့ ဘွဲ့ကို လည်း ရရှိထား သူဖြစ်ပါတယ်။ သူဟာ ရုပ်ရှင်ကားကြီးတွေလည်း ဆက်တိုက်ရိုက်ကူးနေရတာဖြစ်သလို သွားရောက်ရိုက်ကူးတဲ့ နယ်မြို့တွေမှာလည်း အမြဲတမ်း အလှူအတန်းတွေ လုပ်ခဲ့တာကို တွေ့ရပါတယ်။ ခန့်စည်သူဟာ ပရဟိတအလုပ်တွေမှာသာမက၊ ဘုရားတည်၊ ကျောင်းဆောက် စတဲ့ အလှူတွေလည်း လုပ်ဆောင်ခဲ့သူ ဖြစ်ပါတယ်။  




ဆက်စပ်အကြောင်းအရာများ

Share

Duwun on Youtube
>
Loading Next Article...
က္က