လီဗာပူးအသင်းခေါင်းဆောင် ဂျော်ဒန်ဟန်ဒါဆင်က ပြီးခဲ့တဲ့ဒီဇင်ဘာလက အနိုင်ယူခဲ့တဲ့ မန်ချက်စတာယူနိုက်တက်နဲ့ မတူတဲ့ မန်ချက်စတာယူနိုက်တက်အသင်းနဲ့ ရင်ဆိုင်ရမှာဖြစ်တယ်လို့ Daily Mail ကို ပြောကြားခဲ့ပါတယ်။
လီဗာပူးအသင်းဟာ မန်ယူကို အနိုင်ယူပြီး အမှတ်ပေးဇယားထိပ်ဆုံးကို ပြန်လည်တက်ရောက်ဖို့ ရည်မှန်းထားပေမယ့် ဟန်ဒါဆင်က တိုးတက်လာတဲ့ မန်ချက်စတာယူနိုက်တက်အသင်းရဲ့ ခြေစွမ်းကို သတိထားမိနေတာဖြစ်ပါတယ်။
ယာယီနည်းပြ ဆိုးလ်ရှားကိုင်တွယ်နေတဲ့ မန်ယူအသင်းဟာ လီဗာပူးအသင်းနဲ့ တွေ့ဆုံပြီးကတည်းက ပရီးမီးယားလိဂ်မှာ ရှုံးပွဲမရှိသေးတဲ့အသင်းဖြစ်ပြီး ၉ ပွဲမှာ ၈ ပွဲနိုင် ၁ ပွဲသရေရလဒ်ရရှိထားတာဖြစ်ပါတယ်။
ဟန်ဒါဆင်က ယနေ့အိုးထရက်ဖို့ဒ်မှာ ရင်ဆိုင်ရမယ့် မန်ချက်စတာယူနိုက်တက်အသင်းဟာ အရင်က မန်ချက်စတာယူနိုက်တက်နဲ့ မတူညီကြောင်းကို သိရှိနေတာဖြစ်ပါတယ်။
“ဒါက အရင်ကနဲ့မတူတဲ့ ယူနိုက်တက်ပါ။ လုံးဝ မတူပါဘူး”
“သူတို့က အခုအချိန်မှာ ပိုပြီးကောင်းမွန်တဲ့အခိုက်အတံ့မှာရှိနေပါတယ်။ ပိုပြီးကောင်းမွန်တဲ့ပုံစံမှာရှိနေပါတယ်။ အားလုံးလည်း မြင်နေတာပဲလေ”
“ချယ်ဆီးနဲ့ကစားခဲ့တဲ့ အက်ဖ်အေပွဲစဉ်က စွမ်းဆောင်ရည်က အရမ်းကောင်းမွန်ပါတယ်။ သူတို့ရဲ့တန်ပြန်တိုက်စစ်က အရမ်းကောင်းမွန်ပြီး ခံစစ်ကလည်း အရမ်းကျစ်လစ်တောင့်တင်းပါတယ်”
“သူတို့က ထိပ်တန်းကစားသမားတွေနဲ့ ကောင်းမွန်တဲ့အသင်းတစ်သင်းပါ။ အိုးထရက်ဖို့ဒ်ကို သွားရောက်ရမှာက ကျွန်တော်တို့အတွက် နောက်ထပ်ခက်ခဲတဲ့စမ်းသပ်မှုဖြစ်လာမှာပါ။ ကျွန်တော်တို့အနေနဲ့ ထိပ်ဆုံးမှာ ရပ်တည်နိုင်ဖို့ လိုပါတယ်။ ဒီပွဲကနေ အမှတ်ရသလောက်ယူသွားမှာပါ”
“အခုအချိန်မှာ ပွဲစဉ်တိုင်းက ကျွန်တော်တို့အတွက် အကြီးမားဆုံးပွဲစဉ်တွေဖြစ်နေပါပြီ။ ကျွန်တော်တို့အတွက် ၃ မှတ်ကလည်း ကြီးမားပါတယ်”လို့ ပြောကြားခဲ့ပါတယ်။
Share